အသုံးများသော ဥပဒေများ

တၢ်ဂ့ၢ်ခိၣ်တီ

၁၈၇၈ခုနှစ် လက်နက်များအက်ဥပဒေ123 (၁၉၄၇ ခုနှစ်ကက ပြင်ဆင်ချက်များကို ၁၉၄၉ ခုနှစ်တွင် ရုပ်သိမ်းခဲ့ပါသည်။ ယခုဥပဒေသည် ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ် ပြစ်ဒဏ်စီရင်မှု) အက်ဥပဒေ၊ ၁၉၅၁ လက်နက်(ယာယီ) အက်ဥပဒေ တို့ကိုလိုက်နာရပါသည်။ ဤဥပဒေကို အခြားဥပဒေများဖြင့်လည်း ပြင်ဆင်ခြင်း သို့မဟုတ် ကန့်သတ်ခြင်းများ ပြုလုပ်ထားပါသည်။ ကချင်တောင်တန်းလူမျိုးများ စည်းမျဉ်း၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ် လက်နက် အက်ဥပဒေ၊ ၁၉၄၈ ချင်းပြည်နယ်လက်နက်ဆိုင်ရာဥပဒေတို့ကို ကြည့်ပါ။ ရှမ်းပြည်နယ်၏ အချို့နေရာများတွင် (ဥပမာ- တောင်ကြီးတွင်) ဤပဒေသည် အာဏာသက်ဝင်သော်လည်း ရှမ်းပြည်နယ်၏ အခြားဒေသများတွင် ရှမ်းပြည်နယ် လက်နက် အက်ဥပဒေက အာဏာသက်ဝင်ပါသည်။ အသေးစိတ်အချက်အလက်များအတွက် ၁၉၂၄ခုနှစ် ရှမ်းပြည်နယ်လက်နက် အက်ဥပဒေကို ကြည့်ပါ။ မှတ်ချက်- ၁၉၅၁ လက်နက် (ယာယီပြင်ဆင်ချက်) အက်ဥပဒေ ပုဒ်မ- ၃ တွင် ၁၉၄၉ လက်နက် (ယာယီပြင်ဆင်ချက်) အက်ဥပဒေကို ရုပ်သိမ်းထားပါသည်။)

  • လက်နက်ဆိုသည်မှာ124 (၁၈၇၈ခုနှစ် လက်နက်များအက်ဥပဒေ ပုဒ်မ – ၄)
    • သေနတ်၊ ဓား၊ လှံ၊ လေးနှင့် မြှား အစရှိသည်ဖြင့်။
      • ဓားများ (အထူးသဖြင့်၊ အရှည်သုံးလက်မကျော်ရှိသော ချွန်ထက်သောဓားများ (သို့မဟုတ်) အိမ်တွင်း ၊ လယ်ယာ(သို့မဟုတ်) စက်မှုလုပ်ငန်အတွက် သုံးရန် မရည်ရွယ် သော အရှည်ငါးလက်မကျော်ရှိသော ဓားရှည်များ)
  • လိုင်စင်မရှိဘဲကိုင်ဆောင်ခြင်းသည် ပြစ်မှုမြောက်သည်-
    • လက်ဝယ်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ တင်သွင်းခြင်း/ တင်ပို့ခြင်းနှင့် လက်နက်များ ထုတ်လုပ်ခြင်း။125 (၁၈၇၈ခုနှစ် လက်နက်များအက်ဥပဒေ ပုဒ်မ – ၁၉)
    • ပြစ်ဒဏ်- သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။126 (၁၈၇၈ခုနှစ် လက်နက်များအက်ဥပဒေ ပုဒ်မ – ၁၉)
  • လိုင်စင်အခြေအနေများကို ချိုးဖောက်ခြင်း။
    • ပြစ်ဒဏ်- ခြောက်လမှ သုံးနှစ်အထိထောင်ဒဏ်ငွေဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်သည်။127 (၁၈၇၈ခုနှစ် လက်နက်များအက်ဥပဒေ ပုဒ်မ -၂၁။ ပြစ်မှုထင်ရှား စီရင်လိုက်သော ပြစ်မှုသည် ပုဒ်မ ၁၉ သို့မဟုတ် ၂၀ နှင့် မသက်ဆိုင်မှသာ ဤပြစ်ဒဏ်ကို ချမှတ်နိုင်သည်။)
  • အာဏာပိုင်များမသိအောင် လျှို့ဝှက်မှုသည် ပြစ်မှုတစ်ခုဖြစ်သည်။
    • ပြစ်ဒဏ်- ခုနစ်နှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ နှစ်မျိုးလုံးဖြစ်စေ ချမှတ်နိုင်သည်။128 (၁၈၇၈ခုနှစ် လက်နက်များအက်ဥပဒေ ပုဒ်မ – ၂၀)
  • လက်နက်ကိုင်ဆောင်သူကိုဝရမ်းမပါပဲဖမ်းဆီးနိုင်သည်။ 129 (၁၈၇၈ခုနှစ် လက်နက်များအက်ဥပဒေ ပုဒ်မ – ၁၂)
    • နိုင်ငံတော်သစ္စာဖောက်မှု ပြစ်မှုကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် လက်ပစ်ဗုံးများအပါအဝင် လက်နက်များ လက်ဝယ်ထားရှိသူတစ်ဦးသည် ထောင်ဒဏ်၃နှစ်မှအများဆုံးခုနစ်နှစ်အထိ ကျခံစေရမည်။130 (၁၉၅၅ လက်နက် (ယာယီပြင်ဆင်မှု) အက်ဥပဒေပုဒ်မ -၂ ၊ ၁၈၇၈ လက်နက်များအက်ဥပဒေ ပုဒ်မ ၁၉ (က) နှင့် ၁၉၅၁ လက်နက် (ယာယီပြင်ဆင်မှု) ဥပဒေ ပုဒ်မ -၂)
  • မည်သူမဆို အစိုးရပိုင် (သို့မဟုတ်) တပ်မတော်ပိုင် လက်နက်ခဲယမ်းများ ခိုးယူခြင်း၊ တရားမဝင်ရောင်းချ ခြင်း သို့မဟုတ် လွှဲပြောင်းခြင်း ကျူးလွန်ပါက ထိုသူကို ၁၀နှစ်အထိထောင်ဒဏ်ဖြစ်စေ ၊ တသက်ပတ်လုံး တကျွန်းပို့ဒဏ်131 (“ရာဇသတ်ကြီးပုဒ်မ ၅၃ ကို ပြင်ဆင်လိုက်သည့် ၂၀၁၉ ခုနှစ်၊ ရာဇသတ်ကြီးအား ပြင်ဆင်သည့် ဥပဒေ ပုဒ်မ ၃ အရ “ တကျွန်းပို့” ဒဏ် ဆိုသည်မှာ ထောင်ဒဏ်တစ်သက် ဖြစ်သည်။)  ဖြစ်စေ၊ သေဒဏ်ဖြစ်စေချမှတ်နိုင်သည်။ အလုပ်ကြမ်းနှင့် ထောင်ဒဏ်လည်း ပါဝင် သည်။

