ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် လွတ်ငြိမ်းချမ်းသာခွင့်လုပ်ငန်းစဉ်

မာတိကာ

  • ရှားပါသည့် ဖြစ်စဉ်အချို့တွင် ပြစ်ဒဏ်ချမှတ်ပြီးနောက် တချိန်တည်းတွင် ပြစ်ဒဏ် ချမှတ် ခံထား ရသူအပေါ် တစ်ဉီးချင်း စီအလိုက် ဖြစ်စေ၊ လူအများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့် အခါတွင်ဖြစ်စေ၊ ထိုသူ ကျူးလွန်ခဲ့သော ပြစ်မှုများကို လွတ်ငြိမ်းသက်သာခွင့် ပေးနိုင်ပါသည်။
  • ပြစ်ဒဏ်ချမှတ်ခံထားရသူသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့်အခါ သို့မဟုတ် လွတ်ငြိမ်းချမ်းသာ ခွင့်တွင် ပါဝင်လာသည့်အခါ ထိုသူကျခံရန် ကျန်ရှိနေသောမည်သည့်ပြစ်ဒဏ်မဆိုမှ လွတ်ငြိမ်းခွင့်ရပြီး ချက်ချင်း လွှတ်ပေးရမည်ဖြစ်ပါသည်။
  • ပြစ်ဒဏ်လွတ်ငြိမ်းခွင့် သို့မဟုတ် လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်လာခြင်း၏ ဥပဒေဆိုင်ရာ အကျိုးဆက်များသည် သီးခြားဖြစ်ပေါ်နေသော အခြေအနေအပေါ်မူတည်ပြီး ကွဲပြားနိုင် သောကြောင့် ရှေ့နေနှင့် ဆွေးနွေးတိုင်ပင်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။
    • ရှေ့နေအနေဖြင့် ပြင်ဆင်မှု တင်သွင်းခြင်း သို့မဟုတ် အယူခံတင်ခြင်းကဲ့သို့သော အခြားရွေးချယ်စရာများကို ၎င်း၏ အမှုသည်ကို အသိပေးသင့်ပါသည်။ အမှုရောက်ရှိ နေသော အဆင့်ပေါ်မူတည်၍ တရားသူကြီးက စွဲချက်များကို ပလပ်ပေးရန်၊ သို့မဟုတ် ဉပဒေအရာရှိက စွဲချက်များကို ဖြုတ်ချပေးရန်၊ သို့မဟုတ် ရုပ်သိမ်းနိုင်သော အမှုများတွင် တရားလို၏ လျှောက်ထားမှုဖြင့် အမှုကို ရုပ်သိမ်းပေးရန် ရှေ့နေက ကြိုးစားပေးနိုင် ပါသည်။
  • ပြစ်ဒဏ်လွတ်ငြိမ်းခွင့်လုပ်ငန်းစဉ် အစိတ်အပိုင်းအနေဖြင့် လွတ်ငြိမ်း ချမ်းသာခွင့် ရရန် ပြစ်ဒဏ်ကျခံရသူ အနေဖြင့် အချို့သောစာရွက်စာတမ်းများကို လက်မှတ်ထိုးရ နိုင်ပါသည်။ မမှန်ကန်သောထွက်ဆိုချက်များကို တင်ပြမိနိုင်ချေ၊ သို့မဟုတ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခံရမည့်သူ အပေါ် မတရားဝန်ပိစေနိုင်မည့် သဘောတူညီချက်ကို ပေးလိုက်မိနိုင်ချေ တို့ကို ရှောင်ရှားနိုင်ရန်အတွက် ဖြစ်နိုင်လျှင် ဖြစ်နိုင်သည့်နေရာတိုင်းတွင် ထိုအထောက်အထား စာရွက်စာတမ်း များကို ရှေ့နေက ပြန်လည်ဆန်းစစ်သင့်ပါသည်။

 

