လယ်ယာမြေဥပဒေ

မာတိကာ

မြန်မာနိုင်ငံသားတိုင်းတွင် မြေ၊ အိမ်၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ရှိပါသည်။1 ((၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇၂။)  သို့သော် နိုင်ငံတော် သည် မြေအားလုံး၏ ပင်ရင်း ပိုင်ရှင်ဖြစ်ပါသည်။2 ((၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၇(က)။)

အစိုးရသည် အများပြည်သူအကျိုးစီးပွားအတွက် မည်သည့်မြေကိုမဆို သိမ်းဆည်းခြင်း၊ အသုံးချခြင်းများ ပြုလုပ် နိုင်ပါသည်။ သို့သော် မြေနှင့်ပတ်သက်၍အကျိုးခံစားခွင့်ရှိသူ ၊ လုပ်ပိုင်ခွင့်ရှိသူမှ မြေသိမ်းခံရခြင်းကြောင့် ဖြစ်ပေါ် လာသော ဆုံးရှုံးနစ်နာမှုများအတွက် လျော်ကြေး၊ နစ်နာကြေး ရပိုင်ခွင့်ရှိပါသည်။3 ((၁၈၉၄)မြေသိမ်းဆည်းရေးအက်ဥပဒေ။)

မြန်မာဓလေ့ထုံးတမ်းဥပဒေ၊ ဟိန္ဒူ၊ ခရစ်ယာန်နှင့် အစ္စလာမ်ဓလေ့ထုံးတမ်းဥပဒေများသည် မြေနှင့်ပစ္စည်းဥစ္စာ လွှဲပြောင်းခြင်းများအပေါ် များစွာလွှမ်းမိုးမှုရှိပါသည်။

သို့သော် သာမန်မြေနှင့်ပစ္စည်းဥစ္စာလွှဲပြောင်းခြင်းများ ဖြစ်သည့် ရောင်းချခြင်း၊ ဌားရမ်းခြင်း၊ ပေါင်နှံခြင်း များကိုမူ တည်ဆဲဥပဒေများဖြစ်သည့် ပဋိဉာဉ်ဥပဒေ၊ လယ်ယာမြေဥပဒေ၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများ လွှဲပြောင်းခြင်းဥပဒေ အစရှိသည့် ဥပဒေများနှင့်အညီ ဆောင်ရွက်ရပါသည်။

ဒေသန္တရရိုးရာဓလေ့ မြေအသုံးပြုမှုများကို အမျိုးသားမြေယာအသုံးချမှု မူဝါဒ4 ((၂၀၁၆)အမျိုးသားမြေအသုံးချရေးမူဝါဒ အပိုဒ်၆(ဂ)။)  က အသိအမှတ်ပြုထား သော်လည်းယင်းသို့ ဒေသန္တရရိုးရာမြေအသုံးပြုမှုများကို မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများက အသိအမှတ်ပြု လက်ခံထားခြင်း မရှိချေ။

မိမိ၏မြေနှင့်ပတ်သက်သော အခွင့်အရေးများကို ကာကွယ်နိုင်ရန်အတွက် အရေးကြီးဆုံး လုပ်ဆောင်ရမည့် အချက်မှာ အဆိုပါမြေကို သက်ဆိုင်ရာအစိုးရဌာန၊ အာဏာပိုင်များထံတွင် မှတ်ပုံတင်သွင်းခြင်းဖြစ်ပါသည်။

မြေအမျိုးအစား အစိုးရဌာန
လယ်ယာမြေ လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန
သစ်တောမြေ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာန – သစ်တောဝန်ကြီးဌာန
မြို့မြေ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေ/အုပ်) နှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန
မြေလွတ်၊ မြေလပ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေး ဗဟိုဌာန
ကျေးရွာမြေ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေ/အုပ်) နှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန
မြေရိုင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲရေး ဗဟိုဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန

မြေကိုမှတ်ပုံတင်သွင်းထားခြင်းဖြင့် အစိုးရ၏တရားဝင်မြေသိမ်းဆည်းမှုမှ ကင်းလွတ်ခွင့် မရနိုင်သော်လည်း မြေသိမ်းဆည်းခံရသည့်အခါ ခိုင်လုံကောင်းမွန်သော လျော်ကြေးနစ်နာကြေးနှင့် ပြန်လည်နေရာချထားပေးခြင်း များကို ရရှိနိုင်ပါသည်။

မိမိတွင်ရှိထားသော မြေအမျိုးအစားအလိုက် မြေကိုမှတ်ပုံတင်သွင်းရမည့် နည်းလမ်းများ ကွဲပြားသွားမည် ဖြစ်ပါသည်။ အသုံးအများဆုံးမြေအမျိုးအစားများမှာ

 

  • မြို့နှင့်ကျေးရွာမြေများ
  • လယ်ယာမြေ
  • သစ်တောမြေ
  • မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း တို့ဖြစ်ပါသည်။