၁၉၀၈ခုနှစ် ပေါက်ကွဲစေသောပစ္စည်းများအက်ဥပဒေ

  • ပေါက်ကွဲစေတတ်သောပစ္စည်းဆိုသည့် စကားရပ်တွင် “ပေါက်ကွဲစေတတ်သော အရာဝတ္ထုတစ်ခုခုကို ဖြစ်စေသည့် မည်သည့်ပစ္စည်း”ကိုမဆို ဆိုလိုသည်။133 (၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သောပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၂)
  • အဆိုပါအဓိပ္ပါယ်ဖွင့်ဆိုချက်တွင် စက်၏အစိတ်အပိုင်းတစ်ခု (သို့မဟုတ်) ဖောက်ခွဲရေးပစ္စည်း တစ်ခုတွင်အသုံးပြုသည့်(သို့မဟုတ်) အသုံးပြုရန်ရည်ရွယ်ထားသည့် ကိရိယာတန်ဆာပလာ များလည်းပါဝင်သည်။
  • အသက် (သို့မဟုတ်) ပစ္စည်းကို အန္တရာယ်ဖြစ်စေနိုင်င်သော ပေါက်ကွဲမှုကို ဖြစ်စေခြင်းသည် ကြီးလေးသော ရာဇ၀တ်မှု ဖြစ်သည်။134 (၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သောပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၃)
  • ပြစ်ဒဏ်: – ဆယ်နှစ်အထိ ထောင်ဒဏ် (သို့မဟုတ်) တစ်စ်ကျွန်းပို့ဒဏ် ဖြစ်စေ ချမှတ်ရမည့် အပြင်135 (“ရာဇသတ်ကြီးပုဒ်မ ၅၃ ကို ပြင်ဆင်လိုက်သည့် ၂၀၁၉ ခုနှစ်၊ ရာဇသတ်ကြီးအား ပြင်ဆင်သည့် ဥပဒေ ပုဒ်မ ၃ အရ “ တကျွန်းပို့” ဒဏ် ဆိုသည်မှာ ထောင်ဒဏ်တစ်သက် ဖြစ်သည်။) ငွေဒဏ်လည်း ချမှတ်နိုင်သည်။
  • အသက်ဘေးအန္တရာယ် ဖြစ်စေတန်သည့် (သို့မဟုတ်) လူ သို့မဟုတ် ပစ္စည်းပြင်းထန်စွာ ထိခိုက် နစ်နာစေရန် ရည်ရွယ်ချက်ဖြင့် ပေါက်ကွဲမှုဖြစ်စေရန် ပြုလုပ်ခြင်း။136 (၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သောပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၄) ထိုပြုလုပ်မှုတွင် ပူးပေါင်းကြံစည်မှုလည်းပါဝင်သည်။
  • ပြစ်ဒဏ်- ခုနှစ်နှစ်အထိ ထောင်ဒဏ် ဖြစ်စေ၊ နှစ်၂၀ အထိ တစ်ကျွန်းပို့ဒဏ် ဖြစ်စေ ချမှတ်ခံရနိုင်သည့် အပြင်137 (အနှစ် ၂၀ အထိ တကျွန်းပို့ဒဏ် ဆိုသည်မှာ ထောင်ဒဏ် အနှစ် ၂၀ ဖြစ်သည်။) ငွေဒဏ်လည်းချမှတ်နိုင်သည်။
  • လူ (သို့မဟုတ်) ပစ္စည်းကိုအမှန်တကယ်ထိခိုက်စေသော ရည်ရွယ်ချက်ဖြင့် ပေါက်ကွဲမှုများပြုလုပ်ခြင်း။ အဆိုပါပြုလုပ်မှုတွင် ပူးပေါင်းကြံစည်အားထုတ်မှုများလည်းပါဝင်သည်။.138 (၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သောပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၄)
  • ပြစ်ဒဏ်- : ခုနှစ်နှစ်အထိ ထောင်ဒဏ် ဖြစ်စေ၊ (သို့မဟုတ်) နှစ်၂၀အထိတစ်ကျွန်းပို့ဒဏ် ချမှတ် နိုင်သည့်နိုင်သည့် အပြင်139 (Transportation for a term which may extend up to 20 years in prison” means imprisonment for up to 20 years.) ငွေဒဏ်လည်းချမှတ်နိုင်သည်။
  • မည်သူမဆိုပေါက်ကွဲစေသော ပစ္စည်းများကို သံသယဖြစ်ဖွယ် အခြေအနေမျိုးတွင် လက်ဝယ် ထားခြင်း သို့မဟုတ် ထုတ်လုပ်ခြင်းတို့ပြုလုပ်ပါက 140 (၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သောပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၄)  ထိုသူကို ၅နှစ် အထိ ထောင်ဒဏ်ဖြစ်စေ၊ ၁၄နှစ် ထက်မပိုသော တစ်ကျွန်းပို့ ဒဏ် ဖြစ်စေ ချမှတ်ရမည့်အပြင်141 (၁၄ နှစ်နှစ် အထိ တကျွန်းပို့ဒဏ် ဆိုသည်မှာ ထောင်ဒဏ် ၁၄ နှစ် ဖြစ်သည်။) ငွေဒဏ်လည်း ချမှတ်နိုင်သည်။
  • အဆိုပါပစ္စည်းများကို ထုတ်လုပ်ခြင်း သို့မဟုတ် လက်ဝယ်ပိုင်ဆိုင်ခြင်းတို့သည် ဥပဒေနှင့်အညီ ဖြစ်ပါက ယင်းပြစ်မှုကို ကျူးလွန်ရာမရောက်ပါ။
  • အားပေးကူညီခြင်း – ဤဥပဒေအရ ပြစ်မှုတစ်ခုခု ကျူးလွန်နိုင်ရန်အားပေး ကူညီခြင်းသည် ကျူးလွန် သောပြစ်မှုအတွက် တူညီသောပြစ်ဒဏ် ဖြစ်သည်။ ယင်းတွင် ငွေကြေးပံ့ပိုးမှုပေးခြင်းတို့ ပါဝင်နိုင်သည်။142 (၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သောပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၆)
  • ဤပြဋ္ဌာန်းချက်သည် အမှန်တကယ် ထိခိုက်မှုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အကျုံးဝင်ပါသည်။143 (၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သောပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၃)
  • ဤဥပဒေအရ တရားစွဲဆိုနိုင်ရန် နိုင်ငံတော် သမ္မတ၏ သဘောတူညီချက် လိုအပ်ပါသည်။144 (၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သောပစ္စည်းများ အက်ဥပဒေ ပုဒ်မ ၇)

၂၀၁၆ခုနှစ် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ 145 (ယခင် ၂၀၁၁ ခုနှစ် ဥပဒေကို ဖျက်သိမ်းထားသည်။)

