ရှားပါသည့် ဖြစ်စဉ်အချို့တွင် ပြစ်ဒဏ်ချမှတ်ပြီးနောက် တချိန်တည်းတွင် ပြစ်ဒဏ် ချမှတ် ခံထား ရသူအပေါ် တစ်ဉီးချင်း စီအလိုက် ဖြစ်စေ၊ လူအများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့် အခါတွင်ဖြစ်စေ၊ ထိုသူ ကျူးလွန်ခဲ့သော ပြစ်မှုများကို လွတ်ငြိမ်းသက်သာခွင့် ပေးနိုင်ပါသည်။
ပြစ်ဒဏ်ချမှတ်ခံထားရသူသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့်အခါ သို့မဟုတ် လွတ်ငြိမ်းချမ်းသာ ခွင့်တွင် ပါဝင်လာသည့်အခါ ထိုသူကျခံရန် ကျန်ရှိနေသောမည်သည့်ပြစ်ဒဏ်မဆိုမှ လွတ်ငြိမ်းခွင့်ရပြီး ချက်ချင်း လွှတ်ပေးရမည်ဖြစ်ပါသည်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့် သို့မဟုတ် လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်လာခြင်း၏ ဥပဒေဆိုင်ရာ အကျိုးဆက်များသည် သီးခြားဖြစ်ပေါ်နေသော အခြေအနေအပေါ်မူတည်ပြီး ကွဲပြားနိုင် သောကြောင့် ရှေ့နေနှင့် ဆွေးနွေးတိုင်ပင်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။
ရှေ့နေအနေဖြင့် ပြင်ဆင်မှု တင်သွင်းခြင်း သို့မဟုတ် အယူခံတင်ခြင်းကဲ့သို့သော အခြားရွေးချယ်စရာများကို ၎င်း၏ အမှုသည်ကို အသိပေးသင့်ပါသည်။ အမှုရောက်ရှိ နေသော အဆင့်ပေါ်မူတည်၍ တရားသူကြီးက စွဲချက်များကို ပလပ်ပေးရန်၊ သို့မဟုတ် ဉပဒေအရာရှိက စွဲချက်များကို ဖြုတ်ချပေးရန်၊ သို့မဟုတ် ရုပ်သိမ်းနိုင်သော အမှုများတွင် တရားလို၏ လျှောက်ထားမှုဖြင့် အမှုကို ရုပ်သိမ်းပေးရန် ရှေ့နေက ကြိုးစားပေးနိုင် ပါသည်။
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်လုပ်ငန်းစဉ် အစိတ်အပိုင်းအနေဖြင့် လွတ်ငြိမ်း ချမ်းသာခွင့် ရရန် ပြစ်ဒဏ်ကျခံရသူ အနေဖြင့် အချို့သောစာရွက်စာတမ်းများကို လက်မှတ်ထိုးရ နိုင်ပါသည်။ မမှန်ကန်သောထွက်ဆိုချက်များကို တင်ပြမိနိုင်ချေ၊ သို့မဟုတ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခံရမည့်သူ အပေါ် မတရားဝန်ပိစေနိုင်မည့် သဘောတူညီချက်ကို ပေးလိုက်မိနိုင်ချေ တို့ကို ရှောင်ရှားနိုင်ရန်အတွက် ဖြစ်နိုင်လျှင် ဖြစ်နိုင်သည့်နေရာတိုင်းတွင် ထိုအထောက်အထား စာရွက်စာတမ်း များကို ရှေ့နေက ပြန်လည်ဆန်းစစ်သင့်ပါသည်။
