ကြိုတင်ကြံစည်မှုဖြင့်လူသတ်မှုသည် သေဒဏ်အထိ ချမှတ်ခံရနိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်သည်။160 (၁၈၆၁ ခုနှစ်၊ ရာဇသတ်ကြီး ပုဒ်မ -၃၀၂ (၁) (ခ)။)
ရာဇသတ်ကြီးအရ ထောင်ဒဏ်င်ဒဏ် ခုနစ်နှစ်နှင့်အထက် ပြစ်ဒဏ်ချမှတ်သည့်ပြစ်မှုမျိုးတွင် ကြိုတင်ကြံစည်မှု မရှိဘဲ လူသတ်မှုကျူးလွန်ခြင်းသည် သေဒဏ်အထိ ချမှတ်ခံရ နိုင်သော ပြစ်မှုဖြစ်ပြီး ငွေဒဏ်လည်း ချမှတ်ခံရနိုင်ပါသည်။161 (၁၈၆၁ ခုနှစ်၊ ရာဇသတ်ကြီး ပုဒ်မ -၃၀၂ (၁) (ဂ)။)
မည်သူမဆို အခြားအခြေအနေမျိုးတွင် လူသတ်မှုကို ကျူးလွန်ပါက ထောင်ဒဏ်ဆယ်နှစ်မှ အနှစ် ၂၀162 (၂၀၁၆ ခုနှစ် ရာဇဝတ်ကျင့်ထုံး ဥပဒေအား ပြင်ဆင်သည့် ဥပဒေ ပုဒ်မ ၂(က) နှင့် ၃၅(က) တို့အရ “တစ်သက်တစ်ကျွန်းဒဏ်” ဟူသော စကားရပ်ကို “ထောင်ဒဏ် အနှစ်၂၀” ဖြင့် အစားထိုးထားပါသည်။) အထိ ကျခံရနိုင်ပြီး ငွေဒဏ်လည်း ချမှတ်ခံရနိုင်ပါသည်။163 (၁၈၆၁ ခုနှစ်၊ ရာဇသတ်ကြီး ပုဒ်မ -၃၀၂ (၂)။)
လူသတ်မှုမမြောက်သည့်လူသေမှုအတွက် ပြစ်ဒဏ်မှာ ထောင်ဒဏ် ဆယ်နှစ်မှ အနှစ်နှစ်ဆယ်164 (၂၀၁၆ ခုနှစ် ရာဇဝတ်ကျင့်ထုံး ဥပဒေအား ပြင်ဆင်သည့် ဥပဒေ ပုဒ်မ ၂(က) နှင့် ၃၅(က)။) အထိဖြစ်ပြီး ငွေဒဏ်လည်း ချမှတ်ခံရနိုင်ပါသည်။165 (၁၈၆၁ ခုနှစ်၊ ရာဇသတ်ကြီး ပုဒ်မ – ၃၀၄။)
အစိုးရနှင့် တပ်မတော်သားများအပေါ် မုန်းထားအောင် သို့မဟုတ် မလေးစားအောင် ပြုခြင်း (သို့မဟုတ်) လှုံဆော်ခြင်း (သိုမဟုတ်) ယင်းသို့ပြုလုပ်ရန် အားထုတ်ခြင်းသည် ရာဇဝတ်မှုမြောက်သည်။166 (၁၈၆၁ ခုနှစ်၊ ရာဇသတ်ကြီး ပုဒ်မ – ၁၂၁ (က)။)
ပြစ်ဒဏ် – ခုနှစ်နှစ်မှ အနှစ်၂၀အထိထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်ပါသည်
နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းဆောင်ရွက်နေသော တပ်မတော်သားများ (သို့မဟုတ်) တရားဥပဒေစိုးမိုးရေးအဖွဲ့များ၏လုပ်ဆောင်မှုကို နှောင်ယှက်ခြင်း (သို့မဟုတ်) ဟန့်တားခြင်းသည် ပြစ်မှုမြောက်သည်။167 (၁၈၆၁ ခုနှစ်၊ ရာဇသတ်ကြီး ပုဒ်မ – ၁၂၄ (ဂ)။)
ပြစ်ဒဏ် – အနှစ် ၂၀ အထိထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်ပါသည်။
အာမခံမရသောပြစ်မှု နှင့် ကြေအေးမရနိုင်သောပြစ်မှုဖြစ်သည်။168 (၂၀၂၁ ခုနှစ်၊ ရာဇဝတ်ကျင့်ထုံးဥပဒေကိုပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၃(က)။)
တပ်မတော်သားများနှင့် အစိုးရဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်ခြင်းကို ဟန့်တားခြင်း (သို့မဟုတ်) နှောင့်ယှက်ခြင်းသည် ပြစ်မှုမြောက်သည်။169 (၁၈၆၁ ခုနှစ်၊ ရာဇသတ်ကြီး ပုဒ်မ ပုဒ်မ၁၂၄ (ဃ)။ ၂၀၂၁ ခုနှစ်၊ ရာဇဝတ်ကျင့်ထုံးဥပဒေကိုပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၅။)