  • “ငြိမ်းချမ်းစွာစုဝေးခြင်း”146 (၂၀၁၆ ခုနှစ် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ -၂ (ဂ)။)  ဆိုသည်မှာဤဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ147 (၂၀၁၆ခုနှစ် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၈ မှ ၁၂ အထိ။) ဆန္ဒနှင့် ခံယူချက်များကိုဖော် ပြရန် ရည်ရွယ်ချက်ဖြင့်ခွင့်ပြုထားသော အများသူငှာနေရာများတွင် ငြိမ်းချမ်းစွာ (လက်နက်မဲ့) စုဝေးခြင်း၊ ဟောပြောခြင်း တို့ကိုဆိုလိုသည်။
  • “ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်း”148 (2016 The Law relating to Peaceful Assembly and Peaceful Procession, S.2(d).) ဆိုသည်မှာ ဤဥပဒေအရသတ်မှတ်ခွင့်ပြုထားသည့်149 (၂၀၁၆ ခုနှစ် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၁၁ ၊ ပုဒ်မ ၁၂ (ဋ) ၂၀၁၄ခုနှစ် အထိ ပြင်ဆင်ပြီး။)  အများ ပြည်သူဆိုင်ရာလမ်းတွင် မိမိသဘောထားဆန္ဒကို ဖော်ပြရန်အလို့ငှာ တစ်ဦးထက်ပိုသူများက သတ်မှတ် ထားသည့် စည်းကမ်းများနှင့်အညီ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ လှည့်လည်ခြင်းကို ဆိုလိုသည်။
  • ငြိမ်းချမ်းစွာစုဝေးခြင်း (သို့မဟုတ်) စီတန်းလှည့်လည်ခြင်းများပြုလုပ်ရန်ပြုလုပ်ရန် သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှူး ထံမှ အနည်းဆုံး ၄၈ နာရီ ကြိုတင် အသိပေးတင်ပြရန် လိုအပ်ပါသည်။150 (၂၀၁၆ ခုနှစ် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ -၄။)
    • ငြိမ်းချမ်းစွာစုဝေးခြင်း (သို့မဟုတ်) စီတန်းလှည့်လည်ခြင်းပြုလုပ်လိုသူများသည် ခွင့်ပြုချက်ကို အောက်ဖော်ပြပါအချက်များနှင့် တကွလျှောက်ထားရမည်ဖြစ်သည်။151 (၂၀၁၆ ခုနှစ် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၄ (က) – (ဂ)။ ပုဒ်မ ၄ (ဃ) နှင့် (စ) ကိုလည်းကြည့်ပါ။)
      • မိန့်ခွန်း၏ ရည်ရွယ်ချက်နှင့် အကြောင်းအရာ
      • နေရာ သို့မဟုတ် လမ်းကြောင်း
      • ရက်စွဲ
      • လျှောက်ထားသူ၊ ဦးဆောင်သူ၊ ဟောပြောမည့်သူ တို့၏ အမည်နှင့်ဆက်သွယ်ရန် လိပ်စာ152 (၂၀၁၆ ခုနှစ်ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဥပဒေ ပုဒ်မပုဒ်မ – ၄ (ဂ)။)
    • မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့် သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှူးက ခွင့်ပြုမိန့်ထုတ်ပေးမည်ဖြစ်သည်။153 (၂၀၁၁ ခုနှစ်ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဥပဒေကို ပြင်ဆင်ချက်ပုဒ်မ – ၅။)
  • ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းတို့ကို ဆောင်ရွက်နေသူတို့ကို ဒုတိယရဲအုပ်အဆင့်ထက်မ နိမ့်သော ရဲအရာရှိ ဦးဆောင်သည့်ရဲတပ်ဖွဲ့က လိုအပ်သော ကာကွယ်စောင့်ရှောက်မှုများကို ဆောင်ရွက်ရမည်။154 (၂၀၁၆ ခုနှစ်ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ -၁၃။)
  • သက်ဆိုင်ရာအာဏာပိုင်သည် ခွင့်ပြုမိန့်အတွက်ပွဲရက်မတိုင်ခင် အနည်ဆုံး ၄၈နာရီ ကြိုတင်၍ လျှောက်ထားသူထံအကြောင်းကြားရမည်။ 155 (၂၀၁၁ခုနှစ် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ- ၇(က))
  • ငြိမ်းချမ်းစွာစုဝေးခြင်း နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းကို သက်ဆိုင်ရာသို့ အသိပေး တင်ပြခြင်း မရှိပဲ ဆောင်ရွက်ခြင်းသည် ပြစ်မှုမြောက်သည်။ 156 (၂၀၁၆ ခုနှစ်ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ -၁၉။)
    • ပြစ်ဒဏ် –: ၃ လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ သုံးသောင်းထက် မပိုသောငွေဒဏ်ဖြစ်စေ နှစ်မျိုးလုံးဖြစ်စေ ချမှတ်ခံရနိုင်သည်။
  • ခွင့်ပြုမိန့်ရထားသော ငြိမ်းချမ်းစွာစုဝေးပွဲသို့ တက်ရောက်လာသူများအား အနှောင့်အယှက်ဖြစ်စေခြင်း ၊ ဖျက်ဆီးခြင်း၊နှောင့်ယှက်ခြင်း၊ (သို့မဟုတ်) ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းကို ထိခိုက်စေခြင်းစသည့် လုပ်ရပ်များသည် ပြစ်မှုတစ်ခုဖြစ်သည်။157 (၂၀၁၆ ခုနှစ်ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ -၁၈။)
    • ပြစ်ဒဏ် –: ၁နစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ တစ်သိန်းထက် မပိုသောငွေဒဏ်ဖြစ်စေ နှစ်မျိုးလုံးဖြစ်စေ ချမှတ်ခံရနိုင်သည်။
  • ဤဥပဒေတွင်ဖော်ပြထားသည့်စည်းကမ်းသတ်မှတ်ချက်များ158 (၂၀၁၆ ခုနှစ် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၈၊ ၉၊ ၁၀။) ကိုချိုးဖောက်ခြင်းပြစ်မှုမြောက်သည်။159 (၂၀၁၆ ခုနှစ်ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ ပုဒ်မ – ၂၀။)
    • ပြစ်ဒဏ် ၁ လ ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ၁ သောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ နှစ်မျိုးလုံးဖြစ်စေ ချမှတ်ခံရနိုင်သည်။
  • ကြိုတင်ကြံစည်မှုဖြင့်လူသတ်မှုသည် သေဒဏ်အထိ ချမှတ်ခံရနိုင်ပြီး ငွေဒဏ်လည်း ချမှတ်နိုင်သည်။160 (၁၈၆၁ ခုနှစ်၊ ရာဇသတ်ကြီး ပုဒ်မ -၃၀၂ (၁) (ခ)။)
    • ရာဇသတ်ကြီးအရ ထောင်ဒဏ်င်ဒဏ် ခုနစ်နှစ်နှင့်အထက် ပြစ်ဒဏ်ချမှတ်သည့်ပြစ်မှုမျိုးတွင် ကြိုတင်ကြံစည်မှု မရှိဘဲ လူသတ်မှုကျူးလွန်ခြင်းသည် သေဒဏ်အထိ ချမှတ်ခံရ နိုင်သော ပြစ်မှုဖြစ်ပြီး ငွေဒဏ်လည်း ချမှတ်ခံရနိုင်ပါသည်။161 (၁၈၆၁ ခုနှစ်၊ ရာဇသတ်ကြီး ပုဒ်မ -၃၀၂ (၁) (ဂ)။)
    • မည်သူမဆို အခြားအခြေအနေမျိုးတွင် လူသတ်မှုကို ကျူးလွန်ပါက ထောင်ဒဏ်ဆယ်နှစ်မှ အနှစ် ၂၀162 (၂၀၁၆ ခုနှစ် ရာဇဝတ်ကျင့်ထုံး ဥပဒေအား ပြင်ဆင်သည့် ဥပဒေ ပုဒ်မ ၂(က) နှင့် ၃၅(က) တို့အရ “တစ်သက်တစ်ကျွန်းဒဏ်” ဟူသော စကားရပ်ကို “ထောင်ဒဏ် အနှစ်၂၀” ဖြင့် အစားထိုးထားပါသည်။) အထိ ကျခံရနိုင်ပြီး ငွေဒဏ်လည်း ချမှတ်ခံရနိုင်ပါသည်။163 (၁၈၆၁ ခုနှစ်၊ ရာဇသတ်ကြီး ပုဒ်မ -၃၀၂ (၂)။)
  • လူသတ်မှုမမြောက်သည့်လူသေမှုအတွက် ပြစ်ဒဏ်မှာ ထောင်ဒဏ် ဆယ်နှစ်မှ အနှစ်နှစ်ဆယ်164 (၂၀၁၆ ခုနှစ် ရာဇဝတ်ကျင့်ထုံး ဥပဒေအား ပြင်ဆင်သည့် ဥပဒေ ပုဒ်မ ၂(က) နှင့် ၃၅(က)။) အထိဖြစ်ပြီး ငွေဒဏ်လည်း ချမှတ်ခံရနိုင်ပါသည်။165 (၁၈၆၁ ခုနှစ်၊ ရာဇသတ်ကြီး ပုဒ်မ – ၃၀၄။)
  • အစိုးရနှင့် တပ်မတော်သားများအပေါ် မုန်းထားအောင် သို့မဟုတ် မလေးစားအောင် ပြုခြင်း (သို့မဟုတ်) လှုံဆော်ခြင်း (သိုမဟုတ်) ယင်းသို့ပြုလုပ်ရန် အားထုတ်ခြင်းသည် ရာဇဝတ်မှုမြောက်သည်။166 (၁၈၆၁ ခုနှစ်၊ ရာဇသတ်ကြီး ပုဒ်မ – ၁၂၁ (က)။)
    • ပြစ်ဒဏ် – ခုနှစ်နှစ်မှ အနှစ်၂၀အထိထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်ပါသည်
  • နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိန်းသိမ်းဆောင်ရွက်နေသော တပ်မတော်သားများ (သို့မဟုတ်) တရားဥပဒေစိုးမိုးရေးအဖွဲ့များ၏လုပ်ဆောင်မှုကို နှောင်ယှက်ခြင်း (သို့မဟုတ်) ဟန့်တားခြင်းသည် ပြစ်မှုမြောက်သည်။167 (၁၈၆၁ ခုနှစ်၊ ရာဇသတ်ကြီး ပုဒ်မ – ၁၂၄ (ဂ)။)
    • ပြစ်ဒဏ် – အနှစ် ၂၀ အထိထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်ပါသည်။
    • အာမခံမရသောပြစ်မှု နှင့် ကြေအေးမရနိုင်သောပြစ်မှုဖြစ်သည်။168 (၂၀၂၁ ခုနှစ်၊ ရာဇဝတ်ကျင့်ထုံးဥပဒေကိုပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၃(က)။)
  • တပ်မတော်သားများနှင့် အစိုးရဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်ခြင်းကို ဟန့်တားခြင်း (သို့မဟုတ်) နှောင့်ယှက်ခြင်းသည် ပြစ်မှုမြောက်သည်။169 (၁၈၆၁ ခုနှစ်၊ ရာဇသတ်ကြီး ပုဒ်မ ပုဒ်မ၁၂၄ (ဃ)။ ၂၀၂၁ ခုနှစ်၊ ရာဇဝတ်ကျင့်ထုံးဥပဒေကိုပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၅။)
