လမ်းပြသည် သင့်အား မြန်မာနိုင်ငံရှိ တရားဥပဒေနှင့် အခြေခံရပိုင်ခွင့်များကို ပိုမိုနားလည်စေပြီး တရားမျှတမှုကို ပိုမိုရရှိနိုင်အောင် ကူညီပေးမည့် အက်ပလီကေးရှင်းဖြစ်သည်။
ဤအက်ပလီကေးရှင်းတွင် တရားဥပဒေ နှင့် သင့်ရပိုင်ခွင့်များဆိုင်ရာ အချက်အလက်များပါဝင်ပြီး ဥပဒေရေးရာပြုပြင်ချက်များရှိလာပါကလည်း အချိန်နှင့်တပြေးညီ သိရှိနိုင်စေရန် အားထုတ်ထားပါသည်။ ဤ အက်ပလီကေးရှင်းသည် အဖြစ်များသော ပြဿနာရပ်များကို သင့်အား တစ်ဆင့်ချင်းစီ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တရားရေးရာလုပ်ငန်းစဥ်များနှင့် အခေါ်အဝေါ်များကိုလည်း ရှင်းပြပေးနိုင်မည်ဖြစ်ပါသည်။
ဥပဒေရေးရာ အခြေအနေများသည် ပြောင်းလဲတတ်သည့်သဘောရှိသည့်အလျောက် အက်ပလီကေးရှင်ကို အမြဲနောက်ဆုံးထွက် ဗားရှင်းဖြစ်အောင် အဆင့်မြင့်ထားဖို့လိုအပ်ပါသည်။