ပြစ်ဒဏ် – ၇ နှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်ပါသည်။
အာမခံမရသောပြစ်မှု နှင့် ကြေအေးမရနိုင်သော ပြစ်မှုဖြစ်သည်။170 (၂၀၂၁ ခုနှစ်၊ ရာဇဝတ်ကျင့်ထုံးဥပဒေကိုပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၃ (ဃ)။)
စစ်ပုန်ကန်မှုရန်အားပေးခြင်း (သို့မဟုတ်) တာဝန်ထမ်းဆောင်နေသော တပ်မတော်သားကို တာဝန်ဝတ္တရားမှ သွေးဆောင်ရန် အားထုတ်ခြင်း သည် ပြစ်မှုမြောက်သည်။171 (၁၈၆၁ ရာဇသတ်ကြီးပုဒ်မ ၁၃၁)
ပြစ်ဒဏ် ၁၀နှစ်မှ အနှစ် ၂၀ အထိထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်ပါသည်။172 (၂၀၁၆ ခုနှစ်၊ ရာဇဝတ်ကျင့်ထုံး ဥပဒေအား ပြင်ဆင်သည့် ဥပဒေ ပုဒ်မ ၂(က) နှင့် ၃၅(က)။)
အစိုးရဝန်ထမ်းတစ်ဉီးအပေါ် ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝှိက်၍ဖြစ်စေ ကြောက်အောင်ပြုခြင်း၊ မမှန်သတင်းဖြန့်ခြင်း၊ လှုံ့ဆော်ခြင်း တို့သည် ပြစ်မှုမြောက်သည်။
ပြစ်ဒဏ် – ၃နှစ်အထိထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်ပါသည်။173 (၂၀၂၁ ခုနှစ်၊ ရာဇသတ်ကြီးကို ပြင်ဆင်သည့်ဥပဒေ အရ ထပ်မံထည့်သွင်း လိုက်သည့် ပုဒ်မ ၅၀၅-က။ ၂၀၂၁ ခုနှစ်၊ ရာဇဝတ်ကျင့်ထုံး ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ -၇။)
တပ်မတော်သားများက ဖြစ်စေ၊ အစိုးရဝန်ထမ်းက ဖြစ်စေ အစိုးရ သို့မဟုတ် တပ်မတော် အပေါ် မေတ္တာပျက်စေရန်၊ စည်းကမ်းဖီဆန်ရန်၊ သစ္စာမဲ့စေရန် အားထုတ်ခြင်းသည် ပြစ်မှုမြောက်သည်။
ပြစ်ဒဏ် – ၂နှစ်အထိထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေချမှတ်နိုင်သည်။174 (၂၀၂၁ ခုနှစ်၊ ရာဇဝတ်ကျင့်ထုံးဥပဒေကိုပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၇။ ၁၈၆၁ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)။)
ရာဇ၀တ်မကင်းသောပူးပေါင်းကြံစည်မှုဆိုသည်မှာ လူနှစ်ဦး (သို့မဟုတ်)နှစ်ဦးထက်ပိုသောသူများက ဥပဒေနှင့်မညီသောပြုလုပ်မှုများကိုပြုလုပ်ခြင်း (သို့မဟုတ်) ထိုသို့ ပြုလုပ်ရန်သဘောတူညီခြင်းကို ဆိုလိုပါသည်။175 (၁၈၆၁ ရာဇသတ်ကြီး ပုဒ်မ – ၁၂၀-က)
ပြုလုပ်မှုသည် ဥပဒေနှင့် ဆန့်ကျင်သည်မဟုတ်သော်လည်း ဥပဒေနှင့် မညီသော နည်းလမ်းဖြင့် ပြုလုပ်မှု သည်လည်း ရာဇဝတ်မှုမြောက်ပါသည်။