    • ပြစ်ဒဏ် – ၇ နှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်ပါသည်။
    • အာမခံမရသောပြစ်မှု နှင့် ကြေအေးမရနိုင်သော ပြစ်မှုဖြစ်သည်။170 (၂၀၂၁ ခုနှစ်၊ ရာဇဝတ်ကျင့်ထုံးဥပဒေကိုပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၃ (ဃ)။)
  • စစ်ပုန်ကန်မှုရန်အားပေးခြင်း (သို့မဟုတ်) တာဝန်ထမ်းဆောင်နေသော တပ်မတော်သားကို တာဝန်ဝတ္တရားမှ သွေးဆောင်ရန် အားထုတ်ခြင်း သည် ပြစ်မှုမြောက်သည်။171 (၁၈၆၁ ရာဇသတ်ကြီးပုဒ်မ ၁၃၁)
    • ပြစ်ဒဏ် ၁၀နှစ်မှ အနှစ် ၂၀ အထိထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်ပါသည်။172 (၂၀၁၆ ခုနှစ်၊ ရာဇဝတ်ကျင့်ထုံး ဥပဒေအား ပြင်ဆင်သည့် ဥပဒေ ပုဒ်မ ၂(က) နှင့် ၃၅(က)။)
  • အစိုးရဝန်ထမ်းတစ်ဉီးအပေါ် ပြစ်မှုကျူးလွန်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝှိက်၍ဖြစ်စေ ကြောက်အောင်ပြုခြင်း၊ မမှန်သတင်းဖြန့်ခြင်း၊ လှုံ့ဆော်ခြင်း တို့သည် ပြစ်မှုမြောက်သည်။
    • ပြစ်ဒဏ် – ၃နှစ်အထိထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ချမှတ်ခံရနိုင်ပါသည်။173 (၂၀၂၁ ခုနှစ်၊ ရာဇသတ်ကြီးကို ပြင်ဆင်သည့်ဥပဒေ အရ ထပ်မံထည့်သွင်း လိုက်သည့် ပုဒ်မ ၅၀၅-က။ ၂၀၂၁ ခုနှစ်၊ ရာဇဝတ်ကျင့်ထုံး ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ -၇။)
  • တပ်မတော်သားများက ဖြစ်စေ၊ အစိုးရဝန်ထမ်းက ဖြစ်စေ အစိုးရ သို့မဟုတ် တပ်မတော် အပေါ် မေတ္တာပျက်စေရန်၊ စည်းကမ်းဖီဆန်ရန်၊ သစ္စာမဲ့စေရန် အားထုတ်ခြင်းသည် ပြစ်မှုမြောက်သည်။
    • ပြစ်ဒဏ် – ၂နှစ်အထိထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေချမှတ်နိုင်သည်။174 (၂၀၂၁ ခုနှစ်၊ ရာဇဝတ်ကျင့်ထုံးဥပဒေကိုပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၇။ ၁၈၆၁ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)။)
  • ရာဇ၀တ်မကင်းသောပူးပေါင်းကြံစည်မှုဆိုသည်မှာ လူနှစ်ဦး (သို့မဟုတ်)နှစ်ဦးထက်ပိုသောသူများက ဥပဒေနှင့်မညီသောပြုလုပ်မှုများကိုပြုလုပ်ခြင်း (သို့မဟုတ်) ထိုသို့ ပြုလုပ်ရန်သဘောတူညီခြင်းကို ဆိုလိုပါသည်။175 (၁၈၆၁ ရာဇသတ်ကြီး ပုဒ်မ – ၁၂၀-က)
    • ပြုလုပ်မှုသည် ဥပဒေနှင့် ဆန့်ကျင်သည်မဟုတ်သော်လည်း ဥပဒေနှင့် မညီသော နည်းလမ်းဖြင့် ပြုလုပ်မှု သည်လည်း ရာဇဝတ်မှုမြောက်ပါသည်။
    • ဥပဒေနှင့်မညီသော ပြုလုပ်မှုသည် အဆိုပါ သဘောတူညီချက်၏ ရည်ရွယ်ရင်ဖြစ်သည် မဖြစ်သည် သို့မဟုတ် ထိုရည်ရွယ်ရင်းအချက်နှင့် အကြောင်းသင့် ဆက်စပ်သည် မဆက်စပ်သည် တို့မှာအရေးပါသော အချက် မဟုတ်ပါ။
    • ပြစ်ဒဏ် – မည်သူမဆို ထောင်ဒဏ် ၂နှစ် မှ သေဒဏ်ဖြစ်စေ ထိုက်သင့်နိုင်သော ပြစ်မှုတစ်ခုခုကို ကျုးလွန်ရန် ရာဇဝတ်မကင်းသော ပူပေါင်းကြံစည်မှုကို ကျူးလွန်ပါက သက်ဆိုင်ရာ ပြစ်မှုတွင် ပြဌာန်းထားသကဲ့သို့ ပြစ်ဒဏ်ချမှတ်ရမည်။176 (၁၈၆၁ ခုနှစ်၊ ရာဇသတ်ကြီး ပုဒ်မ -၁၂၀ ခ (၁)။)
      • ၂နှစ်အထိ ထောင်ဒဏ်ချမှတ်နိုင်သည့်ရာဇဝတ်မကင်းသောပူးပေါင်းကြံစည်မှုကျူးလွန် သူသည် ခြောက်လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ငွေဒဏ်ဖြစ်စေ၊ နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရ နိုင်သည်။
      • ခြွင်းချက်အနေဖြင့် ဥပဒေပြဌာန်းချက် တစ်ရပ်သည် ပြစ်မှုတစ်ခုအား ရာဇဝတ်မကင်းသော ပူးပေါင်း ကြံစည်မှုအတွက်ပြစ်ဒဏ်ကို သီးခြားပြဌာန်းထားပါက ယင်းပြဌာန်းချက်အတိုင်း ပြစ်ဒဏ်ပေးခံရမည် ဖြစ်သည်။
  • အားပေးကူညီခြင်း177 (၁၈၆၁ ခုနှစ်၊ ရာဇသတ်ကြီး ပုဒ်မ ၁၀၇။) ဆိုသည်မှာ
    • လူတစ်ဉီးသည် အခြားသူတစ်ဉီးအား အရာတစ်ခု ကိုပြုလုပ်စေရန် လှုံဆော်ခြင်း သို့မဟုတ်
    • လူတစ်ဉီးသည် အခြားသူတစ်ဉီး သို့မဟုတ် တစ်ဉီးထက်ပိုသော သူများဖြင့် အရာတစ်ခုကို ပြုလုပ်ရန် သို့မဟုတ် ပြုလုပ်ခြင်းမှ ပျက်ကွက်ရန် ပူးပေါင်းကြံစည်ခြင်း သို့မဟုတ်
    • လူတစ်ဉီးသည် ပြုလုပ်ခြင်း သို့မဟုတ် ပျက်ကွက်ခြင်း အားဖြင့် အရာတစ်ခုကို ဆောင်ရက်စေရန် ရည်ရွယ်ချက် ရှိရှိ ကူညီခြင်း တို့ဖြစ်ပါသည်။
  • တစ်သက်တစ်ကျွန်းဒဏ် (သို့မဟုတ်) သေဒဏ်ချမှတ်နိုင်သော ပြစ်မှုအတွက်အားပေးကူညီမှုကို ကျူးလွန်သူသည်178 (၁၈၆၁ ခုနှစ်၊ ရာဇသတ်ကြီး ပုဒ်မ ၁၁၅။)
    • ယင်းသို့အားပေးကူညီခဲ့သော်လည်း အားပေးခံရသူက ထိုပြစ်မှုကို ကျူးလွန်ခဲ့ခြင်း မရှိခဲ့လျှင် ထိုပြစ်မှုအတွက် အားပေးကူညီမှုနှင့်ပတ်သက်သော ပြစ်ဒဏ်ကို သီးခြား ပြဌာန်းထားခြင်းမရှိပါက ၇နှစ်အထိ ထောင်ဒဏ် အပြင် ငွေဒဏ်လည်းချမှတ်ခံရနိုင်သည်။
    • ယင်းသို့အားပေးကူညီခဲ့သည့်အတွက် ထိုပြစ်မှုကိုကျူးလွန်ခဲ့ပြီး တစ်စုံတစ်ဦးအားနာကျင်စေလျှင် ၁၄နှစ်အထိထောင်ဒဏ် အပြင် ငွေဒဏ်လည်း ချမှတ်ခံရခံရနိုင်သည်။
  • မည်သူမဆို (တစ်ကျွန်းဒဏ် (သို့မဟုတ်) သေဒဏ်ထက်နည်းသော ) ထောင်ဒဏ်ချမှတ်ခံရနိုင်သည့် ပြစ်မှုအတွက် အားပေးကူညီမှုကျူးလွန်လျှင်
    • ယင်းသို့ အားပေးကူညီခဲ့သော်လည်း အားပေးခံရသူက ထိုပြစ်မှုကိုကျူးလွန်ခဲ့ခြင်း မရှိလျှင် အားပေးကူညီခဲ့သည့် ပြစ်မှုအတွက် ပြဌာန်းထားသည့် အများဆုံးထောင်ဒဏ် တစ်မျိုးမျိုး၏ လေးပုံ တစ်ပုံဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါသည်။179 (၁၈၆၁ ခုနှစ်၊ ရာဇသတ်ကြီး ပုဒ်မ ၁၁၆။)
  • အားပေးကူညီသူ (သို့မဟုတ်) အားပေးကူညီခြင်းခံရသူသည် အားပေးကူညီမှုကို ဟန့်တားရမည့် တာဝန် ဝတ္တရားရှိသော ပြည်သူ့ဝန်ထမ်းဖြစ်လျှင် ထိုသူကို အားပေးကူညီခံရသောပြစ်ဒဏ်အတွက်ပြဌာန်းထားသည့် အများဆုံး ထောင်ဒဏ်၏ တစ်ဝက်ဖြစ်စေ ငွေဒဏ်ဖြစ်စေ၊ နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါသည်။180 (၁၈၆၁ ခုနှစ်၊ ရာဇသတ်ကြီး ပုဒ်မ ၁၁၆။)
  • ထိမ်ချန်မှု – သေဒဏ်ဖြစ်စေ ၊ တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ ထိုက်သင့်သောပြစ်မှုတစ်ခုခုကျူးလွန်ခြင်း ကို လွယ်ကူစေရန် အားပေးကူညီလျှင် (သို့မဟုတ် ) သိလျက်နှင့် ထိမ်ချန်လျှင်181 (၁၈၆၁ ခုနှစ်၊ ရာဇသတ်ကြီး ပုဒ်မ ၁၁၈။)
    • ထိုပြစ်မှုနှင့်ပတ်သတ်၍ ပြုလုပ်မှု (သို့မဟုတ်) ပျက်ကွက်မှုအတွက် မိမိဆန္ဒအလျှောက် ထိမ်ချန်လျှင် (သို့မဟုတ်) ဖုံးကွယ်လျှင်
      • ပြစ်မှုကျူးလွန်ခြင်းရှိပါက ထိုသူကို ၇နှစ်အထိထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်သည်။
      • ပြစ်မှုကျူးလွန်ခြင်းမရှိပါ ထိုသူကို ၃နှစ်အထိထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်သည်
  • မည်သူမဆို ထောင်ဒဏ်ချမှတ်နိုင်သော ( တစ်သက်တစ်ကျွန်း (သို့မဟုတ်) သေဒဏ်ထက်နည်းသော ) ပြစ်မှုကို ကျူးလွန်ရန်လွန်ရန် မိမိသဘောဆန္ဒအလျောက် အားပေးကူညီလျှင် (သို့မဟုတ်) သိလျက်နှင့်အားပေးကူညီလျှင်182 (၁၈၆၁ ခုနှစ်၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၀)
    • ထိုပြစ်မှုနှင့်ပတ်သတ်၍ ပြလုပ်ခြင်းအားဖြင့်ဖြစ်စေ၊ ပျက်ကွက်ခြင်း အားဖြင့်ဖြစ်စေ မိမိဆန္ဒအလျှောက် ထိမ်ချန်လျှင် (သို့မဟုတ်) ဖုံးကွယ်လျှင်
      • ပြစ်မှုကျူးလွန်ခြင်းရှိပါက ထိုသူကို အမြင့်ဆုံးထောင်ဒဏ်၏ ၄ပုံတစ်ပုံ အထိ ဖြစ်စေ ၊ ထိုဥပဒေပြဌာန်းထားသည့်အတိုင်း တူညီသော ငွေဒဏ်ဖြစ်စေ၊ နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။
      • ပြစ်မှုကျူးလွန်ခြင်းမရှိပါက ထိုသူကို အမြင့်ဆုံးထောင်ဒဏ်၏ ၈ပုံတစ်ပုံဖြစ် အထိ ဖြစ်စေ ၊ ထိုဥပဒေပြဌာန်းထားသည့်အတိုင်း တူညီသော ငွေဒဏ်ဖြစ်စေ၊ နှစ်ရပ်လုံးဖြစ်စေဖြစ်စေ ချမှတ်နိုင်သည်။
