LGBTQI Rights

မာတိကာ

LGBTQI (lesbian= အမျိုးသမီးချင်းချစ်ခင်စုံမက်သူ၊ gay=အမျိုးသားခြင်း ချစ်ခင်စုံမက်သူ၊ bisexual= လိင်တူ လိင်ကွဲနှစ်မျိုးလုံးအား ချစ်ခင်စုံမက်သူ၊ transgender= ဆန့်ကျင်ဘက်လိင်အဖြစ် ပြောင်းလဲထားသူ၊ queer = ထို LGBTQ များအားလုံးကို ခြုံငုံခေါ်ဝေါ်ခြင်း၊ intersex =ဒွိလိင်အဖြစ်မွေးဖွားလာသူ ) ဆိုသည်မှာ လိင်တူခြင်း စွဲဆောင်နှစ်သက်သူ၊ မိမိ၏ မွေးရာပါလိင်ဇာတိ မဟုတ်သော အခြားလိင်ဇာတိကိုခံယူသူများ နှင့် ကျား၊ မ လိင်စိတ် နှစ်မျိုးလုံး ရှိသူများကို ဆိုလိုခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် လူတိုင်းကို ဥပဒေ၏ရှေ့မှောက်တွင် တန်းတူညီမျှအခွင့်အရေးနှင့် တန်းတူညီမျှ ကာကွယ် စောင့်ရှောက်မှုများကို ပေးထားပါသည်။1 ((၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၇။)  သို့သော် LGBTQI ပုဂ္ဂိုလ်များ၏အခွင့်အရေးများကို အကာအကွယ်ပေးသည့်ဥပဒေများ အထူးသဖြင့် LGBTQI များ အပေါ် ခွဲခြားဆက်ဆံခြင်းအား တားမြစ်သည့် ဥပဒေများ ရှိမနေပါ။

လိင်တူချင်းလက်ထပ်သည်ကိုလည်းကောင်း အတူလူမှုရေးအရပေါင်းသင်းနေထိုင်ခြင်းကိုလည်းကောင်း မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများက အသိအမှတ်ပြုလက်ခံထားခြင်းမရှိပါ။

လိင်တူခြင်း လက်ထပ် ထိမ်းမြားခြင်းသည် ဥပဒေအရ တရားဝင်ခြင်း မမြောက်သည်ကို သိရှိသော်လည်း မင်္ဂလာအခမ်းအနားပြုလုပ်ပါက ရာဇသတ်ကြီးအရ တရားစွဲဆိုခြင်းခံရနိုင်ပြီး ထောင်ဒဏ်၊ ငွေဒဏ်များ ချမှတ် ခံရနိုင်ပါ သည်။2 (ရာဇသတ်ကြီးပုဒ်မ ၄၉၆။)

ရာဇသတ်ကြီးတွင် “ဓမ္မတာနှင့်ဆန့်ကျင်သော”3 (ရာဇသတ်ကြီးပုဒ်မ ၃၇၇။)  ကာမစပ်ယှက်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပါသည်။ အဆိုပါဥပဒေသည် အရွယ်ရောက်ပြီးသူနှစ်ဦးမှ နှစ်ဦးနှစ်ဖက်သဘောတူညီခြင်းရှိစေကာမူ ပြစ်မှုအဖြစ်သတ်မှတ်ထားပါသည်။ ရာဇသတ်ကြီးမှ “ဓမ္မတာနှင့်ဆန့်ကျင်သော” ဟူသည့် စကားရပ်ကို အနက်အဓိပ္ပာယ် ဖွင့်ဆိုထားခြင်း မရှိပေ။

ထိုပုဒ်မသည် လိင်တူခြင်းကာမဆိုင်ရာဆက်ဆံမှုများကိုသာ ခွဲခြားအာဏာ သက်ရောက် ကျင့်သုံး လျက် ရှိပါသည်။ အဆိုပါပုဒ်မသည် ရဲအရေးပိုင်သည့်အမှု ဖြစ်နေသည့် အားလျော်စွာ ရဲအရာရှိမှ အဆိုပါပုဒ်မဖြင့် ဖမ်းဆီးမှုကို ပြုလုပ်ရန် ဝရမ်းမလိုအပ်ပါ။

ရာဇသတ်ကြီးတွင် အမျိုးသား မှ အမျိုးသမီး ကို မုဒိန်းမှု ကျူးလွန်သည့် အနေအထားမျိုးကိုသာ ဥပဒေအရ ကာကွယ်ပေးထားသည်။ အလားတူဖြစ်ရပ်မျိုးနှင့် ကြုံတွေ့ရသော အမျိုးသားများအတွက် အကျုံးဝင်ခြင်းမရှိပါ။4 (ရာဇသတ်ကြီးပုဒ်မ ၃၇၅။)

(၁၉၄၅) ရဲအက်ဥပဒေ အရ ပုဒ်မများ၊ ပြဌာန်းချက်များကို ရဲအရာရှိများက အလွဲသုံးပြီး LGBTQI ပုဂ္ဂိုလ်များကို နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက် ငွေညှစ်ခြင်းများ ပြုလုပ်လေ့ ရှိပါသည်။