 

ယခုကဏ္ဍတွင် ထည့်သွင်းဖော်ပြထားခြင်းမရှိသော အခြားမြေအမျိုးအစားများမှာ တပ်မြို့နှင့် တပ်မြေများ၊ သာသနာပိုင်မြေများ၊ သတ္တုတွင်းမြေများနှင့် ဘိုးဘွားပိုင်မြေတို့ဖြစ်ပါသည်။

မိမိပိုင်ဆိုင်ထားသော မြေအမျိုးအစားကိုသိလိုပါက သက်ဆိုင်ရာ မြို့နယ်အဆင့်အာဏာပိုင် များထံသွားရောက် စုံစမ်းမေးမြန်းနိုင်ပါသည်။

  • မြေအသုံးချခွင့်လက်မှတ်ကို ကိုင်ဆောင်ထားသူအတွက် မှတ်ပုံတင်မှတ်တမ်းစာရင်းကို မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့မှ ထိမ်းသိမ်းထားပါသည်။
  • ဒေသခံပြည်သူအစုအဖွဲ့အတွက်အသုံးပြုသော မြေများ အပါအဝင် သစ်တောမြေစာရင်း မှတ်တမ်းများကို သစ်တောဦးစီးဌာနမှ ထိန်းသိမ်းထားရှိပါသည်။
  • ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များတွင် သက်ဆိုင်ရာ စည်ပင်သာယာရေး ကော်မတီ သို့မဟုတ် ကောင်စီများက မြေစာရင်းမှတ်တမ်းများကို ထိန်းသိမ်းထားရှိပါသည်။

မြို့နှင့်ကျေးရွာမြေများတွင် ဂရံမြေများ အများဆုံးပါဝင်တတ်ပါသည်။ မြို့၏ နယ်နမိတ်ပြင်ပတွင် ကျေးရွာမြေများရှိပါသည်။

မြို့နှင့်ကျေးရွာမြေများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ထွေ/အုပ်)နှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန တို့မှစီမံခန့်ခွဲပါသည်။

ရန်ကုန်နှင့် မန္တလေးတွင် မြို့တော်စည်ပင်သာယာရေးကော်မတီမှ မြေများကို စီမံခန့်ခွဲပါသည်။ နေပြည်တော်ရှိ မြေများ ကိုမူ နေပြည်တော်ကောင်စီမှ စီမံခန့်ခွဲပါသည်။

မြေယာမှတ်တမ်းများကို သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှုးရုံးများတွင် စစ်ဆေးနိုင်ပါသည်။.

မြေနှင့်သက်ဆိုင်သောအခွင့်အရေးများကို ကာကွယ်နိုင်ရန် သက်ဆိုင်ရာ စာချုပ်စာတမ်းများ အခိုင်အမာ ချုပ်ဆိုခြင်း၊ ပိုင်ရှင်အမည်ပေါက်ပြောင်းလဲခြင်း အစရှိသည်တို့ကို သက်ဆိုင်ရာ ဌာနဆိုင်ရာကော်မတီများ သို့မဟုတ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာတို့တွင် သွားရောက် ဆောင်ရွက်သင့် ပါသည်။ မိသားစုဝင်များအကြား အမွေဆက်ခံရာမှ ရရှိလာသော ပစ္စည်းဥစ္စာများကိုလည်း ထိုသို့ အမည်ပေါက် ရရှိအောင် ဆောင်ရွက်သင့်ပါသည်။

လျှောက်ထားသူတွင်ရှိရမည့် လိုအပ်ချက်များ

လယ်ယာမြေကိုမှတ်ပုံတင်သွင်းရန် လျှောက်ထားသူသည် အောက်ဖော်ပြပါ အချက်အလက်များနှင့် ပြည်စုံရပါမည်။5 ((အမိန့်ကြော်ငြာစာအမှတ် ၆၂/၂၀၁၂) လယ်ယာမြေနည်းဥပဒေများ ပုဒ်မ၃။)

  • မြန်မာနိုင်ငံသားဖြစ်ရမည်။
  • အသက် ၁၈ နှစ်ပြည့်ပြီးသူဖြစ်ရမည်။
  • အိမ်ထောင်စုစာရင်းတွင် ပါဝင်သူဖြစ်ရမည်။
  • သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှုး၏ ထောက်ခံစာနှင့် လယ်နီးချင်းသက်သေနှစ်ဦး၏ ထောက်ခံစာများ လိုအပ်ပါသည်။

 

လုပ်ထုံးလုပ်နည်းများ

လယ်ယာမြေနည်းဥပဒေတွင် လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်ရရှိအောင် မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို ဖော်ပြထားပါသည်6 ((အမိန့်ကြော်ငြာစာအမှတ် ၆၂/၂၀၁၂) လယ်ယာမြေနည်းဥပဒေများ။)

