အသိပေးရှင်းလင်းချက်

မာတိကာ

လမ်းပြ (ဤတွင် အက်ပလီကေးရှင်းကိုဆိုလိုသည်) သည် မြန်မာနိုင်ငံရှိ ဥပဒေ နှင့် အခြေခံရပိုင်ခွင့်များအပေါ် အများပြည်သူတို့ ပိုမိုသိရှိနားလည်စေရန်ရည်ရွယ်ပြုစုထားသည့် သတင်းအချက်အလက် အရင်းအမြစ် အက်ပလီကေးရှင်း တစ်ခုဖြစ်သည်။ ဤအက်ပလီကေးရှင်းသည် ဥပဒေရေးရာအကြံပြုချက်များ ပေးရန် မဟုတ်သကဲ့သို့ အရည်အချင်းပြည့်မီသော ရှေ့နေတစ်ဦးအဖြစ် အစားထိုး အသုံးပြုနိုင်ရန်လည်း မဟုတ်ပါ။

ဤလမ်းပြတွင်ပါဝင်သော အချက်အလက်များမှာ တိကျမှန်ကန်ပြီး လက်ရှိ အချိန်တွင်အသုံးပြုနေသည့် အချက်အလက်များဖြစ်အောင် အဆီလျော်ဆုံး ကြိုးပမ်း ပြုစုထားပါသည်။ သို့သော် ဤအက်ပလီကေးရှင်းကို အထွေထွေ လမ်းညွှန်အဖြစ် အသုံးပြုရန်သာ ရည်ရွယ်ပြီး ၎င်းတွင်ပါ၀င်သော သတင်းအချက်အလက်များ၏ တိကျမှု၊ အချိန်ကိုက်ဖြစ်မှု သို့မဟုတ် ပြည့်စုံမှု တို့ကို အာမမခံနိုင်ပါ။

ဤပါဝင်သောအချက်အလက်များသည် မြန်မာနိုင်ငံဥပဒေအသိုင်းအ၀န်းရှိ မိတ်ဆွေများ၏ သဘောထား သို့မဟုတ် အမြင်များကို ကိုယ်စားမပြုပါ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လမ်းပြ၌ကိုးကားထားသော အချို့ဥပဒေများ၊ ပြင်ဆင်ချက်များသည် အချက်အလက်သက်သက်အတွက်သာ ရည်ရွယ်ထားပြီး အက်ပလီကေးရှင်း၌ ရည်ညွှန်းထားသော ဥပဒေများ၏ တရားဝင်မှုကို မထင်ဟပ်ပါ။ ထို့ကြောင့် သုံးစွဲသူများသည် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဖြင့်သာ အသုံးပြုရန် အကြုံပြုပါသည်။ ထို့အပြင် အသုံးပြုသူများသည် ဤ အက်ပလီကေးရှင်းပါ သတင်းအချက်အလက်များအတိုင်း မလုပ်ဆောင်မီ အရည်အချင်းပြည့်မီသော ဥပဒေပညာရှင်တစ်ဦး ၏ အကြံဉာဏ်ကို အရင်ရယူသင့်သည်။

လမ်းပြသည် ဥပဒေဆိုင်ရာ အထွေထွေလမ်းညွှန်အဖြစ်သာ ရည်ရွယ်သည်။ အက်ပလီကေးရှင်းတွင် ပါဝင်သော ဥပဒေများသည် အများပြည်သူ နားလည်လွယ်စေရန် အရိုးရှင်းဆုံးရေးသားထားခြင်းဖြစ်သည်။ ဥပဒေသည်ရှုပ်ထွေးမှုများရှိသည့်အလျောက်  လမ်းပြသည် ၎င်းတွင်ပါ၀င်သော သတင်းအချက်အလက်များ၏ တိကျမှု၊ အချိန်ကိုက်ဖြစ်မှု သို့မဟုတ် ပြည့်စုံမှု တို့ကို အာမမခံနိုင်ပါ။

လူတစ်ဦးချင်း၏ရပိုင်ခွင့်များနှင့် တာဝန်ဝတ္တရားများသည် အမှုအမျိုးအစားနှင့် တိကျသော ဖြစ်ရပ်မှန်အခြေအနေများအပေါ်မူတည်၍ ကွဲပြားနိုင်သဖြင့် ဤအက်ပလီကေးရှင်းကို ရှေ့နေတစ်ယောက်အဖြစ် အစားထိုးအသုံးပြုရန် မဖြစ်နိုင်ပါ။ ရှေ့နေတစ်ဦးကသာ အမှုသည်အတွက် အမှု၏တိကျသော အချက်များအလိုက် ဥပဒေကိုအသုံးချရန်နှင့် ဖြစ်ပေါ်လာနိုင်သောရလဒ်များအပေါ် အကောင်းဆုံး အကြံပေးနိုင်မည်ဖြစ်သဖြင့် အရည်အချင်းရှိသော ရှေ့နေတစ်ဦးမှသာ ထိုကဲ့သို့ ဥပဒေအကြံပြုချက်မျိုးကို ပေးသင့်သည်။

တိုင်ကြားခြင်း၊ အကူအညီတောင်းခံခြင်း (သို့) တာဝန်ရှိသူများ (သို့) အခြား အာဏာပိုင်များနှင့် ဆက်သွယ် စကားပြောဆိုခြင်းတို့ကို အထူးသတိထားရန် အကြံပြုပါသည်။ ရဲ (သို့) အခြားအရာရှိများအား ထွက်ဆိုသော အဆိုပြုချက် များသည် အသရေဖျက်သည်ဟု ယူဆလျှင်ဖြစ်စေ၊ မဟုတ်မမှန်ဟု ယူဆလျှင်ဖြစ်စေ ဥပဒေဆိုင်ရာ အကျိုးဆက်များ၊ နောက်ဆက်တွဲအန္တရာယ်များ ဖြစ်ပေါ်စေနိုင်သည်။ မတိုင်ကြားမီ၊ တာဝန်ရှိသူ (သို့) တာဝန်ရှိအဖွဲ့အစည်း တစ်ခုနှင့် ဆက်သွယ်စကားမပြောဆိုမီ အရည်အချင်းရှိသော ဥပဒေရေးရာ ကျွမ်းကျင်သူကို တတ်နိုင်သမျှ ဆက်သွယ်ခြင်းက အကောင်းဆုံးဖြစ်သည်။ ဤအက်ပလီကေးရှင်းသည် ဥပဒေရေးရာအကြံပြုချက်များကို မပေးသည့်အပြင် အရည်အချင်းပြည့်မီသော ရှေ့နေတစ်ဦးအဖြစ် အစားထိုးအသုံးပြုရန်လည်း မဟုတ်ပါ။