အုပ်ချုပ်ရေးအာဏာပိုင်များ၏ လုပ်ပိုင်ခွင့်များ
နိုင်ငံတော် သမ္မတသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (CIC) နှင့် တိုင်ပင်ပြီး ရဲချုပ်ကို ခန့်အပ်ပိုင်ခွင့်ရှိသည်။ 58 (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၉(က))
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (CIC) နှင့် တိုင်ပင်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ (MPF) ကို ပြန်လည်ဖွဲ့စည်းရန် အခွင့်အာဏာရှိသည်။ 59 (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၆(က))
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည် ရဲချုပ်ကို တာဝန်ပေးအပ်နိုင်သည်။ 60 (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၁၇ (ဌ))
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဖွဲ့စည်းရာတွင်မူဝါဒများနှင့်လုပ်ထုံးလုပ်နည်းများရေးဆွဲရာတွင် အစိုးရအဖွဲ့ တွင် တာဝန်ရှိသည်။ 61 (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၇)
ဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန (MOHA) ၏ လုပ်ပိုင်ခွင့်များ-
ရဲချုပ်ကို တာဝန်များပေးအပ်ခြင်း 62 (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၁၇ (ဌ))
အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရဲတပ်ဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များခြင်း 63 (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၆ (ခ))
အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နည်းဥပဒေများ ထုတ်ပြန်ခြင်း 64 (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၆၈(က))
အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခြင်းနှင့် ရဲလုပ်ငန်းနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်တွဲ ဆောင်ရွက်ခြင်း 65 (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၆၈ (က) – ပုဒ်မ ၆၈ (ဂ))
ပြည်ထဲရေးဝန်ကြီးဌာနသည် ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံ နှင့်ပတ်သက်၍ တာဝန်ရှိပြီး လိုအပ်ပါက အစိုးရအဖွဲ့ကို အကြံပေးခြင်း 66 (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၈)
ရဲများသည် ဝရမ်းမပါဘဲ အောက်ပါတို့ကို လုပ်ဆောင်နိုင်သည် – 67 (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေ၊ ရဲတပ်ဖွဲ့က ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်သည့် ဥပဒေအောက်တွင်ရှိသော လှုပ်ရှားမှုများစာရင်းအပြည့်အစုံအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၆၀ (င) တွင် ကြည့်ပါ။)
အများပြည်သူအနှောက်အယှက် ဖြစ်စေအောင် စိတ်ငြိုငြင်စေအောင် ပြုခြင်း
အများပြည်သူပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင် ပစ္စည်းအပေါ်တွင် ခွင့်ပြုချက်မရှိပဲ ရုပ်ပုံစာသား ရေးဆွဲခြင်း
ရဲတပ်ဖွဲ့ဝင်၏ ဥပဒေနှင့်အညီ တာဝန်ဝတ္တရားများဆောင်ရွက်ခြင်းကို ဟန့်တားခြင်း
ပြစ်ဒဏ် ၁ လမှ ၂ နှစ်အထိ ချမှတ်နိုင်သော ပြစ်မှုများအတွက် ဒဏ်ငွေ ကျပ် ၁၀,၀၀၀ မှ ၅၀,၀၀၀ အ တွင်း ရဲတပ် ဖွဲ့ က ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်သည်။ 68 (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၆၁ (က) – (ဆ))
သံပုံတီးခြင်းသည် ဤဥပဒေအရ ပြစ်မှုတစ်ခု ဖြစ်လာပါသည်။ 69 (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၆၀ (င) (၂)၊ ၆၀ (စ)။)
ပြစ်ဒဏ် – အနည်းဆုံး ၁ မှ ၃လအထိထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ၁သောင်း မှ အများဆုံး ၅သောင်းအထိ ငွေဒဏ် ဖြစ်စေ နှစ်ရပ်လုံးဖြစ်စေ ချမှခံရနိုင်ပါသည်။ ရဲက ဝရမ်းမပါပဲ ဖမ်းဆီးနိုင်ပါသည်။ 70 (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၆၁ ၉(ဃ))
ရဲတပ်ဖွဲ့သည် နေဝင်ချိန်နှင့် နေထွက်ချိန်ကြားရှိ အောက်ဖော်ပြပါနေရာများ (သို့မဟုတ်) အခြေအနေ တစ်ခုခုတွင် လူတစ်ဦးကို တွေ့ရှိပြီး ခိုင်လုံသောအကြောင်းပြချက်ကို မပေးပါက ထိုသူကိုဝရမ်းမပါဘဲ ဖမ်းဆီးနိုင်သည်- 71 (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၆၀(ဃ) (၁) – (၃)ယခင်ဥပဒေများအောက်တွင် ပြဋ္ဌာန်းချက်အတွက် ရဲအက်ဥပဒေ (၁၉၄၅) ကိုကြည့်ပါ၊)
ဈေး၊ လမ်း၊ အိမ်နောက်ဖေး သို့မဟုတ် ခြံရှေ့
အဆောက်အဦး၊ ရေယာဉ် သို့မဟုတ် မော်တော်ယာဉ်
မျက်နှာဖုံးစွပ်ထားခြင်း
ပြစ်ဒဏ်- ထောင်ဒဏ် အနည်းဆုံး ၁ လမှ ၆ လအထိဖြစ်စေ၊ ဒဏ်ငွေ ၁၀,၀၀၀ မှ ၃၀,၀၀၀ အထိ ဖြစ်စေ, နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါသည်။ 72 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၆၁ (ဂ))
ရဲတပ်ဖွဲ့ဝင်များ၏စည်ကမ်းထိန်းသိမ်းရေး- မြန်မာနိုင်ငံရဲတပ်ဖွဲ့မဟုတ်ပဲ အခြားတရားစွဲအဖွဲ့အစည်းတခုခုက စုံစမ်းစစ်ဆေးအရေးယူခြင်း သို့မဟုတ် တည်ဆဲ ဥပဒေတရပ်ရပ် အရ တာဝန်ထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ အရေးယူခြင်းများကို ရဲချုပ်၏ ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ရမည်။ 73 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၄၂ (က) –(ခ))
အရာရှိများ စည်းကမ်းထိန်းသိမ်းရေးနှင့်ပတ်သက်၍ ၁၉၉၅ ခုနှစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်း ထိန်းသိမ်းရေး ဥပဒေသည် တည်ဆဲဥပဒေဖြစ်သည်။ 74 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၄၁)