  1. ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ပြီး လယ်မြေလုပ်ပိုင်ခွင့်လက်မှတ် လျှောက်ထားရန် လျှောက်လွှာပုံစံ (ပုံစံ-၁) ကို အခမဲ့ ရယူပါ။7 ((အမိန့်ကြော်ငြာစာအမှတ် ၆၂/၂၀၁၂) လယ်ယာမြေနည်းဥပဒေများ ပုဒ်မ၃။)
  2. ထို ပုံစံ-၁ လျှောက်လွှာကို အခွန်ပြေစာများ၊ စာချုပ်စာတမ်းများ၊ ယခင်ကတည်းယင်းမြေတွင် လုပ်ကိုင် ဆောင်ရွက်နေကြောင်းစသည့် အထောက်အထားစာရွက်များနှင့်တကွ ရပ်ကွက်နှင့်ကျေးရွာ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ တစ်ဆင့် မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနသို့ တင်သွင်းလျှောက်ထားရမည် ဖြစ်ပါသည်။
  3. အကယ်၍ ပုံစံ ၁၀၅8 (ပုံစံ ၁၀၅ ကို လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနတွင် ထုတ်ယူနိုင်ပါသည်။)  ရှိထားပြီးပါက ပုံစံ-၁ လျှောက်ထားမှုတွင် ပူးတွဲတင်ပြသင့်ပါသည်။ သို့မဟုတ်ပါက လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ထုတ်ပေးခြင်း မပြုမီ ထပ်မံစစ်ဆေး စိစစ်ခြင်း၊ မြေပုံရေးဆွဲခြင်းများကို ဆောင်ရွက်လိမ့်မည်ဖြစ်ပါသည်။9 ((အမိန့်ကြော်ငြာစာအမှတ် ၆၂/၂၀၁၂) လယ်ယာမြေနည်းဥပဒေများ ပုဒ်မ၇။)
  4. ကန့်ကွက်နိုင်ကြောင်းကြေညာစာကို လယ်မြေတည်ရှိရာမြို့နယ်ရှိ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်း ဦးစီး ဌာနနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှုးရုံးများတွင် ကြေညာထားမည်ဖြစ်ပါသည်။10 ((အမိန့်ကြော်ငြာစာအမှတ် ၆၂/၂၀၁၂) လယ်ယာမြေနည်းဥပဒေများ ပုဒ်မ၆(ခ)။)

 

လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်

အကယ်၍ တစ်စုံတစ်ရာကန့်ကွက်ခြင်း မရှိပါက မှတ်ပုံတင်ကြေး ပေးဆောင်စေကာ လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် (ပုံစံ-၇)ကို ရပ်ကွက်/ကျေးရွာ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့မှ ထုတ်ပေးရပါမည်။11 ((၂၀၁၂) လယ်ယာမြေဥပဒေ ပုဒ်မ ၆။)

လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိထားသူသည် ယင်းလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ ငှားရမ်းခြင်း၊ ချေးငွေရယူခြင်း အစရှိသည်တို့ကို ပြုလုပ်နိုင်ပါသည်။ ယင်းသို့ပြုလုပ်တိုင်း လိုအပ်သော တံဆိပ်ခေါင်းခွန်၊ မှတ်ပုံတင်ကြေးတို့ကို ပေးဆာင်ရမည်ဖြစ်ပါသည်။

 

လယ်ယာမြေလုပ်ပိုင်ခွင့် စည်းကမ်းချက်များ

လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ကို ထုတ်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် လုပ်ပိုင်ခွင့်ရရှိသူသည် လုပ်ပိုင်ခွင့် စည်းကမ်းချက်များကို မဖြစ်မနေလိုက်နာရမည်ဖြစ်ပါသည်။

ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့တွင် မှတ်ပုံတင်သွင်းခြင်းမရှိဘဲ ခွင့်ပြုထားသည့်နည်းလမ်းမှအပ မြေကို အခြားနည်းအသုံးပြုပါက ထိုမြေပေါ်မှ ဖယ်ရှားခံရခြင်း၊ ဒဏ်ငွေ အပြင် ထောင်ဒဏ်ပါ ချမှတ်ခြင်းခံရနိုင် ပါသည်။12 ((၂၀၁၂) လယ်ယာမြေဥပဒေ ပုဒ်မ ၁၉-၂၁။)

  • ခွင့်ပြုမိန့်တွင်ပါရှိသော သီးနှံမဟုတ်ဘဲ အခြားသီးနှံစိုက်ပျိုးသည်ကို မှတ်ပုံတင်သွင်းရန် ပျက်ကွက်ခြင်း၊
  • မြေကို စွန့်ပစ်ထားခြင်း သို့မဟုတ် ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ မြေကို အသုံးမပြုဘဲ ထားခြင်းတို့ ပါဝင်ပါသည်။

 