ရဲအက်ဥပဒေတွင် မှောင်ရိပ်ခိုသောသဘောဖြင့် နေဝင်နေထွက်ကြား မိမိရောက်ရှိနေသောရာတွင် အဘယ်ကြောင့်ရောက်ရှိနေကြာင်း ကျေနပ်အောင် မရှင်းပြနိုင်လျှင်ထိုသူကို ဝရမ်းမပါဘဲ ဖမ်းဆီးခွင့် ပေးထားပါသည်။5 ((၁၉၄၅)ရဲအက်ဥပဒေပုဒ်မ၃၅(ဂ)။ (၁၈၉၉)ရန်ကုန်ရဲအက်ဥပဒေပုဒ်မ၃၀(ဂ)။)

ထိုဥပဒေပုဒ်မကို ဆန့်ကျင်ဘက်လိင်အဖြစ် ပြောင်းလဲဝတ်ဆင်သူများအား ဖမ်းဆီးရာတွင် အများဆုံး အသုံးပြုပါသည်။ထို့အပြင် ရဲအက်ဥပဒေသည် အဆောက်အဦးများအကြားတွင်ရောက်ရှိနေသူတစ်ဦးက ထိုနေရာသို့ရောက်ရှိနေရခြင်း၏ အကြောင်းအရင်းကို ကျေနပ်အောင် မရှင်းပြနိုင်လျှင် ထိုသူအား ဝရမ်းမပါဘဲ ဖမ်းဆီး နိုင်ခွင့်ကို ပေးထားပါသည်။6 ((၁၉၄၅)ရဲအက်ဥပဒေပုဒ်မ၃၅(ဃ)။ (၁၈၉၉)ရန်ကုန်ရဲအက်ဥပဒေပုဒ်မ၃၀(ဃ)။)

အများပြည်သူကို စိတ်အနှောင့်အယှက်ဖြစ်အောင်ပြုခြင်းနှင့် ညစ်ညမ်းသော အမှုပြုခြင်းများကို ဥပဒေများတွင် တိတိ ကျကျ ရှင်းရှင်းလင်းလင်း အနက်အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိပေ။ ယင်းအတွက်ကြောင့် LGBTQI ပုဂ္ဂိုလ်များကို ခွဲခြားဆက်ဆံခြင်း၊ တရားလက်လွတ် ပစ်မှတ်ထားဖမ်းဆီးခြင်းတို့၏ သားကောင်ဖြစ်စေ ပါသည်။

ရာဇသတ်ကြီးတွင် အများပြည်သူအနှောင့်အယှက်ဖြစ်အောင် ဆက်လက်ကျူးလွန်သူကို ရဲအရာရှိမှ ဝရမ်း မပါဘဲ ဖမ်းဆီး နိုင်ပါသည်။7 (ရာဇသတ်ကြီးပုဒ်မ ၂၉၁။)  ညစ်ညမ်းသောအရာများ၊ ပစ္စည်းများကို ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ အများပြည်သူသိအောင် ပြသခြင်း နှင့် လက်ဝယ်ထားရှိခြင်းသည်ပင် ဥပဒေနှင့်ဆန့်ကျင်နေပါသည်။8 (ရာဇသတ်ကြီးပုဒ်မ ၂၉၂(က)။)

တည်ဆဲဥပဒေများအရ အကာအကွယ်မဲ့ခြင်း တို့ကြောင့် LGBTQI ပုဂ္ဂိုလ်များအား ထိခိုက်နစ်နာမှုများရှိနေသည်။ ထို့အပြင် ဆန့်ကျင်ဘက်လိင်အဖြစ် ပြောင်းလဲထားသူများအနေဖြင့်လည်း “သင်းကွပ်ခြင်း” ကိုတားမြစ်ထားသည့် ဥပဒေကြောင့် ခွဲခြားဆက်ဆံမှုများ ကြုံတွေ့ရလေ့ရှိသည်။

အမျိုးသားလိင်အင်္ဂါကို ဖယ်ရှား၍ လိင်ပြောင်းလဲရန် ခွဲစိတ်ပေးသော ဆရာဝန်များသည် ရာဇသတ်ကြီး အရ ‘သင်းကွပ်ခြင်း’ ကို အပြင်းအထန် နာကျင်စေမှု ပုဒ်မအောက်ရှိ ပြဌာန်းချက်နှင့်အညီ တရားစွဲဆိုခြင်း ခံရနိုင်ပါသည်။9 (ရာဇသတ်ကြီးပုဒ်မ ၃၂၀။)

  • (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေ
  • ၁၉၉၅ ပြည်သူ့ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေ (၁၉၉၇ ပြင်ဆင်ချက်)
  • ရာဇသတ်ကြီးဥပဒေ
  • (၁၉၄၅)ရဲအက်ဥပဒေ
  • (၁၈၉၉)ရန်ကုန်ရဲအက်ဥပဒေ