ဥပဒေနှင့်မညီသော ပြုလုပ်မှုသည် အဆိုပါ သဘောတူညီချက်၏ ရည်ရွယ်ရင်ဖြစ်သည် မဖြစ်သည် သို့မဟုတ် ထိုရည်ရွယ်ရင်းအချက်နှင့် အကြောင်းသင့် ဆက်စပ်သည် မဆက်စပ်သည် တို့မှာအရေးပါသော အချက် မဟုတ်ပါ။
ပြစ်ဒဏ် – မည်သူမဆို ထောင်ဒဏ် ၂နှစ် မှ သေဒဏ်ဖြစ်စေ ထိုက်သင့်နိုင်သော ပြစ်မှုတစ်ခုခုကို ကျုးလွန်ရန် ရာဇဝတ်မကင်းသော ပူပေါင်းကြံစည်မှုကို ကျူးလွန်ပါက သက်ဆိုင်ရာ ပြစ်မှုတွင် ပြဌာန်းထားသကဲ့သို့ ပြစ်ဒဏ်ချမှတ်ရမည်။176 (၁၈၆၁ ခုနှစ်၊ ရာဇသတ်ကြီး ပုဒ်မ -၁၂၀ ခ (၁)။)
၂နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်သည့်ရာဇဝတ်မကင်းသောပူးပေါင်းကြံစည်မှုကျူးလွန် သူသည် ခြောက်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ၊ နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရ နိုင်သည်။
ခြွင်းချက်အနေဖြင့် ဥပဒေပြဌာန်းချက် တစ်ရပ်သည် ပြစ်မှုတစ်ခုအား ရာဇဝတ်မကင်းသော ပူးပေါင်း ကြံစည်မှုအတွက်ပြစ်ဒဏ်ကို သီးခြားပြဌာန်းထားပါက ယင်းပြဌာန်းချက်အတိုင်း ပြစ်ဒဏ်ပေးခံရမည် ဖြစ်သည်။
အားပေးကူညီခြင်း177 (၁၈၆၁ ခုနှစ်၊ ရာဇသတ်ကြီး ပုဒ်မ ၁၀၇။) ဆိုသည်မှာ
လူတစ်ဉီးသည် အခြားသူတစ်ဉီးအား အရာတစ်ခု ကိုပြုလုပ်စေရန် လှုံဆော်ခြင်း သို့မဟုတ်
လူတစ်ဉီးသည် အခြားသူတစ်ဉီး သို့မဟုတ် တစ်ဉီးထက်ပိုသော သူများဖြင့် အရာတစ်ခုကို ပြုလုပ်ရန် သို့မဟုတ် ပြုလုပ်ခြင်းမှ ပျက်ကွက်ရန် ပူးပေါင်းကြံစည်ခြင်း သို့မဟုတ်
လူတစ်ဉီးသည် ပြုလုပ်ခြင်း သို့မဟုတ် ပျက်ကွက်ခြင်း အားဖြင့် အရာတစ်ခုကို ဆောင်ရက်စေရန် ရည်ရွယ်ချက် ရှိရှိ ကူညီခြင်း တို့ဖြစ်ပါသည်။
တစ်သက်တစ်ကျွန်းဒဏ် (သို့မဟုတ်) သေဒဏ်ချမှတ်နိုင်သော ပြစ်မှုအတွက်အားပေးကူညီမှုကို ကျူးလွန်သူသည်178 (၁၈၆၁ ခုနှစ်၊ ရာဇသတ်ကြီး ပုဒ်မ ၁၁၅။)
ယင်းသို့အားပေးကူညီခဲ့သော်လည်း အားပေးခံရသူက ထိုပြစ်မှုကို ကျူးလွန်ခဲ့ခြင်း မရှိခဲ့လျှင် ထိုပြစ်မှုအတွက် အားပေးကူညီမှုနှင့်ပတ်သက်သော ပြစ်ဒဏ်ကို သီးခြား ပြဌာန်းထားခြင်းမရှိပါက ၇နှစ်အထိ ထောင်ဒဏ် အပြင် ငွေဒဏ်လည်းချမှတ်ခံရနိုင်သည်။
ယင်းသို့အားပေးကူညီခဲ့သည့်အတွက် ထိုပြစ်မှုကိုကျူးလွန်ခဲ့ပြီး တစ်စုံတစ်ဦးအားနာကျင်စေလျှင် ၁၄နှစ်အထိထောင်ဒဏ် အပြင် ငွေဒဏ်လည်း ချမှတ်ခံရခံရနိုင်သည်။
မည်သူမဆို (တစ်ကျွန်းဒဏ် (သို့မဟုတ်) သေဒဏ်ထက်နည်းသော ) ထောင်ဒဏ်ချမှတ်ခံရနိုင်သည့် ပြစ်မှုအတွက် အားပေးကူညီမှုကျူးလွန်လျှင်