အငြင်းပွားမှုများ

လယ်ယာမြေအငြင်းပွားမှုများကို ရပ်ကွက်နှင့်ကျေးရွာအဆင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ကိုင်တွယ်ပါသည်13 ((၂၀၁၂) လယ်ယာမြေဥပဒေ ပုဒ်မ ၂၂။) ယင်းအဖွဲ့၏ဆုံးဖြတ်ချက်ကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ အယူခံတင်သွင်းနိုင်ပါသည်။14 ((၂၀၁၂) လယ်ယာမြေဥပဒေ ပုဒ်မ ၂၃။)

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးသတ်ဖြစ်ပြီး အယူခံ၍ မရနိုင်ပါ။15 ((၂၀၁၂) လယ်ယာမြေဥပဒေ ပုဒ်မ ၂၅(ဂ))

ဒေသခံပြည်သူအစုအဖွဲ့တစ်ခုသည် ၄င်းတို့အနီးနားတွင်ရှိသော သစ်တောမြေတစ်ရပ်ကို (ကျွန်းသစ်၊ အပင် နှင့် တိရစ္ဆာန်များ) အစရှိသည့် အရာများကို ထုတ်ယူသုံးစွဲနိုင်ရန် ဘုံအရင်းအမြစ် ထားရှိ အသုံးပြုလိုပါက စီမံခန့်ခွဲမှု ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး သက်ဆိုင်ရာ မြို့နယ်သစ်တောဦးစီးဌာနတွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်း ဆောင်ရွက် ခွင့်ကို လျှောက်ထားရပါမည်။16 ((၂၀၁၆) ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များ)

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းကို အနှစ် ၃၀ အထိ ခွင့်ပြုနိုင်ပြီး ခရိုင်သစ်တောအရာရှိ ၏ ခွင့်ပြုချက်ဖြင့် နောက်ထပ် နှစ် ၃၀ အထိ သက်တမ်းတိုးနိုင်ပါသည်။17 ((၂၀၁၆) ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များ ပုဒ်မ၁၄။)

ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောအား အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် (Management Plan) ကို သစ်တောဦးစီး ဌာနသို့တင်ပြရမည်။18 ((၂၀၁၆) ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များ ပုဒ်မ၁၅။)

အဆိုပါ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်ကို အတည်ပြုလိုက်ပါက ခရိုင်သစ်တောဦးစီးဌာနမှ နည်းပညာနှင့် အခြား အရေးပါသော အကူအညီများကို တောင်းခံနိုင်ပါသည်။19 ((၂၀၁၆) ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များ ပုဒ်မ၂၀။)

သစ်တောဦးစီးဌာနသည် အောက်ပါအခြေအနေများတွင် ဥပဒေဆိုင်ရာအကူအညီများကို ပေးရမည်ဖြစ်သည်။

  • တရားမဝင်ကျူးကျော်ဝင်ရောက်ခြင်း၊ တရားမဝင် သစ်နှင့်သစ်တောထွက်ပစ္စည်းများထုတ်ယူခြင်း၊ ဖျက်ဆီးခြင်း
  • အခြားစီမံကိန်းများဆောင်ရွက်မှုကြောင့် သစ်တောသစ်ပင် သို့မဟုတ် သီးနှံပင်များ ဆုံးရှုံးသွားပါက ထိုနစ်နာ ဆုံးရှုံးမှုများအတွက် နစ်နာကြေးတောင်းဆိုခြင်း

အကယ်၍ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ လိုက်နာခြင်းမပြုပါက သစ်တောလုပ်ငန်း ဆောင်ရွက်ခွင့် ကို ရုပ်သိမ်းနိုင်သည်။

  • အစိုးရမှ
    • မူလပိုင်ရှင်မှ စွန့်လွတ်လိုက် (မြေလွတ်နှင့်မြေလပ်)သောကြောင့်လည်းကောင်း
    • အခြားသူတစ်ဦးတစ်ယောက်မှ တစ်ကြိမ်တစ်ခါမျှ စိုက်ပျိုးလုပ်ခဲ့ခြင်းမရှိသောမြေဟု လည်းကောင်း

    မှတ်ယူထားသော မြေကို လုပ်ငန်းလုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်ပေးပါရန် လျှောက်ထားနိုင်ပြီး၊ ဧက ၅၀ အထိ လျှောက်ထားနိုင်ပါသည်။

    မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများတွင် လုပ်ငန်းလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်လျှောက်ထားလွှာပုံစံ နှင့် အခကြေးငွေကို သက်ဆိုင်ရာမြို့နယ်အဆင့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်း စီမံခန့်ခွဲမှုကော်မတီမှ တစ်ဆင့် လျှောက်ထားနိုင်ပါသည်။

    အကယ်၍ ခွင့်ပြုပါက ယင်းမြေပေါ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရာသီသီးနှံများ စိုက်ပျိုးပြီးယင်းမြေကို အကျိုးရှိစွာ အသုံးပြုနိုင်ပါသည်။22 ((၂၀၁၂) မြေလွတ်၊မြေလပ်၊နှင့်မြေရိုင်း စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၄။)

