နိုင်ငံသားအားလုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ရှိသည်။ 1 (ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပုဒ်မ ၃၅၇)
သတ်မှတ်ထားသည့် အချို့အခြေအနေများတွင် ပစ္စည်းဥစ္စာနှင့် ပိုင်ဆိုင်မှုများကို အာဏာပိုင်များက သိမ်းဆည်းခြင်း သို့မဟုတ် ပြည်သူဘဏ္ဍာအဖြစ်သိမ်းဆည်းခြင်းများ ပြုလုပ်နိုင်ပါသည်။ 2 (ပိုင်ဆိုင်မှုများကို သိမ်းယူခြင်း သို့မဟုတ် ပြည်သူ့ဘဏ္ဘာအဖြစ်သိမ်းဆည်းခြင်း တို့ကို ခွင့်ပြုထားသည့် ဥပဒေများ ရှိပါသည်။ ဥပမာ ငွေကြေးခဝါချခြင်း (တရားမဝင်ရရှိခဲ့သောငွေကြေးကို ဖုံးကွယ်ခြင်းလုပ်ရပ်) နှင့် ဆက်စပ်နေသော ငွေကြေးများကို အာဏာပိုင်များက သိမ်းယူ သို့မဟုတ် ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ပါသည်။ ၂၀၁၄ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေကို ကြည့်ပါ။ ထို့အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ဥပဒေအရ အဂတိလိုက်စားမှုပြစ်မှုနှင့်ဆက်စပ်သော ပစ္စည်းများကို သိမ်းဆည်းနိုင်ပါသည်။ ၂၀၁၃ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ကြည့်ပါ။ ထိုဥပဒေများအရ သက်သေပြရမည့်တာဝန်ကို စွပ်စွဲခံရသူအပေါ် ရွှေ့ပြောင်းထားပြီး စုံစမ်းစစ်ဆေးခံရသူ အနေဖြင့် “၎င်းပိုင်ဆိုင်သော ငွေကြေးများ၊ ပစ္စည်းများနှင့် ပိုင်ဆိုင်မှုများသည် မည်ကဲ့သို့သော ဝင်ငွေဖြင့် တရားဝင်ရရှိခဲ့ကြောင်း ခိုင်လုံသော သက်သေအထောက်အထားများဖြင့် သက်သေပြရမည်ဖြစ်သည်။” အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ (၂၀၁၃)ပုဒ်မ ၆၄ကိုကြည့်ပါ။ ၂၀၁၄ခုနှစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခြင်း/ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်းကိုလည်းကြည့်ပါ။)
သိမ်းဆည်းခြင်းသည် ပစ္စည်းများကို ထိန်းသိမ်းရန်အတွက် ယာယီရယူ ထားခြင်းကို ဆိုလိုပြီး ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခြင်း ဆိုသည်မှာ ပိုင်ဆိုင်မှုများကို လိုက်ခြင်း (သို့မဟုတ် ထိုပိုင်ဆိုင်မှုများကို ရောင်းသည်ရှိခဲ့သည် ရှိသော် ရောင်းရငွေများကို) အမြဲတစေ ရုပ်သိမ်း လိုက်ခြင်းကို ရည်ညွှန်းပါသည်၊
ပစ္စည်းဥစ္စာ သို့မဟုတ် ပိုင်ဆိုင်မှုများကို အာဏာပိုင်များက သိမ်းယူခဲ့သော် လူပုဂ္ဂိုလ်အားလုံးသည် ဥပဒေနှင့်အညီ တရားမျှတသောလုပ်ငန်းစဉ်များ အတိုင်းဆောင်ရွက်ပေးရန် တောင်းဆိုပိုင်ခွင့် ရှိပါသည်။ 3 (မြေသိမ်းယူခြင်းနှင့်ပတ်သက်၍ မြေသိမ်းယူခြင်းအက်ဥပဒေ(၁၈၉၄)၊လယ်ယာမြေအက်ဥပဒေ (၂၀၁၂)နှင့် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းအက်ဥပဒေ (၂၀၁၂)တို့ကိုကြည့်ပါ။)
ရဲတပ်ဖွဲ့၊ တရားရုံး သို့မဟုတ် အခြားသောအာဏာပိုင်များက ပစ္စည်းကို သိမ်းယူခြင်း သို့မဟုတ် ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းသည့်အခါ အဆိုပါပစ္စည်းကို ပြန်လည်တောင်းဆိုလိုသူ အနေဖြင့် ရှေ့နေ၏ အကူအညီကို ရယူသင့်ပါသည်။
ရှေ့နေသည် သီးခြားပေါ်ပေါက်နေသော အချက်အလက်နှင့် အခြေအနေများအပေါ် အခြေခံပြီး မည်သို့ဆက်လက်လုပ်ဆောင်ရမည်ကို အမှုသည်အား အကောင်းဆုံး အကြံဉာဏ် ပေးနိုင်ပါသည်၊ ယင်းတွင် –
ပြစ်မှု သို့မဟုတ် စွပ်စွဲခံရသူနှင့် သိမ်းယူခဲ့သော သို့မဟုတ် ပြည်သူဘဏ္ဍာအဖြစ် သိမ်းယူခဲ့သော ပစ္စည်း အကြား ဆက်စပ်သော သက်သေခံ အထောက်အထား များကို စောဒက တက်ခြင်း
ပစ္စည်းယာယီသိမ်းယူခြင်းကို ဖြစ်စေခဲ့သော ဖမ်းဆီးခြင်း သို့မဟုတ် ရှာဖွေခြင်းတို့သည် တရားဝင်-မဝင်ကို ကနဉီး စောဒက တက်ခြင်း 4 (မြန်မာနိုင်ငံတရားရုံးက တရားမဝင်ရယူထားသော ရုပ်ပိုင်းဆိုင်ရာသက်သေခံချက်ကို ဖယ်ထုတ်ပါသည်။ ဥပမာ ခရောင်းနှင့် မဂျမ်း (ပါ ၁၂) ၊ ၁ အလ်ဘီအာရ် ၁၂၁ စာ – ၁၂၀၊ ဧကရာဇ်-ဘုရင်မင်းမြတ်နှင့် မောင်ချို (ပါ အခြား) ၂ အလ်ဘီအာရ် ၄၃၊ ဗွီ အက်အမ် မွိုဒ်ဒီန် ညီအစ်ကိုများနှင့် အွန်သောင်နှင့်ကုမ္မဏီ ၉ အလ်ဘီအာရ် ၄၇ စာ ၄၅ တို့ကို ကြည့်ပါ။)