  • ခြွင်းချက်အနေဖြင့် ဥပဒေပြဌာန်းချက် တစ်ရပ်သည် ပြစ်မှုတစ်ခုအား အားပေးကူညီ မှုအတွက်ပြစ်ဒဏ်ကို သီးခြားပြဌာန်းထားပါက ယင်းပြဌာန်းချက်အတိုင်း ပြစ်ဒဏ်ပေးခံရမည် ဖြစ်သည်။
  • ရာဇဝတ်ကျင့်ထုံးဥပဒေအရ 183 (၁၈၉၈ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ – ၁၄၄) တရားသူကြီးတစ်ဦးသည် အနှောင့်အယှက်ဖြစ်စေသော (သို့မဟုတ်) အန္တရာယ်ဖြစ်နိုင်သော အရေးပေါ်ကိစ္စများတွင် ယာယီအမိန့်ထုတ်နိုင်သည်။184 (ဤဥပဒေကို အုပ်ချုပ်ရေးအာဏာအဖြစ် လွဲမှားစွာ အသုံးပြုလေ့ရှိသည်။)
    • တရားသူကြီးတစ်ဦးသည် တရားစီရင်ရေးအောက်တွင် တစ်စုံတစ်ဦးအား တစ်စုံတစ်စုံသော အမှုကိုပြုလုပ်မှရှောင်ကြည်ရမည့် အကြောင်း(သို့မဟုတ်) တစ်စုံတစ်ရာကို စီမံပြုလုပ်ရမည့် အကြောင်း အမိန့် ချမှတ်နိုင်သည်။ အကယ်၍ တရားသဖြင့်လုပ်ဆောင်နေသော သူ တစ်ဦးအား တားဆီးခြင်း ၊ နှောက်ယှက်ခြင်း၊ ထိခိုက်ခြင်း၊ အန္တရာယ်ဖြစ်စေခြင်း၊ စိတ်အနှောင့်အယှက် ဖြစ် စေခြင်း (သို့မဟုတ်) လူ့အသက် ၊ ကျန်းမာရေး နှင့်လုံခြုံမှုတိုကို ထိခိုက်အန္တရာယ်ဖြစ်စေမည့် အကြောင်းပေါ်ပေါက်လျှင် ဤအမိန့်ကိုထုတ်ပြန်နိုင်သည်။ “အများပြည်သူ အေးချမ်းသာယာ ရေးကို အနှောက်အယှက်ဖြစ်စေသည့်အကြောင်းအရာများပေါ်ပေါက်သည်အခါ” တွင်လည်း ဤအမိန့်ကို ထုတ်ပြန်နိုင်သည်။185 (၁၈၉၈ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ – ၁၄၄ (၁))
      • တရားသူကြီးတစ်ဦးသည် ဤပုဒ်မအရတရားစွဲရန်လုံလောက်သော အကြောင်းပြချက် ရှိပြီး ချက်ခြင်းကြိုတင်ကာကွယ်ခြင်း (သို့မဟုတ်) ကုစားမှုပေးခြင်းတို့ကို ဆောင်ရွက် နိုင်သည်။
      • ယင်းအမိန့်ကို လူတစ်ဉီးတစ်ယောက်တည်းသို့ ဖြစ်စေ၊ အများပြည်သူသို့ ဖြစ်စေ ချမှတ်နိုင်သည်။186 (၁၈၉၈ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ – ၁၄၄ (၃))
      • ဤပုဒ်မအရ အမိန့်ထုတ်ခံရသူတစ်ဦးသည် ယင်းအမိန့်ကို ပယ်ဖျက်ခြင်း သို့မဟုတ် ပြောင်းလဲပေးပါရန် လျှောက်ထားခွင့်ရှိပြီး ယင်းလျှောက်ထားမှုအတွက် ကြားနာခြင်း ရပိုင်ခွင့်ရှိသည်။187 (၁၈၉၈ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ – ၁၄၄ (၅))
        • ထိုသို့သောအမိန့်စာသည် ရက် ၆၀ အထိသာ အကျုံးဝင်ပါသည်။ 188 (1898 Criminal Procedure Code, S.144(6).)
        • “လူ့အသက်၊ ကျန်းမာရေး သို့မဟုတ် ဘေးကင်းရေး သို့မဟုတ် အဓိကရုဏ်း သို့မဟုတ် ရုန်းရင်းဆန်ခတ်ဖြစ်နိုင်ခြေ” ရှိသည့်အခြေအနေများတွင်နိုင်ငံတော် သမ္မတသည် ရက်ပေါင်း ၆၀ ပို၍ သက်တမ်းတိုးနိုင်သည်။”
  • ပြည်သူပိုင်ပစ္စည်း ဆိုသည်မှာ ဒေသအာဏာပိုင်များ၊ စစ်တပ်နှင့်/သို့မဟုတ် အစိုးရမှ အသုံးပြုရန် ရည်ရွယ်ထားသော မည်သည့်ပစ္စည်းကိုမဆို ဆိုလိုပါသည်။ အများပိုင်ပစ္စည်း စာရွက်စာတမ်းများပင် ပါဝင်နိုင်သည်။189 (၁၉၄၇ ပြည်သူပိုင်ပစ္စည်းကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၂ (စျ))
  • ပြည်သူပိုင်ပစ္စည်းကို ခွင့်ပြုချက်မရှိဘဲ လက်ဝယ်ထားခြင်း၊ ခိုးယူခြင်း၊ အလွဲသုံးစားလုပ်ခြင်း၊ သို့မဟုတ် ဖျက်ဆီးခြင်းသည် ပြစ်မှုမြောက်သည်။ 190 (၁၉၄၇ ပြည်သူပိုင်ပစ္စည်းကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၆(၁))
    • စွပ်စွဲခံရသူသည် ပြည်သူပိုင်ပစ္စည်းကို ခွင့်ပြုချက်ဖြင့် လက်ဝယ်ထားခြင်း ဖြစ်ကြောင်း သက်သေထင်ရှားပြသရန် တာဝန်ရှိပါသည်။ 191 (၁၉၄၇ ပြည်သူပိုင်ပစ္စည်းကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၆(၂))
    • ဝရမ်းမပါဘဲ ဖမ်းဆီး နိုင်သည်။192 (၁၉၄၇ ပြည်သူပိုင်ပစ္စည်းကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၇(၁))
    • ပြစ်ဒဏ်- ခုနှစ်နှစ်အထိ ထောင်ဒဏ်နှင့်/သို့မဟုတ် ငွေဒဏ်။193 (၁၉၄၇ ပြည်သူပိုင်ပစ္စည်းကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၆)
  • ပျောက်ဆုံးသွားသော သို့မဟုတ် စွန့်ပစ်ထားသော ပြည်သူပိုင်ပစ္စည်းများကို တွေ့ရှိလျှင် ဖယ်ရှားခြင်း သို့မဟုတ် တစ်မျိုးတစ်ဖုံပြုလုပ်ခြင်းတို့မပြုသင့်ပါ။194 (၁၉၄၇ ပြည်သူပိုင်ပစ္စည်းကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၃)
    • အခြေအနေများပေါ်မူတည်၍ အာဏာပိုင်များထံ တင်ပြတင်ပြရန် လိုအပ်ပါသည်။195 (အသေးစိတ်အချက်အလက်များအတွက် ၁၉၄၇ ပြည်သူပိုင်ပစ္စည်းကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၃(က) ကိုကြည့်ပါ၊)
    • ပြစ်ဒဏ်- ခြောက်လနှင့်/သို့မဟုတ် ငွေဒဏ်။
  • ဤဥပဒေအား ချိုးဖောက်ရန် အားထုတ်ခြင်း၊ အားပေးကူညီခြင်း၊ သို့မဟုတ် တနည်းနည်းဖြင့် ပြင်ဆင်ခြင်း တို့သည့် ပြစ်မှု ဖြစ်ပါသည်။196 (၁၉၄၇ ပြည်သူပိုင်ပစ္စည်းကာကွယ်ပေးရေးဥပဒေ ပုဒ်မ ၉)
  • သဘာဝဘေးအန္တရာယ်ဆိုသည်မှာ “အသက်နှင့်ပစ္စည်းဥစ္စာပိုင်ဆိုင်မှု၊ အသက်မွေးဝမ်းကျောင်းမှု၊အခြေခံ အဆောက်အအုံများ” နှင့် “အများပြည်သူ၏ကျန်းမာရေး” သို့မဟုတ် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးခြင်း တို့ ပါဝင်သည်။
    • ဤအဓိပ္ပါယ်ဖွင့်ဆိုချက်တွင် သဘာဝအလျောက်ဖြစ်စေနှင့် လူပြုလုပ်မှုကြောင့်ဖြစ်စေ၊ပေါ့ဆမှု ကြောင့် ဖြစ်စေ ဖြစ်ပေါ်လာသော မီးလောင်မှု၊ မြေပြိုမှု၊ ရေကြီးမှု၊ မြေတိုက်စားမှု၊ ကောက်ပဲသီးနှံများပျက်စီးမှု၊ ကူးစက်ရောဂါဖြစ်ပွားမှု၊ အကြမ်းဖက်မှု သို့မဟုတ် လက်နက်ကိုင် သောင်းကျန်းမှုများ၊ ဆီယိုဖိတ်မှုများပါဝင်သည်။
    • သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးကော်မတီသည် ဥပဒေတွင်မပါဝင်သေးသော နောက်ထပ်အန္တရာယ်များကို သတ်မှတ်ပိုင်ခွင့်ရှိသည်။ 197 (၂၀၁၃ ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဆိုင်ရာဥပဒေ ပုဒ်မ ၂ (ခ))
  • ဤဥပဒေသည် Covid-19 ကပ်ရောဂါ ဆိုင်ရာ တရားဝင် ကန့်သတ်ချက်များကို ချိုးဖောက်သော ပုဂ္ဂိုလ်များကို အရေးယူရာတွင် အသုံးချသည်။
  • သဘာဝဘေးအန္တရာယ်ဖြစ်စေနိုင်သော(သို့) ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသောလုပ်ရပ်များကိုတမင်တကာ လုပ်ဆောင်မှု၊ သို့မဟုတ် ပေါ့ဆမှုတစ်စုံတစ်ရာ၊ ကို ကျူးလွန်ခြင်းအတွက်198 (၂၀၁၃ ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဆိုင်ရာဥပဒေ ပုဒ်မ ၂၅)
    • ပြစ်ဒဏ်- သုံးနှစ်အထိ ထောင်ဒဏ်နှင့်/သို့မဟုတ် ငွေဒဏ်။
  • သက်ဆိုင်ရာအစိုးရ၏ ညွှန်ကြားချက်များကို လိုက်နာရန်တမင်ပျက်ကွက်ခြင်း199 (၂၀၁၃ ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဆိုင်ရာဥပဒေ ပုဒ်မ ၃၀ (က))
    • ပြစ်ဒဏ်- တစ်နှစ်အထိ ထောင်ဒဏ်နှင့်/သို့မဟုတ် ငွေဒဏ်။200 (၂၀၁၃ ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဆိုင်ရာဥပဒေ ပုဒ်မ ၃၀)
    • ကူးစက်နိုင်သောရောဂါများကို ထိန်းချုပ်ရန် ကာကွယ်ရေးအစီအမံများကို လိုက်နာရန် ပျက်ကွက်သူများသည် အခြားဥပဒေအရလည်းအရေးယူခံရနိုင်ယူခံရနိုင်ပါသည်။ 201 (၁၉၉၅ ခုနှစ် ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေးဥပဒေ၊ ပုဒ်မ ၁၅ မှ ပုဒ်မ ၁၈)
  • အများပြည်သူ ကြောက်ရွံ့မှု သို့မဟုတ် စိုးရိမ်ပူပန်မှုဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် သဘာဝ ဘေးအန္တရာယ် တစ်ခုနှင့်ပတ်သက်၍ မဟုတ်မမှန်သတင်းလွှင့်ခြင်း
    • ပြစ်ဒဏ်- တစ်နှစ်အထိ ထောင်ဒဏ်နှင့်/သို့မဟုတ် ငွေဒဏ်။202 (၂၀၁၃ ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဆိုင်ရာဥပဒေ ပုဒ်မ – ၂၇)