    မွေးမြူရေး၊ စိုက်ပျိုးရေးနှင့် ဥယျာဉ်ခြံ သီးနှံစိုက်ပျိုးရေးဖြစ်လျှင် ခွင့်ပြုမိန့်ကို အနစ် ၃၀ အထိ နှင့် ရာသီသီးနှံများကို သတ်မှတ်ထားသည့် စည်းကမ်းချက်များ မဖောက်ဖျက်သရွေ့ လုပ်ကိုင် ဆောင်ရွက်နိုင်ပါသည်။23 (မြေလွတ်၊မြေလပ်၊နှင့်မြေရိုင်း စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၃၅(က)-(ခ)။)

    သတ်မှတ်ထားသော စည်းကမ်းချက်များတွင် မြေခွန်ပေးဆောင်ရန် ၊ မြေပေါ်မြေအောက် သယံဇာတများ ထုတ်ယူခြင်းမပြုရန်၊ မြေကိုအလွတ်ထားရှိခြင်းမပြုရန် အစရှိသည့်အချက်များပါဝင်ပါသည်။24 (မြေလွတ်၊မြေလပ်၊နှင့်မြေရိုင်း စီမံခန့်ခွဲရေးဥပဒေပုဒ်မ၄၅(က)-(စ)။)

    အစိုးရ၏ခွင့်ပြုချက်မပါရှိဘဲ မြေလွတ်၊ မြေလပ်၊ မြေရိုင်းများကို ပေးကမ်းခြင်း၊ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ အခြားနည်းလွှဲပြောင်းခြင်း၊ ခွဲဝေခြင်းများ ပြုလုပ်ခွင့်မရှိပါ။

    ဗဟိုကော်မတီနှင့် လုပ်ငန်းအဖွဲ့အဆင့်ဆင့်တို့သည် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများနှင့် ပတ်သက်သော အငြင်းပွားမှု အားလုံးကို ကိုင်တွယ်ဖြေရှင်းမည်ဖြစ်ပြီး အဆုံးအဖြတ်ကို အယူခံဝင်ခွင့်မရှိပါ။

အစိုးရမှ မြေသိမ်းခြင်း

“အများပြည်သူအကျိုးစီးပွား” အတွက် အစိုးရအာဏာပိုင်များမှတာဝန်ယူအကောင်အထည်ဖော်သော စီမံကိန်းများ အတွက် မြေကိုသိမ်းယူနိုင်ပါသည်။ ထိုသို့သိမ်းယူရာတွင် ယာယီဖြစ်စေ၊ အမြဲတစေဖြစ်စေ သိမ်းယူနိုင်ပြီး နည်းလမ်းတကျ မှတ်ပုံတင်သွင်းထားသော မြေ ဖြစ်မဖြစ် နှင့် မသက်ဆိုင်ပါ။25 ((၁၈၉၄)မြေသိမ်းဆည်းရေးအက်ဥပဒေ ပုဒ်မ ၄(၁)။)  ယာယီမြေသိမ်းယူခြင်းသည် ကာလအားဖြင့် ၃ နှစ်ထက် မပိုသင့်ပေ။26 ((၁၈၉၄)မြေသိမ်းဆည်းရေးအက်ဥပဒေ ပုဒ်မ ၃၅(၁)။)

၁၈၉၄ခုနှစ်မြေသိမ်းဆည်းရေးအက်ဥပဒေတွင်အစိုးရမှဥပဒေနှင့်အညီ မြေသိမ်းဆည်းနိုင်ရန်အတွက် လုပ်ထုံးလုပ်နည်း များကို အတိအကျ သတ်မှတ် ပြဌာန်းထားပါသည်။ သို့သော် “အရေးပေါ်” မြေသိမ်းဆည်းမှုများအတွက် အထူး ခြွင်းချက် များလည်း ရှိပါသည်။27 ((၁၈၉၄)မြေသိမ်းဆည်းရေးအက်ဥပဒေ ပုဒ်မ ၁၇။)

