ရာဇဝတ်မှုဖြင့် စွပ်စွဲခံရ၍ ဖမ်းဆီးချုပ်နှောင်ခံရသူတိုင်းကို ရာဇဝတ်မှုကျူးလွန်သူများဖြစ်ကြသည်ဟု မှတ်ယူ၍မရနိုင်ပေ။ ဖမ်းဆီးချုပ်နှောင်ခြင်းသည် လွတ်လပ်စွာနေထိုင်သွားလာခွင့်အား ကန့်သတ်ခြင်းဖြစ်ရာ ချုပ်နှောင်ခံရသူများအတွက် ဥပဒေတွင် အာမခံကိစ္စနှင့် ပတ်သက်၍ ပြဌာန်းထားသည်ဖြစ်ရာ ဤသုတေသနဆောင်းပါးတွင် အာမခံပေးခြင်းနှင့် ပတ်သက်၍ သက်ဆိုင်သည့် ဥပဒေပြဌာန်းချက်များ၊ စီရင်ထုံးများကို ကိုးကားလျက် ပြည့်စုံစွာ ရေးသားတင်ပြထားပါသည်။