၂၀၁၃ခုနှစ် ဆက်သွယ်ရေးဥပဒေ203 (၂၀၁၇ခုနှစ်တွင်ပြင်ဆင်ခဲ့သည်။)

  • ဆက်သွယ်ရေးကွန်ယက်ကိုအသုံးပြု၍ အသရေဖျက်ခြင်းဆိုသည်မှာ “မည်သူမဆို ဆက် သွယ်ရေးကွန်ရက် ကို အသုံးပြုပြီး ခြောက်လှန့်တောင်းယူခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း တို့သည် ပြစ်မှုမြောက်သည်။204 (၂၀၁၇ ခုနှစ် ဆက်သွယ်ရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေပုဒ်မ၄။ ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆)
    • အမှုကို နစ်နာသူ သို့မဟုတ် နစ်နာသူ၏ ကိုယ်စားလွှဲအပ်ခြင်းခံရသူကသာ တိုင်ကြားနိုင်သည်။ 205 (၂၀၁၇ ခုနှစ် ဆက်သွယ်ရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေ ပုဒ်မ-၅။ ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၈၀(ဂ)။)
    • တရားစွဲဆိုမှု ဆက်လက်လုပ်ဆောင်ရန်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန206 (ယခင်က ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန)  ၏ ကြိုတင်ခွင့်ပြုချက် ရယူရမည်ဖြစ်သည်။207 (၂၀၁၇ ခုနှစ် ဆက်သွယ်ရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေ ပုဒ်မ -၅။ ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၈၀(ခ)။)
    • ပြစ်ဒဏ် အများဆုံး (၃)နှစ်ထိထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်သည်။208 (၂၀၁၇ ခုနှစ် ဆက်သွယ်ရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေ ပုဒ်မ-၃။)
  • မမှန်မကန်သောသတင်းအချက်အလက်မျှဝေခြင်း – မရိုးဖြောင့်သောသဘောဖြင့် မမှန်ကန်သော သတင်း ကို ဆက်သွယ်ခြင်း၊ ဖမ်းယူခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဝေခြင်း နှင် ပေးဝေခြင်း (သို့မဟုတ်)ထို ကိစ္စရပ် အတွက် ပူးပေါင်းပါဝင် ခြင်း တို့ ကျူးလွန်ခြင်းသည် ပြစ်မှုမြောက်သည်။ 209 (၂၀၁၇ ခုနှစ် ဆက်သွယ်ရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေပုဒ်မ-၃ ။ ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၈(က)။)
    • ပြစ်ဒဏ် အများဆုံး ၃နှစ်အထိထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်သည်။210 (၂၀၁၇ ခုနှစ် ဆက်သွယ်ရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေ ပုဒ်မ – ၃။ ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆။)
  • ဤဥပဒေအရ ပြစ်မှုများသည် အာမခံ ပေးနိုင်သောပြစ်မှုများဖြစ်သည်။
  • ပစ္စည်းများကို ရှာဖွေသိမ်းယူရန် အာဏာ- အာဏာပိုင်များသည်211 (ဤကိစ္စတွင် “အာဏာပိုင်များ” သည် ဤဥပဒေအရ ဖွဲ့စည်းထားသော ဌာနနှင့် အထက်ဖော်ပြပါဌာနမှ တာဝန်ပေးအပ် ထားသည့် “သင့်လျော်သော ပုဂ္ဂိုလ်များ” ၏ သတ်မှတ်ထားသော စစ်ဆေးရေးအဖွဲ့ကိုရည်ညွှန်းပါသည်။၂၀၁၃ဆက်သွယ်ရေး ဥပဒေ၊ ပုဒ်မ၄၀) ပစ္စည်းများ ရှာဖွေသိမ်းယူရန် အခွင့်အာဏာ ရှိသည်။
  • ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် အများပြည်သူအကျိုးစီးပွားအတွက် “အရေးပေါ် အခြေအနေ များ” တွင် တယ်လီဖုန်းဆက်သွယ်ရေးများကို ပိတ်ရန်၊ ဟန့်တားရန်၊ လိုအပ်သော သတင်းအချက်အလတ်များကို ရယူခြင်းနှင့် ထိန်းချုပ်ခြင်းဆိုင်ရာ အခွင့်အာဏာရှိသည်။212 (၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ -၇၇။)