  • အစိုးရအနေဖြင့် မြေသိမ်းလိုကြောင်း ရေးသားထားသည့် အသိပေး အကြောင်းကြားစာကို ယင်းမြေနှင့်အကျိုး သက်ဆိုင် သူထံ မဖြစ်မနေ ပေးရမည်။28   ယင်းမြေဥပစာအတွင်းသို့ ဝင်ရောက်ခြင်းမပြုမီ နေထိုင်သူများထံသို့လည်း ကြိုတင် အသိပေးရမည်။29
  • မြေသိမ်းခြင်းကို ကန့်ကွက်လိုသူများအနေဖြင့် ကန့်ကွက်လွှာ ရေးသားတင်သွင်းနိုင်သည်။30 ကန့်ကွက်သူအနေဖြင့် ထိုမြေအပေါ် မိမိ ပိုင်ဆိုင်ခွင့်နှင့် ယခင်က အသုံးပြုမှုများအပေါ် သက်သေအထောက်အထားများတင်ပြရန်လိုအပ်မည်ဖြစ်သည်။
  • ထပ်မံကန့်ကွက်လိုပါက ထိုအငြင်းပွားမှုကို တရားရုံးသို့နည်းလမ်းတကျ တင်သွင်းကာ ကန့်ကွက်နိုင် ပါသည်။31
  • မြေသိမ်းမှုများကို အခြားနည်းလမ်းများဖြင့်လည်း ဖြေရှင်းဆောင်ရွက်နိုင်ပါသည်။ ဥပဒေဆိုင်ရာအထောက် အကူပြုသူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ တိုင်ကြားရန် နှင့် လျော်ကြေးနစ်နာကြေး တောင်းဆိုရန် အကူအညီ ပေးနိုင်ပါသည်။

 

အစိုးရမှ မြေသိမ်းသည့်အခါ လျော်ကြေးငွေ တောင်းခံခြင်း

အစိုးရမှ ဥပဒေနှင့်အညီ မြေသိမ်းယူသောအခါ သိမ်းယူလိုက်သည့်မြေနှင့် အကျိုး၊အခွင့် သက်ဆိုင်သူများကို မဖြစ်မနေလျော်ကြေးငွေပေးရမည်ဖြစ်သည်။

အကယ်၍ အစိုးရမှ သတ်မှတ်ပေးသော လျော်ကြေးငွေကို သဘောမတူ ကန့်ကွက်ပါက တရားရုံးမှ လျော်ကြေးငွေကို သတ်မှတ်တွက်ချက်မည်ဖြစ်သည်။32 ((၁၈၉၄)မြေသိမ်းဆည်းရေးအက်ဥပဒေ ပုဒ်မ ၂၃။)  လျော်ကြေးငွေသတ်မှတ်ရာတွင် အောက်ပါ အချက်များ အပေါ် အခြေခံပြီးတွက်ရပါသည်။

  1. အမိန့်ကြေငြာစာထုတ်ပြန်သည့်နေ့က တည်ရှိနေသည့် ထိုမြေ၏ ကာလပေါက်စျေး
  2. သီးနှံနှင့်အခြားပစ္စည်းများ ထိခိုက်ပျက်စီးမှု
  3. ပြောင်းရွှေ့စားရိတ် တို့ဖြစ်ပါသည်။

၂ဝ၁၂ ခုနှစ် လယ်ယာမြေဥပဒေအရ အစိုးရအနေဖြင့် လျော်ကြေးငွေကို မြေအသိမ်းခံရသည့်သူအား နစ်နာမှု လုံးဝမရှိဘဲ ပေးအပ်ရမည်ဖြစ်သည်။33 ((၂၀၁၂)လယ်ယာမြေဥပဒေ ပုဒ်မ ၂၆။)

 

ကုမ္ပဏီမှ မြေသိမ်းခြင်း

“အများပြည်သူအကျိုး” အတွက် အစိုးရ၏ခွင့်ပြုချက်ဖြင့် ကုမ္ပဏီမှ မြေသိမ်းယူနိုင်ပါသည်။34 (Land Acquisition Act (1894) §38)

ထို့သို့ ကုမ္ပဏီမှ မြေသိမ်းယူရာတွင် အစိုးရမှ မြေသိမ်းဆည်းရာတွင် လိုက်နာရသည့် လုပ်ထုံးလုပ်နည်း၊ အမိန့်ကြေညာစာများ အားလုံးကို လိုက်နာဆောင်ရွက်ရပါသည်။

မြေသိမ်းဆည်းခြင်းကို ကန့်ကွက်ရန်အတွက် တိုင်ကြားစာ/ကန့်ကွက်လွှာကို သက်ဆိုင်ရာ ကျေးရွာနှင့် ရပ်ကွက် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့များမှတစ်ဆင့် တင်သွင်းနိုင်ပါသည်။

အကယ်၍ ကုမ္ပဏီနှင့် သက်ဆိုင်ရာတာဝန်ရှိသူများသည် ဥပဒေနှင့်အညီ ဆောင်ရွက်ရန်ပျက်ကွက်ပါက ၄င်းတို့အပေါ် ပြစ်မှုကြောင်း၊ တရားမကြောင်းများဖြင့် ပြန်လည်တရားစွဲဆိုကာ ကုစားမှုကို ရယူနိုင်ပါသည်။

ဥပမာအားဖြင့် လူတစ်ယောက်သည် ခြောက်လှန့်ရန်၊ စော်ကားရန် သို့ဟုတ် စိတ်ငြိုငြင်စေရန် အကြံဖြင့် အခြားသူ ပိုင်ဆိုင်သော မြေရာဥပစာ အတွင်း သို့ ဝင်ရောက်ခြင်း သို့မဟုတ် ဥပဒေနှင့်ဆန့်ကျင်ပြီး ဆက်လက် နေထိုင်ခြင်း သည် ရာဇဝတ်မှု ဖြစ်သည်။35 (ရာဇသတ်ကြီး ပုဒ်မ ၄၄၁။)

