လက်နက်ဥပဒေအား နှိုင်းယှဉ်လေ့လာခြင်း

Yangon Justice Center

သၞာံ: 2023
အရေဝ်ဘာသာ: Burmese
ဂကူတမ်ရိုဟ်: Pamphlet/handouts/Powerpoint
မုက်လိက်: 20
ဂကောံ: Yangon Justice Center
ဂကောံပံၚ်တောဲ:
တၠဒါန်သပေါန်သာ: MyJustice

၂၀၂၃ ခုနှစ် မေလ ၁၁ ရက်နေ့တွင် လက်နက်ဥပဒေ အသစ်အား ပြဌာန်းပြီး ၁၈၇၈ လက်နက်အက်ဥပဒေအား ဖျက်သိမ်းခဲ့ပါသည်။ လက်နက်ဥပဒေ အသစ်တွင် လက်နက်အမျိုးအစားများအား ပြန်လည် အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပြီး တရားစွဲဆိုလေ့ရှိသော လက်နက်စွဲကိုင် သွားလာခြင်း ပြစ်မှုတွင် လူတစ်ဦီးဦီးအား ဘေးအန္တရာယ်ဖြစ်စေရန်၊ ခြောက်လှန့်ရန် ရည်ရွယ်ချက်ရှိရခြင်းကို ဖြည့်စွက်ပြင်ဆင်ပြဌာန်းထားပါသည်။ ထို့ပြင် ပြစ်ဒဏ်နှင့် စပ်လျဉ်း၍ အနည်းဆုံးချမှတ်ရမည့် ပြစ်ဒဏ်ကိုလည်း ပြဌာန်းထားပါသည်။ ယခု PowerPoint တွင် လက်နက်ဥပေဒတွင် ပြောင်းလဲသွားသော အဓိကအချက်များနှင့် ၄င်းတို့၏ ဥပဒေဆိုင်ရာ အကျိုးသက်ရောက်မှုများကို အမှုလိုက်ရှေ့နေများ အတွက် အထောက်အကူဖြစ်စေရန် တင်ပြထားပါသည်။