ဥပဒေနှင့်ညီသော ရှေ့နေလိုက်ပါ ဆောင်ရွက်မှုဆိုင်ရာ စာတမ်းငယ် – ၆ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခြင်း နှင့် အသရေဖျက်ခြင်း

Susan Lee, Caitlin Reiger, Laura Draper

သၞာံ: 2019
အရေဝ်ဘာသာ: English/Burmese
ဂကူတမ်ရိုဟ်: Practice Manual
မုက်လိက်: 46
ဂကောံ: Justice Base
ဂကောံပံၚ်တောဲ: MyJustice
တၠဒါန်သပေါန်သာ: European Union | MyJustice/British Council

ထုတ်ဖော်ပြောဆိုခြင်းအတွက် ရာဇဝတ်ကြောင်းအရ တရားစွဲဆိုခံရသူများသည် မြင့်တက်လျက်ရှိနေပြီး တရားဥပဒေနှင့် မဆန့်ကျင်သော ဝေဖန်ချက်များ ပြုလုပ်သူများကို တရားစွဲဆိုသည့် ဥပဒေများကို ပယ်ဖျက်ပြင်ဆင်ရန် အရပ်ဖက်အဖွဲ့အစည်းများမှ တောင်းဆိုလျက်ရှိပါသည်။ ထိုသို့တရားစွဲဆိုမှုများသည် ကောင်းမွန်သော အုပ်ချုပ်မှုနှင့် ဆန့်ကျင်နေပြီး ဒီမိုကရေစီ ယဉ်ကျေးမှုနှင့် ကိုက်ညီခြင်းမရှိဟု ယူဆလာကြသောကြောင့် ဖြစ်သည်။ ထုတ်ဖော်ပြောဆိုခြင်းကို ကန့်သတ်ခြင်းဖြင့် အစိုးရသည် ကောင်းမွန်သောရည်ရွယ်ချက်ဖြင့် မတည်ငြိမ်မှုနှင့် ပဋိပက္ခကို ကာကွယ်ရန် ဖြစ်နိုင်သည်ဆိုသော်လည်း လက်တွေ့တွင် ဥပဒေ၏ အကန့်အသတ်ကို ကျော်လွန်ကာ ဥပဒေနှင့် အညီ ထုတ်‌ဖော်ပြောဆိုချက်များကို အစိုးရ၊ စစ်တပ်၊ စီးပွားရေးများနှင့် တသီးပုဂ္ဂလ တို့ကို ထိခိုက်နစ်နာစေသည်ဟု သတ်မှတ်ကာ အရေးယူလျက်ရှိသည်။ ဤလက်တွေ့စာတမ်းငယ်သည် အသရေဖျက်ခြင်းနှင့် သက်ဆိုင်သော စီရင်ထုံးများနှင့် ခြွင်းချက်များကို ဥပဒေအသိုင်းအဝန်းမှ ပြန်လည်ရှာဖွေ ဖော်ထုတ်ရာတွင် လမ်းစဖြစ်စေပြီး ၎င်းတို့ကို လတ်တလောပြဌာန်းသည့် ဥပဒေများတွင် အသုံးချနိုင်ရန်ဖြစ်သည်။ ထို့ပြင် မြန်မာ့ဒီမိုကရေစီလမ်းကြောင်းနှင့် ကိုက်ညီသည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် အသရေဖျက်ခြင်းဆိုင်ရာ ဥပဒေအတွေးအခေါ်များကို ဉပဒေပညာရှင်များက ‌‌ပုံဖော်ရာတွင် ကူညီထောက်ပံ့ပေးမည်ဖြစ်သည်။