အခြားသူပိုင်ဆိုင်သော မြေယာ ကို ထိခိုက်ပျက်စီးစေခြင်းသည်လည်း ရာဇဝတ်မှုပင်ဖြစ်သည်။36 ((၁၈၆၀) ရာဇသတ်ကြီး ပုဒ်မ ၄၂၅။)  လျော်ကြေး၊ နစ်နာကြေးငွေရရှိနိုင်ရန်အတွက် ကျူးလွန်သော ကုမ္ပဏီအပေါ် တရားမ မှု စွဲဆိုရန် လိုအပ်မည်ဖြစ်သည်။

ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့် နှင့် မြေနှင့်သက်ဆိုင်သော အခွင့်အရေးများကို အကာအကွယ်ပေးရန် ကျူးကျော်ခြင်း၊ ပိုင်ဆိုင်မှုကို ထိခိုက်ပျက်စီးစေခြင်း စသည်တို့ကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားသော ဥပဒေ များစွာရှိပါသည်။

မြေတွင် လက်ရှိနေထိုင်သူ သို့မဟုတ် အသုံးပြုသူများသည် ရာဇဝတ်မှုများဖြင့် စွဲဆိုခံရခြင်းမှ ရှောင်ရှားရန် မိမိမြေကို ဥပဒေကြောင်း အရ ခိုင်လုံမှုရှိအောင် ဆောင်ရွက်ထားသင့်ပါသည်။

ဥပမာအားဖြင့် လူတစ်ယောက်သည် ခြောက်လှန့်ရန်၊ စော်ကားရန် သို့ဟုတ် စိတ်ငြိုငြင်စေရန် အကြံဖြင့် အခြားသူ ပိုင်ဆိုင်သော မြေရာဥပစာ အတွင်း သို့ ဝင်ရောက်ခြင်း သို့မဟုတ် ဥပဒေနှင့်ဆန့်ကျင်ပြီး ဆက်လက် နေထိုင်ခြင်း သည် ရာဇသတ်ကြီးအရ ရာဇဝတ်မှု ဖြစ်သည်။37 ((၁၈၆၀) ရာဇသတ်ကြီး ပုဒ်မ ၄၄၇။)  ရာဇသတ်ကြီးအရ အခြားသူပိုင်ဆိုင်သော မြေယာ ကို ထိခိုက်ပျက်စီးစေခြင်းသည်လည်း ရာဇဝတ်မှုပင်ဖြစ်သည်။38 ((၁၈၆၀) ရာဇသတ်ကြီး ပုဒ်မ ၄၂၇။)

၁၉၉၂ခုနှစ် သစ်တောဥပဒေအရ ကြိုးဝိုင်းတောအတွင်း ကျူးကျော်ဝင်ရောက်နေထိုင်ခြင်း၊ အိမ်မွေးတိရစ္ဆာန် များကို စားကျက်ချခြင်း သို့မဟုတ် ကျူးကျော်ဝင်ရောက်စေခြင်း၊ အမဲလိုက်ခြင်း၊ ခုတ်ထွင်ရှင်းလင်းခြင်း သို့မဟုတ် ပျက်ဆီးစေခြင်းများ ပြုလုပ်ပါက ထောင်ဒဏ်၊ငွေဒဏ်များ ချမှတ်နိုင်ပါသည်။39 ((၁၉၉၂) သစ်တောဥပဒေပုဒ်မ ၄၀။)

မြေသိမ်းဆည်းမှု သို့မဟုတ် အခြားအငြင်းပွားမှုများကို အများသူငှာသိအောင် ဆန္ဒထုတ်ဖော်ခြင်း၊ ဆန္ဒ ပြခြင်းများ ပြုလုပ်လိုပါက ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို (၂၀၁၄၊ ၂၀၁၆ ပြင်ဆင်ချက်) ကို လိုက်နာရပါမည်။ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးများထံ စာဖြင့်ပေးပို့ အသိပေးတင်ပြရပါမည်။40 ((၂၀၁၁)ငြိမ်းချမ်းစွာစုဝေခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ (၂၀၁၄၊ ၂၀၁၆ ပြင်ဆင်ချက်) ပုဒ်မ ၄၊ ၁၉။)