၂၀၁၃ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ213 (၂၀၁၄၊ ၂၀၁၆၊ ၂၀၁၇ နှင့် ၂၀၁၈ တို့တွင် ပြင်ဆင်ထားပါသည်။ အဂတိလိုက်စားမှုဆိုင်ရာ လုပ်ရပ်များ ပါ၀င်သည့် အခြားသော ဥပဒေ ပြဋ္ဌာန်းချက်များ အတွက် ရာဇသတ်ကြီး ပုဒ်မ-၁၆၁ မှ ၁၆၃ တွင် ကြည့်ပါ (အစိုးရ အရာရှိများနှင့် ပြည်သူ့ဝန်ထမ်း များနှင့်သာ သက်ဆိုင်သည်)။ ပုဂ္ဂလိကနိုင်ငံသားများသည် ရာဇသတ်ကြီးပုဒ်မအရ စွဲချက်တင်ခံရနိုင်သော်လည်း၊ “ပေးဆောင်ခြင်း” သို့မဟုတ် “ပူးပေါင်းကြံစည်မှု” အရ စွဲချက်တင်ခံရနိုင်သည်။)

  • အဂတိလိုက်စားမှုဆိုသည်မှာ ရာထူးတာဝန်ကိုအလွဲသုံးစားပြုလုပ်၍ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ အကျိုးအမြတ်တစ်စုံတစ်ရာကို ပြုလုပ်ခြင်း (သို့မဟုတ်) ရယူခြင်း (သို့မဟုတ်) ရယူရန်အားထုတ် ခြင်းကို ဆိုလိုသည်။ 214 (၂၀၁၈ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေ ပုဒ်မ-၄၊ ၂၀၁၃ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၏ ပုဒ်မ-၃(က)(၁)-(၂) ကို ပြင်ဆင်ခြင်း။)
    • ဥပဒေနှင့်မညီသော အရာတခုခုကို ပြုလုပ်ခြင်း၊ ဥပဒေနှင့်အညီပြုလုပ်ခြင်းမှရှောင်ကြည်ခြင်း၊ တစ်ဦးတစ်ယောက်၏ ဥပဒေနှင့်အညီ ရသင့်သောအခွင့်အရေးကို ပေးခြင်း သို့မဟုတ် ငြင်းဆိုခြင်းတို့ဖြင့် ရာထူးအာဏာကို အလွဲသုံးစားလုပ်နိုင်ပါသည်။
  • နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ၏ လာဘ်ပေးလာဘ်ယူမှုသည်ပြစ်မှုမြောက်သည်။ 215 (၂၀၁၃ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၅)
    • ပြစ်ဒဏ် ၁၅နှစ်အထိထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။
  • နိုင်ငံရေးရာထူးလက်ရှိဖြစ်သူမှအပ “အခြားလုပ်ပိုင်ခွင့်ရှိသူ” မည်သူမဆို၏ လာဘ်ပေးလာဘ်ယူမှုသည် ပြစ်မှု မြောက်သည်။ 216 (၂၀၁၃ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ(၂၀၁၃) ပုဒ်မ – ၅၆)
    • ပြစ်ဒဏ် ၁၀နှစ်အထိထောင်ဒဏ်ချမှတ်ရမည့်အပြင်ငွေဒဏ်လည်းချမှတ်နိုင်သည်။
  • နိုင်ငံရေးရာထူးလက်ရှိဖြစ်သူနှင့်လုပ်ပိုင်ခွင့်အာဏာရှိသူမှအပ အခြားမည်သူမဆိုကျူးလွန်သော လာဘ်ပေးလာဘ်ယူမှုသည် ပြစ်မှု မြောက်သည်။217 (၂၀၁၃ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ(၂၀၁၃) ပုဒ်မ – ၅၇)
    • ပြစ်ဒဏ် ၇နှစ်အထိထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။
  • မည်သူမဆို ၂၀၁၃ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါပြစ်မှုတစ်ခုခုကိုကျူးလွန်ရန် အားထုတ်ခြင်း၊ လှုံဆော်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း ပြုလုပ်လျှင် ၄င်းပြစ်ဒဏ်အတွက်ချမှတ်ထားသော ပြစ်ဒဏ်ချမှတ်ခြင်းခံရမည်။ 218 (၂၀၁၃ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ(၂၀၁၃) ပုဒ်မ -၆၃)
  • ဤဥပဒေအရ အရေးယူခွင့်ရှိသည့်ပြစ်မှုများသည် ရဲအရေးပိုင်သော ပြစ်မှုဖြစ်သည်။219 (၂၀၁၃ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ(၂၀၁၃) ပုဒ်မ – ၆၉)
  • တရားသူကြီးများနှင့်ဥပဒေအရာရှိများအပါအဝင် ပြည်သူ့ဝန်ထမ်းများကျူးလွန်သော အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုနှင့် ရာထူးအာဏာ အလွဲသုံးစားလုပ်မှုများကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် (ACC ) တွင်တိုင်ကြားနိုင်သည်။
    • သတင်းပေးပို့တိုင်ကြားသူသည် အသရေဖျက်မှု (သို့မဟုတ်) အခြားသောဥပဒေများဖြင့်အရေးယူ ခြင်းမှရှောင်ရှားရန် ခိုင်လုံသောအကြောင်းပြချက်ကိုတင်ပြရမည်။220 (၂၀၁၃ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ(၂၀၁၃) ပုဒ်မ – ၄၆)
      • မည်သူမဆိုခိုင်လုံသောအကြောင်းပြချက်မရှိပဲ အခြားသူတစ်ဦးကိုနစ်နာစေရန် ရည်ရွယ်၍ တိုင်ကြားကြောင်းတွေ့ရှိလျှင် ထိုသူကို ၃နှစ်အထိထောင်ဒဏ်ချမှတ်နိုင်သည့် အပြင် ငွေဒဏ်ပါချမှတ်နိုင်သည်။ 221 (၂၀၁၈ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေ ပုဒ်မ – ၂၄ ၊ ၂၀၁၃ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၉ပြင်ဆင်ချက်)
  • “အစိုးရ လျို့ဝှက်ချက်” နှင့်ပတ်သတ်၍ ဤဥပဒေအရအဓိပ္ပါယ်ဖွင့်ဆိုချက်မရှိပါ။
  • မည်သူမဆို နိုင်ငံတော်၏လုံခြုံရေး (သို့မဟုတ်) အကျိုးစီပွားကို ထိခိုက်စေသောရည်ရွယ်ချက်ဖြင့် တားမြစ်ထားသောနေရာတွင် ရှိနေခြင်းသည် ပြစ်မှုမြောက်ပါသည်။222 (၁၉၂၃ခုနှစ် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (က))
    • တားမြစ်ထားသောနေရာတွင်223 (၁၉၂၃ခုနှစ် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၂(၈)) စစ်ဘက်ဆိုင်ရာ နေရာများလည်း ပါဝင်ပါသည်။
    • ထိုပြစ်မှုသည် ရဲအရေးပိုင်သောပြစ်မှုများဖြစ်ပြီး အာမခံမရသောပြစ်မှုများဖြစ် သည်။224 (၁၉၂၃ခုနှစ် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၁၂ (က))
    • ပြစ်ဒဏ်- ထောင်ဒဏ် ၃ နှစ် အထိ ချမှတ်ခံရနိုင်သကဲ့သို့ စစ်ဘက်ဆိုင်ရာကိစ္စ သို့မဟုတ် အစိုးရ လျှို့ဝှက်စာနှင့် သက်ဆိုင်သော အထူးအခြေအနေ ကိစ္စရပ်များတွင် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရနိုင်ပါသည်။
  • ရန်သူကိုတိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးဝင်စေနိုင်သော မည်သည့် ပုံကြမ်း၊ စနစ်ပုံ၊ နမူနာပုံစံ သို့မဟုတ် မှတ်စုကိုမဆို ပြုလုပ်ခြင်းသည်ပြစ်မှုမြောက်ပါသည်။225 (၁၉၂၃ခုနှစ် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃(၁) (ခ))
    • ရန်သူအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အသုံးဝင်စေမည်ဟု တွက်ချင့်ထား သောသတင်းအချက်အလက်တစ်ရပ်ရပ်ကို ရယူခြင်း၊ စုဆောင်းခြင်း၊ ထုတ်ဝေခြင်းတို့သည် ပြစ်မှုမြောက်ပါသည်။ 226 (၁၉၂၃ခုနှစ် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ))
    • ထိုပြစ်မှုသည် ရဲအရေးပိုင်သောပြစ်မှု၊ အာမခံမရသောပြစ်မှုဖြစ်သည်။ 227 (၁၉၂၃ခုနှစ် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၁၂ (က))
    • ပြစ်မှု- ထောင်ဒဏ် ၃ နှစ် အထိ ချမှတ်ခံရနိုင်သကဲ့သို့ စစ်ဘက်ဆိုင်ရာကိစ္စ သို့မဟုတ် အစိုးရ လျှို့ဝှက်စာနှင့် သက်ဆိုင်သော အထူးအခြေအနေ ကိစ္စရပ်များတွင် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရနိုင်ပါသည်။
  • အထက်တွင်ဖော်ပြထားသော တစ်ခုခုကိုကျူးလွန်ရာတွင် (မြန်မာနိုင်ငံအတွင်း၌ ဖြစ်စေ၊ အပြင်၌ဖြစ်စေ ရှိနေသော) နိုင်ငံခြားသူလျှို နှင့် ဆက်သွယ်လျှင် သို့မဟုတ် ဆက်သွယ်ခဲ့ခြင်း သို့မဟုတ် ဆက်သွယ်ရန် အားထုတ်ခဲ့သည် ဟူဟူသော အချက်သည် ရန်သူအတွက် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ အသုံးဝင်စေနိုင်မည့် သတင်းအချက်အလက်ကို ရယူခဲ့ကြောင်း၊ သို့မဟုတ် ရယူရန်အားထုတ်ခဲ့ကြောင်း သက်သေပြရာတွင် စပ်ဆိုင်သော အကြောင်းအရာ ဖြစ်သည်သည်။ 228 (၁၉၂၃ခုနှစ် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၄)
    • စွပ်စွဲခံရသူသည် နိုင်ငံခြားသူလျိုနှင့် အဆက်အဆံ၊ အပေါင်းအဖော်ပြုလျှင် (သို့မဟုတ်) နိုင်ငံခြားသူလျိုရှိရာ နေရာသို့ သွားရောက်ခဲ့ပါက (သို့မဟုတ်)
      • စွပ်စွဲခံရသူသည် နိုင်ငံခြားသူလျှို နှင့်ပတ်သက်သည့် အမည်၊ လိပ်စာ သို့မဟုတ် အခြားအချက်အလက်တစ်ခုခုကို လက်ဝယ်ရှိလျှင် နိုင်ငံခြားသူလျှိုနှင့် ဆက်သွယ်သည်ဟု မှတ်ယူခံရမည်ဖြစ်သည်။
    • နိုင်ငံခြားသူလျို229 (၁၉၂၃ခုနှစ် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၄ (၂) (ခ)) ဆိုသည်မှာ နိုင်ငံတော်၏ လုံခြုံရေး သို့မဟုတ် အကျိုးစီးပွားကို ထိခိုက်စေရန်ရည်ရွယ်ပြီး ပြုလုပ်မှု တစ်ခုခုကိုကျူးလွန်ရန် နိုင်ငံခြားအင်အားစု တစ်ရပ်ရပ်က တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ၍ ဖြစ်စေ စေခိုင်းခြင်းခံရသူ သို့မဟုတ် စေခိုင်းခြင်းခံခဲ့ရသူဟု မသင်္ကာဖွယ်ရာ လုံလောက်သော အကြောင်းရှိသူ (သို့မဟုတ်)
      • နိုင်ငံခြားအင်အား၏အကျိုးငှာ အဆိုပါပြုလုပ်မှုကို ပြည်ထောင်စုမြန်မာနိုင်ငံတော် အတွင်းတွင်ဖြစ်စေ၊ ပြင်ပတွင်ဖြစ်စေ ကျူးလွန်သူ သို့မဟုတ် ကျူးလွန် ရန် အားထုတ်သူ သို့မဟုတ် ကျူးလွန်ခဲ့သည်ဟူ၍ သော်လည်းကောင်း၊ ကျူးလွန်ရန် အားထုတ်ခဲ့သည် ဟူ၍သော်လည်းကောင်း၊ မသင်္ကာဖွယ်ရာ လုံလောက်သော အကြောင်းရှိသူ
  • တရားဝင်လျို့ဝှက်ထားသည့်သတင်းအချက်အလက်ကို လက်ဝယ်ထားသူ သို့မဟုတ် ကြီးကြပ်သူသည် ယင်း သတင်းအချက်အလက်ကို 230 (၁၉၂၃ခုနှစ် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၅(၁) (က) – (ဃ))
      • တာဝန်ရှိသောသူမှတစ်ပါး အခြားသူတစ်ဦးဦးအား တမင်ဆက်သွယ်ပြောကြားလျှင်
      • နိုင်ငံခြားအင်အားအကျိုးအတွက် သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် နိုင်ငံတော်၏လုံခြုံရေးကို ထိခိုက်စေရန်အတွက် အသုံးပြုလျှင်
      • ဥပဒေနှင့်အညီ ခန့်အပ်ထားသော အာဏာပိုင်ကထုတ်ဆင့်သည့် ညွှန်ကြားချက် အားလုံးကို လိုက်နာရန် တမင်ပျက်ကွက်ခြင်း အပါအဝင် ဆက်လက်ထားပိုင်ခွင့်မရှိဘဲ သို့မဟုတ် တာဝန်နှင့်ဆန့်ကျင်လျှက် ဆက်လက်ထားခြင်း သို့မဟုတ် ပြန်ပေးခြင်း
      • လျှို့ဝှက်ထားသည့် တရားဝင်သင်္ကေတ၊ စကားဝှက် သို့မဟုတ် သတင်းအချက်အလက်ကို ထိုက်သင့်သည့်အတိုင်း ထိန်းသိမ်းရန် ပျက်ကွက်လျှင်
    • ပြစ်ဒဏ် ထောင်ဒဏ်နှစ်နှစ်အထိဖြစ်စေ၊ငွေဒဏ်ဖြစ်စေ ချမှတ်ရမည်။231 (၁၉၂၃ခုနှစ် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၅ (၄))
    • အထက်ဖော်ပြပါပြစ်ဒဏ်များသည် ရဲအရေးမပိုင်သောပြစ်မှုနှင့် အာမခံမရသော ပြစ်မှုဖြစ်သည်။232 (၁၉၂၃ခုနှစ် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၁၂ (ဂ))
  • သတင်းအချက်အလက်သည် တရားဝင်လျို့ဝှက်ထားရမည့်သတင်းအချက်အလက်ဖြစ်ကြောင်း သိလျက်နှင့်ဖြစ်စေ၊ သိမည်ဟု ယုံကြည်ရန် လုံလောက်သောအကြောင်း ရှိလျက်နှင့်ဖြစ်စေ လက်ခံလျှင်233 (၁၉၂၃ခုနှစ် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၅ (၂))
    • ပြစ်ဒဏ် ၂နှစ်အထိထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ပါချမှတ်နိုင်သည်။234 (၁၉၂၃ခုနှစ် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၅ (၄))
    • အထက်ဖော်ပြပါပြစ်ဒဏ်များသည် ရဲအရေးမပိုင်သောပြစ်မှုနှင့် အာမခံမရသော ပြစ်မှုဖြစ်သည်။235 (၁၉၂၃ခုနှစ် မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၁၂ (ဂ))