ယင်းသို့ အားပေးကူညီခဲ့သော်လည်း အားပေးခံရသူက ထိုပြစ်မှုကိုကျူးလွန်ခဲ့ခြင်း မရှိလျှင် အားပေးကူညီခဲ့သည့် ပြစ်မှုအတွက် ပြဌာန်းထားသည့် အများဆုံးထောင်ဒဏ် တစ်မျိုးမျိုး၏ လေးပုံ တစ်ပုံဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါသည်။179 (၁၈၆၁ ခုနှစ်၊ ရာဇသတ်ကြီး ပုဒ်မ ၁၁၆။)
အားပေးကူညီသူ (သို့မဟုတ်) အားပေးကူညီခြင်းခံရသူသည် အားပေးကူညီမှုကို ဟန့်တားရမည့် တာဝန် ဝတ္တရားရှိသော ပြည်သူ့ဝန်ထမ်းဖြစ်လျှင် ထိုသူကို အားပေးကူညီခံရသောပြစ်ဒဏ်အတွက်ပြဌာန်းထားသည့် အများဆုံး ထောင်ဒဏ်၏ တစ်ဝက်ဖြစ်စေ ငွေဒဏ်ဖြစ်စေ၊ နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါသည်။180 (၁၈၆၁ ခုနှစ်၊ ရာဇသတ်ကြီး ပုဒ်မ ၁၁၆။)
ထိမ်ချန်မှု – သေဒဏ်ဖြစ်စေ ၊ တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ ထိုက်သင့်သောပြစ်မှုတစ်ခုခုကျူးလွန်ခြင်း ကို လွယ်ကူစေရန် အားပေးကူညီလျှင် (သို့မဟုတ် ) သိလျက်နှင့် ထိမ်ချန်လျှင်181 (၁၈၆၁ ခုနှစ်၊ ရာဇသတ်ကြီး ပုဒ်မ ၁၁၈။)
ထိုပြစ်မှုနှင့်ပတ်သတ်၍ ပြုလုပ်မှု (သို့မဟုတ်) ပျက်ကွက်မှုအတွက် မိမိဆန္ဒအလျှောက် ထိမ်ချန်လျှင် (သို့မဟုတ်) ဖုံးကွယ်လျှင်
ပြစ်မှုကျူးလွန်ခြင်းရှိပါက ထိုသူကို ၇နှစ်အထိထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်သည်။
ပြစ်မှုကျူးလွန်ခြင်းမရှိပါ ထိုသူကို ၃နှစ်အထိထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်သည်
မည်သူမဆို ထောင်ဒဏ်ချမှတ်နိုင်သော ( တစ်သက်တစ်ကျွန်း (သို့မဟုတ်) သေဒဏ်ထက်နည်းသော ) ပြစ်မှုကို ကျူးလွန်ရန်လွန်ရန် မိမိသဘောဆန္ဒအလျောက် အားပေးကူညီလျှင် (သို့မဟုတ်) သိလျက်နှင့်အားပေးကူညီလျှင်182 (၁၈၆၁ ခုနှစ်၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၀)
ထိုပြစ်မှုနှင့်ပတ်သတ်၍ ပြလုပ်ခြင်းအားဖြင့်ဖြစ်စေ၊ ပျက်ကွက်ခြင်း အားဖြင့်ဖြစ်စေ မိမိဆန္ဒအလျှောက် ထိမ်ချန်လျှင် (သို့မဟုတ်) ဖုံးကွယ်လျှင်
ပြစ်မှုကျူးလွန်ခြင်းရှိပါက ထိုသူကို အမြင့်ဆုံးထောင်ဒဏ်၏ ၄ပုံတစ်ပုံ အထိ ဖြစ်စေ ၊ ထိုဥပဒေပြဌာန်းထားသည့်အတိုင်း တူညီသော ငွေဒဏ်ဖြစ်စေ၊ နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။
ပြစ်မှုကျူးလွန်ခြင်းမရှိပါက ထိုသူကို အမြင့်ဆုံးထောင်ဒဏ်၏ ၈ပုံတစ်ပုံဖြစ် အထိ ဖြစ်စေ ၊ ထိုဥပဒေပြဌာန်းထားသည့်အတိုင်း တူညီသော ငွေဒဏ်ဖြစ်စေ၊ နှစ်ရပ်လုံးဖြစ်စေဖြစ်စေ ချမှတ်နိုင်သည်။
ခြွင်းချက်အနေဖြင့် ဥပဒေပြဌာန်းချက် တစ်ရပ်သည် ပြစ်မှုတစ်ခုအား အားပေးကူညီ မှုအတွက်ပြစ်ဒဏ်ကို သီးခြားပြဌာန်းထားပါက ယင်းပြဌာန်းချက်အတိုင်း ပြစ်ဒဏ်ပေးခံရမည် ဖြစ်သည်။