ဆွဲလားရမ်းလား လုပ်တာခံရရင် ဥပဒေအရ ဘယ်လိုအရေးယူနိုင်လဲ

“တစ်နေ့က အသိညီမလေးတစ်ယောက် ရုံးကအပြန်မှာ ရည်းစားစကားလိုက်ပြောတာခံရလို့ မကြားချင်ယောင်ဆောင်ပြီး လမ်းဆက်လျှောက်သွားတာကို ဂရုမစိုက်ရကောင်းလားဆိုပြီး ဆွဲလားရမ်းလားလုပ်တာခံလိုက်ရတယ်တဲ့။ နောက်လည်း အဲ့လိုနှောင့်ယှက်တာခံရမှာဆိုးလို့ ရုံးအပြန်ဆို အိမ်က သွားကြိုပေးနေရတယ်။”

မိမိပတ်၀န်းကျင်မှာလည်း ဒီလိုအလားတူဖြစ်ရပ်မျိုး ကြုံတွေ့ရတဲ့ အမျိုးသမီးလေးတွေအကြောင်း ကြားဖူးကြမယ်လို့ထင်ပါတယ်။

ဒီလို ကိုယ်ထိလက်ရောက်လုပ်ပြီး အမျိုးသမီးတစ်ယောက် ကာယိန္ဒြေပျက်ပြားအောင် လက်ရောက်မှုကျူးလွန်တာ၊ အနိုင်အထက်ပြုမူတာဟာ ရာဇသတ်ကြီး ပုဒ်မ ၃၅၄ အရ အရေးယူနိုင်တဲ့ ပြစ်မှုတစ်ခုပဲဖြစ်ပါတယ်။ ပြစ်မှုထင်ရှားပါက ကျူးလွန်သူကို (၂) နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။

ဥပဒေဆိုင်ရာ အကူအညီနဲ့အကြံဉာဏ်တွေရယူလိုရင်တော့ လမ်းပြရဲ့ Myanmar Legal Helpline ( https://t.me/MyanmarLegalHelpline2021 ) ကို ဆက်သွယ်ပြီး အခမဲ့ရှေ့နေတွေနဲ့ မေးမြန်းတိုင်ပင်နိုင်ပါတယ်။

Lann Pya User

all author posts

Leave a Reply

Your email address will not be published. Required fields are makes.