အယူခံဝင်ခြင်း

စွပ်စွဲခံရသူသည် ၎င်းအပေါ်ပြစ်မှုထင်ရှားစီရင်ခြင်းအားလည်းကောင်း၊ ၎င်းအပေါ်ချမှတ်လိုက်သောပြစ်ဒဏ်အားလည်းကောင်း ပြန်လည်သုံးသပ်ပေးပါရန် အထက်အဆင့်မြင့်တရားရုံးသို့ လျှောက်ထားတင်ပြခွင့်ရှိပါသည်။ ထို့အတူ တရားလိုဘက်မှလည်း စွပ်စွဲခံရသူကို တရားသေလွှတ်ပေးသည့်အမိန့် (သို့မဟုတ်)ပြစ်ဒဏ်အား ပြန်လည်သုံးသပ်ပေးပါရန် လျှောက်ထားနိုင်ပါသည်။

အပြီးသတ်အမိန့် နှင့် ပြစ်ဒဏ်ချမှတ်ခြင်း

တရားသူကြီးအနေဖြင့် တရားလိုသည် ၎င်းစွပ်စွဲလိုက်သည့် စွပ်စွဲချက် (သို့) ပုဒ်မ၏ပြစ်မှုအင်္ဂါရပ်တိုင်းအပေါ် သက်သေ ထင်ရှားပြနိုင်ခြင်းရှိ၊ မရှိ အပေါ်မူတည်ပြီး စွပ်စွဲခံရသူကိုပြစ်မှုထင်ရှားစီရင်ခြင်း (သို့မဟုတ်) အမှုမှ တရားသေလွှတ်ပေးခြင်းများ ပြုလုပ်နိုင်ပါသည်။ အကယ်၍စွပ်စွဲခံရသူကို ပြစ်မှုထင်ရှားစီရင်လိုက်ပါက တရားသူကြီးမှ သင့်လျော်သော ပြစ်ဒဏ်ကို ဥပဒေနှင့်အညီသတ်မှတ်မည် ဖြစ်ပါသည်။

တရားသေလွှတ်ခြင်း

တရားသေလွှတ်ခြင်းဆိုသည်မှာ တရားလို (သို့) တိုင်ကြားသူ၊ စွပ်စွဲခံရသူ နှင့် ၎င်းတို့မှတင်သွင်းသောမျက်မြင်သက်သေများ၊ သက်သေခံ အထောက်အထားများကို စစ်ဆေးကြားနာပြီးနောက်၊ စွပ်စွဲခံရသူသည်အပြစ်မရှိကြောင်း (သို့မဟုတ်) ပြစ်မှုကို ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ခိုင်လုံသည့် သက်သေအထောက်အထားများ မရှိသည့်အခါ တရားသူကြီးမှ စွပ်စွဲခံရသူကို တရားသေလွှတ်ပေးနိုင်ပါသည်။ ယင်းသို့တရားလွှတ်ပေးသည့်အခါ စွပ်စွဲခံရသူကို အဆိုပါ ပြစ်မှုဖြင့် ...

အပြီးသတ်လျှောက်လဲချက်

တရားသူကြီးမှ အမှုအတွက် အပြီးသတ် ဆုံးဖြတ်ချက်မချခင် တရားလို နှင့် စွပ်စွဲခံရသူ နှစ်ဦးလုံးအားနောက်ဆုံးအနေဖြင့် အပြီးသတ်လျှောက်လဲချက် ပေးစေမည် ဖြစ်ပါသည်။ ထိုအပြီးသတ်လျှောက်လဲချက်ကိုနှုတ်ဖြင့်ဖြစ်စေ၊ ရေးသား၍ဖြစ်စေ တင်သွင်းနိုင်ပါသည်။

ပြင်ဆင်မှုတင်သွင်းခြင်း

တရားရုံး၌ အမှုစစ်ဆေးစဉ် အပြီးသတ်လျှောက်လဲချက် မတိုင်ခင်အထိ စွပ်စွဲခံရသူသည် ပြင်ဆင်မှု တင်သွင်းခွင့်ရှိသည်။ စွပ်စွဲခံရသူသည် မူလတရားရုံးမှ တရားသူကြီး၏ ဆုံးဖြတ်ချက်တွင် ကျင့်ထုံးဆိုင်ရာ ချမှတ်မှုများ လွဲမှားနေသည်ဟု ထင်ပါက အထက်ရုံးတော် သို့ အဆိုတင်သွင်းနိုင်သည်။ မြို့နယ်တရားရုံးမှ ခရိုင်တရားရုံးသို့ ရက် ၃၀ အတွင်း ပြင်ဆင်မှုကို ...