ဆန္ဒထုတ်ဖော်မှု၊ ဆန္ဒပြမှုများတွင် ပါဝင်သူများသည် အသရေဖျက်မှု41 ((၁၈၆၀) ရာဇသတ်ကြီး ပုဒ်မ ၅၀၅။)  အများပြည်သူ အကျိုးကို ပျက်စီး စေမှု42 ((၁၈၆၀) ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)။)  ရုန်းရင်းဆန်ခတ်ပြုမှု43 ((၁၈၆၀) ရာဇသတ်ကြီး ပုဒ်မ ၁၄၇။)  အစရှိသည့် ရာဇသတ်ကြီး ဆိုင်ရာ ပြစ်မှုများဖြင့် စွပ်စွဲခံရခြင်းမှ ရှောင်ရှားနိုင်ရန် အထူးဂရုပြု ဆောင်ရွက်သင့်ပါသည်။

အမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူ မြေယာပိုင်ဆိုင်ခွင့်ရှိပါသည်။ ထို့အပြင် ကျားမ ခွဲခြားဆက်ဆံမှုကို မြန်မာနိုင်ငံ၏တည်ဆဲဥပဒေများက တားမြစ် ထားပါသည်။44 ((၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၇၊ ၃၄၈၊ ၃၅၁။)

(၂၀၁၆) အမျိုးသားမြေယာအသုံးချမူဝါဒ တွင် မြေကိုမှတ်ပုံတင်သွင်းခြင်း၊ အမွေဆက်ခံခြင်း၊ စီမံခန့်ခွဲခြင်း အစရှိသည့် မြေနှင့်ပတ်သက်သည့် အခွင့်အရေးများကို အမျိုးသားနှင့်အမျိုးသမီးများအကြား တန်းတူညီမျှ ရှိစေရမည် ဖော်ပြထားပါသည်။45 ((၂၀၁၆) အမျိုးသားမြေယာအသုံးချမူဝါဒ အပိုဒ် ၇၅(က)။)

အိမ်ထောင်စု အတွင်းရှိ မည်သည့် မိသားစုဝင်မဆို မြေယာ မှတ်ပုံတင်ခွင့်ရှိသည်။ အိမ်ထောင်ဦးစီး သို့မဟုတ် အမျိုးသား ဖြစ်ရန် မလိုပါ။46 ((၂၀၁၂) လယ်ယာမြေဥပဒေ ပုဒ်မ ၆(က)(၂)။)

“အိမ်ထောင်ဦးစီး” သည် အိမ်ထောင်စုတစ်ခု ၏ လုပ်ငန်းဆောင်တာများကို ဦးစီးလုပ်ကိုင်သောသူ ဖြစ်ပြီး အမျိုးသား သို့မဟုတ် အမျိုးသမီး ဖြစ်ရမည်ဟု သတ်မှတ်ထားခြင်းမရှိပါ။ 47 ((၂၀၁၂) လယ်ယာမြေဥပဒေ ပုဒ်မ ၃(ဆ)။)

လယ်ယာမြေကို အခြားအိမ်ထောင်သားစုဝင် သို့မဟုတ် အိမ်ထောင်စုစာရင်းတွင် ပါရှိသူဖြင့် ပူးတွဲ မှတ်ပုံ တင်သွင်းခြင်းကို ဥပဒေအရ တားမြစ်ထားခြင်းမရှိပါ။

မြေကိုပူးတွဲပိုင်ဆိုင်ခွင့် အပြင် မြေနှင့် ပတ်သက်သော အခွင့်အရေးများကို အမျိုးသားနှင့် အမျိုးသမီး တန်းတူခံစားပိုင်ခွင့်ရှိပါသည်။48 ((၂၀၁၆) အမျိုးသားမြေအသုံးချမူဝါဒ အပိုဒ် ၇၅(က)။)

မြေနှင့်ပတ်သက်သည့်အခွင့်အရေးများ အထူးသဖြင့် အမွေဆက်ခံခွင့်ကိစ္စရပ်များအပေါ် ဓလေ့ထုံးတမ်း ဥပဒေ များက လွှမ်းမိုးမှုရှိနိုင်ပါသည်။49 (Burma Laws Act (1898) Art. 13.)

  • Burma Laws Act (1898)
  • (၂၀၁၆) ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များ
  • (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ
  • ရာဇဝတ်ကျင့်ထုံးဥပဒေ
  • (၂၀၁၂) လယ်ယာမြေဥပဒေ
  • (အမိန့်ကြော်ငြာစာအမှတ် ၆၂/၂၀၁၂) လယ်ယာမြေနည်းဥပဒေများ
  • (၁၉၉၂) သစ်တောဥပဒေ
  • (၁၈၉၄)မြေသိမ်းဆည်းရေးအက်ဥပဒေ
  • (၂၀၁၇) နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ
  • (၂၀၁၆) အမျိုးသားမြေယာအသုံးချမူဝါဒ
  • (၂၀၁၁)ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ
  • (၁၈၆၀) ရာဇသတ်ကြီး (၂၀၁၆ ပြင်ဆင်ချက်)
  • (၂၀၁၂) မြေလွတ်၊မြေလပ်၊နှင့်မြေရိုင်း စီမံခန့်ခွဲရေးဥပဒေ