မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် လူသားအားလုံး၏ အသက်ရှင်သန်ခွင့်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်ကို ကာကွယ်ပေးထားပြီး ဥပဒေအရ နည်းလမ်းတကျ ရရှိထားပြီး အပြစ်ရှိကြောင်း လုံလောက်စွာ သက်သေပြနိုင်သည့် သက်သေခံအထောက်အထားများမရှိလျှင် ထိုလွတ်လပ်ခွင့်ကို ဖယ်ရှား၍ မရအောင် အာမခံချက်ပေးထားသည်။ ရာဇဝတ်မှုဖြင့် ဖမ်းဆီးခံရပြီး စွပ်စွဲခံရသူများတွင် အသက်ရှင်သန်ခွင့်နှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်ရှိသည်။ ခြွင်းချက်အခြေအနေများတွင်သာ စွပ်စွဲခံရသူကို ခိုင်လုံသော သက်သေအထောက်အထားဖြင့် အပြစ်ပေးသည့်အချိန်ထိ အချုပ်လွတ်အာမခံ မပေးဘဲ ချုပ်နှောင်ထားနိုင်သည်။ လက်တွေ့တွင် တရားရုံး၊ ရဲ၊ ဥပဒေအရာရှိနှင့် ရှေ့နေများသည် စစ်ဆေးစီရင်ခံနေရဆဲ စွပ်စွဲခံရသူအား အာမခံပေးရန်နှင့် လွတ်ပေးရန် သင့်တော်သော စဉ်းစားထားချက်များ ရှိရန် လိုအပ်နေသည်ဖြစ်ရာ စွပ်စွဲခံရသူ၏ အခြေခံအခွင့်အရေးများကို အစဉ်အမြဲ ချိုးဖောက်လျက်ရှိပါသည်။ ဤဥပဒေလက်တွေ့အသုံးချစာတမ်းငယ်တွင် ရာဇဝတ်မှုများတွင် အာမခံနှင့် သက်ဆိုင်သော ဥပဒေမူဘောင်များနှင့် လက်တွေ့တွင် ကျင့်သုံးနေသော လုပ်ရိုးလုပ်စဉ်များကြောင့် ချိုးဖောက်ခံရသော အခွင့်အရေးများကို ဖော်ပြထားပြီး ထိုကဲ့သို့ တရားဥပဒေနှင့် မကိုက်ညီသော လုပ်ရိုးလုပ်စဉ်များကို စိန်ခေါ်ရန် ကြိုးပမ်းနေသော ရှေ့နေအများအတွက် တည်ဆဲဥပဒေများကို အသုံးပြု၍ တရားခွင်တွင်း လျှောက်ထားနိုင်မည့် နည်းလမ်းများကို အကြံပြုထားပါသည်။
ဥပဒေနှင့်ညီသော ရှေ့နေလိုက်ပါ ဆောင်ရွက်မှုဆိုင်ရာ စာတမ်းငယ် – ၄ လွတ်လပ်ခြင်း နှင့် အချုပ်လွတ် အာမခံ
Laura Draper & Susan Lee
သၞာံ: 2019
အရေဝ်ဘာသာ: English/Burmese
ဂကူတမ်ရိုဟ်: Practice Manual
မုက်လိက်: 42
ဂကောံ: Justice Base
ဂကောံပံၚ်တောဲ: MyJustice
တၠဒါန်သပေါန်သာ: European Union | MyJustice/British Council