  • စွပ်စွဲခံရသူသည် အပြစ်ရှိကြောင်း ဝန်ခံလျှင် သို့မဟုတ် အခြားသူများ၏ ပြုလုပ်မှုများသည် ပြစ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း သတင်းအချက်အလက်ကို ပေးလျှင် ပြစ်ဒဏ်လွတ်ငြိမ်း ချမ်းသာခွင့် အတွက် အကြုံးဝင်နိုင်ပါသည်။ 1
    • မိမိ၏ ပြုလုပ်မှုနှင့်စပ်လျဉ်း၍ ဝန်ခံရန် သို့မဟုတ် အခြားသူများကို ဆန့်ကျင် သက်သေ ထွက်ဆိုရန် ဆန္ဒရှိနေပါက မိမိ၏ ရှေ့နေနှင့် ဉီးစွာဆွေးနွေးတိုင်ပင်သင့်ပါသည်။
  • စွပ်စွဲခံရသူသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိရန်အတွက် အပြစ်ရှိကြောင်းဝန်ခံရန်ဆုံးဖြတ်လျှင် စွပ်စွဲခံရသူကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်လုပ်ငန်းစဉ်အစိတ်အပိုင်းအနေဖြင့် တရားရုံးတွင် မျက်မြင် သက်သေ အဖြစ် စစ်မေးမည် ဖြစ်ပါသည်။ 2
  • ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိရန်အတွက် ဥပဒေအရာရှိနှင့် ဆွေးနွေးညှိနှိုင်းနိုင်သော်လည်း နောက်ဆုံး ဆုံးဖြတ်ချက်ချခြင်းသည် တရားသူကြီး၏ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ဘောင်အတွင်းတွင်ရှိပါသည်။
  • စွပ်စွဲခံရသူသည် ပြစ်မှုနှင့်ပတ်သက်၍ အပြစ်ရှိကြောင်းယုံကြည်ထိုက်သည့် လုံလောက်သော ယုံကြည်ထိုက်သည့် အကြောင်းပြချက်များရှိသည်ဟု တရားသူကြီးက ထင်မြင်လျှင် စွပ်စွဲခံရသူကို စစ်ဆေးစီရင်ရန်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် သို့မဟုတ် ခရိုင်တရားရုံးသို့ တင်ပို့မည် ဖြစ်သည်။ 3
  • စွပ်စွဲခံရသူကို စစ်ဆေးစီရင်ရန်တင်ပို့သည့်အချိန်နှင့် နောက်ဆုံးဆုံးဖြတ်ချက်(စီရင်ချက်ချခြင်း) မတိုင်ခင် အချိန်ကြားတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် မူလတရားရုံး (မြို့နယ်သို့ မဟုတ်ခရိုင်တရားရုံး) ကို စွပ်စွဲခံရသူအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရန်အမိန့်ပေးနိုင်ပါသည်။ 4
  • ဥပဒေအရာရှိသည် စွပ်စွဲခံရသူသည် သက်သေခံချက်များကို ထိန်ချန်ထားခြင်းသို့မဟုတ် မမှန်သော သတင်းအချက်အလက်များပေးခြင်း စသည့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပါ စည်းကမ်းချက် များကို လိုက်နာခြင်းရှိမရှိဟု တင်ပြနိုင်ပြီး ထိုအခါ မူလ စွဲချက်များ အပြင် သတင်း အချက် အလက် ဝှက်သိမ်းခြင်း၊ မမှန်သက်သေခံခြင်းတို့ ပြင်ပါ 5
  • နိုင်ငံတော်သမ္မတသည် ပြစ်မှုတစ်ခုအတွက် ပြစ်ဒဏ်ချမှတ်ခံထားရသူ မည်သူကိုမဆို ပြစ်ဒဏ် သက်သာခွင့် ပေးခြင်း သို့မဟုတ် လူအုပ်စုတစ်စုကို လွတ်ငြိမ်းချမ်းသာခွင့် တို့ကို ပေးနိုင်ပါသည်။ 6
    • ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် ရာဇဝတ်ပြစ်ဒဏ်၏ အစိတ်အပိုင်း တရပ်ရပ်ကို ဆိုင်ငံခြင်းမှ သည် ပြစ်ဒဏ်တစ်ရပ်လုံးကို ဆိုင်းငံ့ထားခြင်းလည်းပါဝင်နိုင်ပါသည်။
    • ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကို လက်ခံရရှိသောလူပုဂ္ဂိုလ်(သို့မဟုတ် လူပုဂ္ဂိုလ်များ)အပေါ် စည်းကမ်းချက်များနှင့်ဖြစ်စေ၊စည်းကမ်းချက်များမထားဘဲဖြစ်စေ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကို ပေးနိုင်ပါသည်။
    • ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခြင်း ခံရသူသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် ပါရှိသော စည်းကမ်းချက်များနှင့် မကိုက်ညီမှု တစုံတရာရှိခဲ့လျှင် နိုင်ငံတော်သမ္မတသည် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ကို ဖျက်သိမ်းနိုင်ပြီး စွပ်စွဲခံရသူကို ကျန်ရှိသေးသော ပြစ်ဒဏ်အပိုင်းကို ဆက်လက်ကျခံစေရန် အမိန့်ပေးနိုင်ပါသည်။ 7
      • သီးခြားဖော်ပြထားသော အပြုအမှုများကို လုပ်ဆောင်ခြင်းမှ ရှောင်ကျဉ်ရန် သို့မဟုတ် ဆောင်ရွက်ခြင်းမပြုရန် စသည့်အချက်များအပေါ် အခြေခံပြီး ပြစ်ဒဏ် လွတ်ငြိမ်းခွင့် သို့မဟုတ် လွတ်ငြိမ်းချမ်းသာခွင့်များကို စည်းကမ်းချက် ထား၍ ပေးခြင်းဖြစ်နိုင်ပါသည်။
  • သမ္မတသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရန်အလို့ငှာ အမှုကိုစစ်ဆေးစီရင်ခဲ့သည့် ရုံးထိုင် တရားသူကြီး၏ သဘောထားမှတ်ချက်ကို ရယူနိုင်သည်။ 8
  • ယေဘုယျအားဖြင့် လွတ်ငြိမ်းချမ်းသာခွင့်များကို အုပ်စုတစ်စုအပေါ် ပြုလုပ်လေ့ရှိသော်လည်း ဖြစ်နိုင်လျှင် ပြစ်ဒဏ်ကျခံနေရသူ အနေဖြင့် အုပ်ချုပ်ရေးကဏ္ဍမှ သက်ဆိုင်ရာအာဏာပိုင်များထံ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ၊ သက်သာခွင့်ပေးပါရန် တစ်ဦးချင်းအယူခံများ တင်သွင်းရန် စဉ်းစား သင့်ပါသည်။