ဤစာအုပ်မှာ Sir Arthur Eggar ပြုစုရေးသားခဲ့သည့် Digest of the Government of Burma Act စာအုပ်၏ အပိုင်း(၁) ပါ Drafting Bills ကို ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။ ဥပဒေမူကြမ်းရေးဆွဲခြင်းပညာမှာ အရေးကြီးသည့် အပြင် ခေတ်တိုင်း ခေတ်တိုင်းတွင် ရှိနေမည့် လုပ်ငန်းစဉ် တစ်ခုလည်းဖြစ်သည်။ ဥပဒေမူကြမ်းတစ်ခုရေးဆွဲရာတွင် ပါဝင်ရမည့် အရေးကြီးသည့် အချက်များကိုလည်း သိရှိထားရန် လိုအပ်သည်။ သို့်မှသာ ကောင်းမွန်သည့် ဥပဒေတစ်ခုကို ရရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့်လည်း အဆိုပါ လိုအပ်ချက်များကို ပြည့်ပြည့်စုံစုံ သိရှိထားရန်လိုသည်ဟု ယူဆမိသဖြင့် ဤဘာသာပြန်စာအုပ်ကို ထုတ်ဝေရခြင်းဖြစ်သည်။