အပြစ်မရှိဟု တင်ကြိုယူဆရခြင်းသည် မြန်မာနိုင်ငံ ရာဇဝတ်တရားစီရင်ရေး စနစ်၏ အခြေခံဖြစ်ပြီး ပြည်သူများ၏ လွတ်လပ်ခွင့်ကို အကာအကွယ်ပေးထားခြင်းဖြစ်ပါသည်။ တရားဥပဒေအရ နည်းလမ်းတကျ ရယူထားသော သက်သေခံအထောက်အထားများနှင့် အပြစ်ရှိကြောင်း လုံလောက်အောင် သက်သေမပြနိုင်လျှင် လူတစ်ဦး၏ လွတ်လပ်မှုကို ဖယ်ရှား၍ မရနိုင်ပါ။ သို့သော် တရားရေးအရာရှိများက သက်သေခံချက်များကို ကြားနာမှု မပြုလုပ်မီ ကတည်းက စွပ်စွဲခံရသူများကို တရားခံအဖြစ် မှတ်ယူခြင်းနှင့် သက်သေခံအထောက်အထား အနည်းငယ် သို့မဟုတ် လုံးဝမရှိနေသည့် အခြေအနေတွင် တရားခံများကို အပြစ်ပေးခြင်းများကြောင့် လက်တွေ့တွင် စွပ်စွဲခံရသူများသည် အပြစ်မရှိဟု တင်ကြိုယူဆခံရခြင်း မရှိဟု ခုခံချေပရေး ရှေ့နေများက မကြာခဏ တင်ပြလေ့ရှိသည်။ ထိုသို့သော လုပ်ရိုးလုပ်စဉ်သည် မြန်မာနိုင်ငံ ဥပဒေအရ စွပ်စွဲခံရသူ၏ မျှတသော တရားခွင် အခွင့်အရေးများနှင့် အပြစ်မရှိဟု တင်ကြိုယူဆရခြင်းတို့ကို ချိုးဖောက်ရာရောက်ပါသည်။ ဤဥပဒေလက်တွေ့အသုံးချစာတမ်းငယ်တွင် အပြစ်မရှိဟု တင်ကြိုယူဆရခြင်းဆိုင်ရာ သက်ဆိုင်သော ဥပဒေမူဘောင်များနှင့် လက်တွေ့တွင် ကျင့်သုံးနေသော လုပ်ရိုးလုပ်စဉ်များကြောင့် ချိုးဖောက်ခံရသော အခွင့်အရေးများကို ဖော်ပြထားပြီး ထိုကဲ့သို့ တရားဥပဒေနှင့် မကိုက်ညီသော လုပ်ရိုးလုပ်စဉ်များကို စိန်ခေါ်ရန် ကြိုးပမ်းနေသော ရှေ့နေအများအတွက် တည်ဆဲဥပဒေများကို အသုံးပြု၍ တရားခွင်တွင်း လျှောက်ထားနိုင်မည့် နည်းလမ်းများကို အကြံပြုထားပါသည်။
ဥပဒေနှင့်ညီသော ရှေ့နေလိုက်ပါ ဆောင်ရွက်မှုဆိုင်ရာ စာတမ်းငယ် – ၃ အပြစ်မရှိဟု တင်ကြိုယူဆရခြင်း နှင့် သက်သေပြရမည့် တာဝန်
Laura Draper & Susan Lee
ခုနှစ်: 2019
ဘာသာစကား: English/Burmese
အမျိုးအစား: Practice Manual
စာမျက်နှာ: 44
အဖွဲ့အစည်း: Justice Base
ပူးပေါင်းအဖွဲ့အစည်း: MyJustice
ပံ့ပိုးကူညီသူ: European Union | MyJustice/British Council