ဧည့်စာရင်း
- နေထိုင်သူအားလုံးသည်ညအိပ်ဧည့်သည်များ ရောက်ရှိမှုနှင့်ထွက်ခွာမှုတို့ကို ၄င်းတို့၏သက်ဆိုင်ရာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံသို့ အကြောင်းကြားရမည်။1 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၃/၂၀၂၂ ပုဒ်မ – ၁၃ (ဆ) နှင့် ပုဒ်မ ၁၇)
- အခြားရပ်ကွက်မှ ညာဉ့်အိပ်ညာဉ့်နေ လာရောက်တည်းခိုသောဧည့်သည်များ
- အိမ်ထောင်စု စာရင်းဝင်မဟုတ်သူများ2 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေ ၃/၂၀၂၁ မတိုင်ခင် ၊ ၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ (၂၀၁၂) (တတိယအကြိမ်ပြင်ဆင်ချက်) ဥပဒေ ပုဒ်မ ၁၀(ခ) နှင့် ၁၇ အရ တစ်လနှင့်အထက် လာရောက်နေထိုင်မှသာ ဧည့်စာရင်းတိုင်ရန် လိုအပ်ပါသည်။)
- ပြစ်ဒဏ် – ၁သောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်ငွေမဆောင်ပါက ၇ရက်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ ကျခံ စေရမည်။ 3 3 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၃/၂၀၂၂ ပုဒ်မ -၂၇)
- သို့သော် ထောင်ဒဏ်ချမှတ်ခြင်းကို တရားရုံးကသာ ပြုလုပ်နိုင်သည်။4 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၃/၂၀၂၂ ပုဒ်မ -၂၇)
- ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူးသည် ဧည့်စာရင်းတိုင်ကြားခြင်းကိစ္စနှင့်စပ်လျဉ်း ၍ ငွေကြေးတစ်စုံတစ်ရာတောင်းခံခြင်းမပြုရ။5 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၃/၂၀၂၂ ပုဒ်မ – ၃၃)
- အကယ်၍ ဧည့်စာရင်းကိစ္စဖြင့် နေအိမ် သို့မဟုတ် ဥပစာ ဝင်ရောက်ရှာဖွေခြင်း ခံရပါက -ရှာဖွေခြင်းနှင့် ဖမ်းဆီးခြင်းကို ကဏ္ဍကို ကြည့်ပါ။
ရပ်ကွက် ( သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်ပေးအပ်ခြင်း
- ရပ်ကွက် ( သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးသည် နှုတ်ထွက်သည့်အခါ (သို့မဟုတ်) ရာထူးမှ ရပ်စဲခံရသည့်အခါ မြို့နယ်အုပ်ချုပ်ရေးမှူးသည် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အုပ်ချုပ်ရေး ကောင်စီ (သို့မဟုတ်) နေပြည်တော်ကောင်စီ၏ခွင့်ပြုချက်ဖြင့်သာတစ်စုံတစ်ဦးအား ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူး၏ တာဝန်များကို ပေးအပ်နိုင်သည်။6 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၃/၂၀၂၂ ပုဒ်မ – ၁၆(ဃ))