အမှုကိုခုခံချေပခြင်း

စွဲချက်တင်ပြီးနောက် တရားသူကြီးမှ စွပ်စွဲခံရသူအား တရားလိုပြသက်သေများကိုပြန်လည်ခေါ်ယူစစ်ဆေးလိုခြင်းရှိ၊ မရှိ ဦးစွာမေးမြန်းမည် ဖြစ်ပါသည်။ ထို့နောက် စွပ်စွဲခံရသူသည် ၎င်းအတွက်ခုခံချေပနိုင်ရန် မျက်မြင်သက်သေများ၊ သက်သေခံ ပစ္စည်းများကို တင်ပြနိုင်ပါသည်။ ၎င်းကိုယ်တိုင်လည်းထွက်ဆိုချက်များ ပေးနိုင်ပါသည်။ အသေးစိတ်ကို တရားရုံးတွင် အမှုစစ်ဆေးခြင်းကို ကြည့်ပါ။

တရားရှင်လွှတ်ခြင်း

တရားရှင်လွှတ်ခြင်းဆိုသည်မှာ တရားသူကြီးမှ တရားလို နှင့် တရားလိုပြသက်သေများကို စစ်ဆေးပြီးနောက်စွပ်စွဲခံရသူအပေါ် စွဲချက်တင်နိုင်လောက်သည့် သက်သေခံ အထောက်အထားမရှိပါက၊ ၎င်းအနေဖြင့်စွပ်စွဲခံရသူအပေါ် စွဲချက်မတင်ပဲ လွှတ်ပေးနိုင်ပါသည်။ သို့သော် နောက်ပိုင်းကာလများတွင် လုံလောက်သောသက်သေခံ အထောက်အထားများကို တွေ့ရှိလာပါက စွပ်စွဲခံရသူကို ယင်းပြစ်မှုဖြင့် ထပ်မံတရားစွဲဆိုနိုင်ပါသည်။

စွဲချက်တင်ခြင်း

တရားသူကြီးမှ စွပ်စွဲခံရသူအပေါ် စွဲချက်မတင်မီ နှစ်ဖက်လုံးကို လျှောက်လဲချက်တင်သွင်းစေမည် ဖြစ်သည်။တရားလိုဘက်မှ စွဲချက်တင်သင့်ကြောင်း၊ စွပ်စွဲခံရသူမှ ၎င်းအပေါ်စွဲချက်မတင်သင့်ကြောင်း လျှောက်လဲမည်ဖြစ်ပါသည်။ ထို့နောက် တရားသူကြီးမှ တရားလိုသည် စွပ်စွဲခံရသူအပေါ် စွဲချက်တင်ရန်အတွက်လုံလောက်သော သက်သေခံ အထောက်အထားများ တင်ပြနိုင်ခြင်းရှိ၊ မရှိ ဆုံးဖြတ်မည် ဖြစ်ပါသည်။အကယ်၍ တရားသူကြီးမှ စွဲချက်တင်ပါက စွပ်စွဲခံရသူအား ...

တရားလိုပြသက်သေများတင်သွင်းခြင်း

ဥပဒေအရာရှိ (သို့မဟုတ် ၎င်း၏ကြီးကြပ်မှုဖြင့်လိုက်ပါဆောင်ရွက်သော ပုဂ္ဂလိကရှေ့နေ) မှ စွပ်စွဲခံရသူအပေါ်မျက်မြင် သက်သေများ၊ သက်သေခံပစ္စည်းများ တင်ပြစွပ်စွဲပါမည်။ စွပ်စွဲခံရသူတွင် တရားလိုပြသက်သေတစ်ဦးချင်းစီအပေါ် ပြန်လှန်မေးခွန်းထုတ်ခြင်း၊ တင်သွင်းလာသော သက်သေခံပစ္စည်းကိုဆန့်ကျင်ကန့်ကွက်ခြင်းများ ပြုလုပ်နိုင်ပါသည်။ အသေးစိတ်သိရန် တရားရုံးတွင် အမှုစစ်ဆေးခြင်းကိုကြည့်ပါ။