၁၉၀၈ မတရားအသင်းများအက်ဥပဒေ236 (၁၉၅၄ နှင့် ၁၉၅၈ ခုနှစ်တို့တွင် ပြင်ဆင်ခဲ့သည်။)

  • မတရားအသင်းဆိုသည်မှာ သီးခြားအမည် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အုပ်စုအဖြစ် သတ်မှတ်ထားသည့် အစုအဖွဲ့ကိုဆိုလိုပြီး ယင်းအဖွဲ့သည်-
    • လူအများကို အကြမ်းဖက်သည့် ပြုလုပ်မှုများကိုကျူးလွန်စေရန် သို့မဟုတ် ခြိမ်းခြောက်စေရန် အားပေးသည့် သို့မဟုတ် ပံ့ပိုးသည့် အဖွဲ့၊ သို့တည်းမဟုတ် ယင်းအဖွဲ့တွင် အဆိုပါ အပြုအမူများကို ကျူးလွန်လေ့ရှိသူများက အဖွဲ့ဝင်အဖြစ် ပါသည့် အဖွဲ့ 237 (၁၉၀၈ မတရားအသင်းများအက်ဥပဒေ၊ ပုဒ်မ ၁၅ (က)) (သို့မဟုတ်)
    • နိုင်ငံတော်သမ္မတက ဥပဒေနှင့်ဆန့်ကျင်သည့်အဖွဲ့ (မတရားအသင်း) ဖြစ်သည် ဟု ကြေညာထားသည့် အသင်းအဖွဲ့ ဖြစ်သည်238 (၁၉၀၈ မတရားအသင်းများအက်ဥပဒေ၊ ပုဒ်မ ၁၅ (ခ))
      • နိုင်ငံတော်သမ္မတသည် အောက်ဖော်ပြပါအကြောင်းအ တခုခုရှိသည်ဟု ထင်မြင်ယူဆလျှင် အဖွဲ့အစည်း တစ်ရပ်ကို မတရားအသင်းအဖြစ်ကြေညာနိုင်သည် –239 (၁၉၀၈ မတရားအသင်းများအက်ဥပဒေ၊ ပုဒ်မ ၁၆)
        • “အများပြည်သူငြိမ်းချမ်းရေး” ကို အန္တရာယ်ဖြစ်စေသည်
        • တရားဥပဒေစိုးမိုးမှုကိုအနှောက်အယှက်ဖြစ်စေသည် သို့မဟုတ် ဥပဒေနှင့် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ခြင်းကို အနှောင့်အယှက်ဖြစ်စေသည်
  • မတရားအသင်း၏ လုပ်ကိုင်ဆောင်ရွက်များကို တစ်နည်းနည်းဖြင့်ကူညီခြင်းသည် ပြစ်မှု မြောက်ပါသည်။ 240 (၁၉၀၈ မတရားအသင်းများအက်ဥပဒေ၊ ပုဒ်မ ၁၇ (၁)) ယင်းတွင် အောက်ပါအချက်များသာမက အခြားအချက်များလည်း ပါဝင်နိုင်ပါသည်။
    • မတရားအသင်း၏ အဖွဲ့ဝင်ဖြစ်ခြင်း (သို့မဟုတ်) ယင်းအဖွဲ့၏ အစည်းအဝေးများတွင်ပါဝင်ခြင်း
    • မတရားအသင်း၏ရည်ရွယ်ချက်အလို့ဌာ ငွေကြေးထောက်ပံ့ခြင်း ၊တောင်းခံခြင်း နှင့် လက်ခံခြင်း
    • ပြစ်ဒဏ် ၂နှစ်ထက်မနည်း ၃နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်ပါချမှတ်နိုင်သည်။ 241 (၁၉၅၄ ခုနှစ်မတရားအသင်းများအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေပုဒ်မ၂(၁) ၊ ၁၉၀၈ မတရားအသင်းများအက်ဥပဒေပုဒ်မ ၁၇ (၁))
  • မည်သူမဆို မတရားအသင်းကို စီမံခန့်ခွဲလျှင် သို့မဟုတ် စီမံခန့်ခွဲရာတွင် ကူညီလျှင် သို့မဟုတ် (ယင်း အဖွဲ့၏) အသင်းဝင်များ၏အစည်းအဝေးဖြစ်မြောက်ရေးအတွက် ဆော်သြလျှင် သို့မဟုတ် ကူညီလျှင် ၄င်းသည် ကြီးလေးသောပြစ်ဒဏ် ချမှတ်ခံရနိုင်ပါသည်။242 (၁၉၅၄ ခုနှစ် မတရားအသင်းများအက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၂(၂) ၊ ၁၉၀၈ မတရားအသင်းများအက်ဥပဒေပုဒ်မ ၁၇ (၂))
    • ပြစ်ဒဏ် ၃နှစ်ထက်မနည်း ၅နှစ်ထက်မပိုသောထောင်ဒဏ်ချမှတ်ခံရမည့်အပြင် ငွေဒဏ်ပါ ချမှတ်ခံရနိုင်ပါသည်။

၁၉၉၆ ရုပ်မြင်သံကြား နှင့် ဗီဒီယို ဥပဒေ243 (၂၀၁၈ နှင့် ၂၀၂၁ ခုနှစ်တို့တွင် ပြင်ဆင်ထားပါသည်။)

  • ဤ ဥပဒေ အရ ရုပ်မြင်အသံကြားစက်များ၊ ဗီဒီယို ကတ်ဆက် အသံဖမ်းစက်များနှင့် ဂြိုလ်တု ရုပ်မြင်သံကြား ဖမ်းစက်များကို ဆက်သွယ်ရေး ဝန်ကြီးဌာန ၌ မဖြစ်မနေ မှတ်ပုံတင်ရန် လိုအပ်သည်။
  • တရားဝင် ခွင့်ပြုချက်မရှိဘဲ ဂြိုလ်တုရုပ်မြင်သံကြားဖမ်းစက်များကို လက်ဝယ်ပိုင်ဆိုင်ထားမှု သည် ပြစ်မှုမြောက်ပြီး ဥပဒေအရ အရေးယူခံရမည်။244 (ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနက ၁၉၉၆ ခုနှစ် ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေနှင့် ပတ်သက်ပြီး ၁၅.၅.၂၀၂၁ ရက်နေ့က ထုတ်ပြန်သော ကြေညာစာ အမှတ် ၁/၂၀၂၁၊ အပိုဒ် ၂။ ပြစ်ဒဏ်နှင့် ပတ်သက်၍ ယင်းကြေညာစာ အပိုဒ် ၄ ကို ကြည့်ပါ။)
    • ပြစ်ဒဏ်။ ထောင်င်ဒဏ် ၁ နှစ် ဖြစ်စေ၊ မြန်မာငွေကျပ် (၅) သိန်းအထိအဖြစ်စေ၊ နှစ်မျိုးလုံး ဖြစ်စေ ချမှတ်ခံရနိုင်ပါသည်။245 (ယခင် ထောင်ဒဏ် ၆၊ ဒဏ်ငွေ ငါးသောင်း ကို တိုးမြှင့်ထားခြင်း ဖြစ်သည်။ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၁၈/၂၀၂၁) ပုဒ်မ ၃။ ၁၉၉၆ ခုနှစ်၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ ပုဒ်မ ၃၆။)
  • ဤ ဥပဒေ အရ ထုတ်ပြန်ထားသည့် အမိန့်များ သို့မဟုတ် ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခြင်း သည်လည်း ပြစ်မှုမြောက်သည်။
    • ပြစ်ဒဏ်။ ထောင်င်ဒဏ် ၁ နှစ် ဖြစ်စေ၊ မြန်မာငွေကျပ် (၅) သိန်းအထိအဖြစ်စေ၊ နှစ်မျိုးလုံး ဖြစ်စေ ချမှတ်ခံရနိုင်ပါသည်။246 (ယခင် ထောင်ဒဏ် ၆၊ ဒဏ်ငွေ ငါးသောင်း ကို တိုးမြှင့်ထားခြင်း ဖြစ်သည်။ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၁၈/၂၀၂၁) ပုဒ်မ ၃။ ၁၉၉၆ ခုနှစ်၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ ပုဒ်မ ၃၆။)