လူ့အဖွဲ့အစည်းအတွင်း အကြမ်းဖက်မှုသည် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်လျက်ရှိသည်။ ယနေ့လက်ရှိ ကမ္ဘာကြီးတွင် လူမျိုးမရွေး၊ လူတန်းစားမရွေး၊ ကိုးကွယ်သည့်ဘာသာနှင့် ယဉ်ကျေးမှုမရွေး နိုင်ငံအားလုံးတွင် အကြမ်းဖက်မှုမျိုးစုံကို ကျွန်ုပ်တို့ တွေ့မြင်နေရသည်။ ကလေးသူငယ်များသည် အကြမ်းဖက်မှုနှင့် အလွဲသုံးစားပြုမှုများတွင် ထိိခိုက်လွယ်ပြီး၊ ပေးဆပ်ရမှုသည် အဆမတန်ကြီးမားသည်။ ကလေးအလုပ်သမားနှင့် အကြမ်းဖက်မှုကို တိုက်ဖျက်ရာတွင် ထိရောက်မှုအရှိဆုံးနည်းလမ်းတစ်ရပ်မှာ ပညာရေးဖြစ်ရာ ဤသင်ရိုးသည် အဆိုးရွားဆုံးပုံစံဖြင့် ကလေးအလုပ်သမားခိုင်းစေခြင်း၊ အထူးသဖြင့် လက်နက်ကိုင်တပ်ဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များတွင် ပါဝင်နေသည့် ကလေးသူငယ်များ၏ အခြေအနေများ အပေါ် အလေးထားဦးတည်ပါသည်။ ဤအထူးသီးသန့်မော်ဂျူးကို လူငယ်များအတွက် ပညာရေး၊ အသိအမြင်မြှင့်တင်ပေးခြင်းနှင့် လူမှုစည်းရုံးလှုံ့ဆော်နည်းများကို ဖော်ပြထားပြီး၊ ထိုမှတဆင့် ကျယ်ပြန့်သည့် ရပ်ရွာလူထုအသိုက်အဝန်းထိ အခြေအနေအမျိုးမျိုးတွင် အသုံးပြုနိုင်သည့် ပုံစံအမျိုးမျိုးနှင့် ပတ်သက်၍ လမ်းညွှန်ချက်များ ဖော်ပြထားပါသည်။
ကလေးအလုပ်သမားနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးသီးသန့် မော်ဂျူး
International Labour Organization
ခုနှစ်: 2010
ကျိာ်တၢ်ကတိၤတဖၣ်: Burmese and English
တၢ်လၢအဒုးကဲထီၣ်တၢ် အကလုာ်: Training Material
ကဘျံးပၤ: 146
တၢ်ကရၢကရိ: International Labour Organization
တၢ်ကရၢကရိမၤသကိးတၢ်:
ပှၤဆီၣ်ထွဲမၤစၢၤတၢ်: