အယူခံဝင်ခြင်း

စွပ်စွဲခံရသူအများအပြားသည် စစ်အုပ်ချုပ်ရေးအောက်ရှိ တရားစီရင်ရေးစနစ်ကိုမယုံကြည်သောကြောင့် အယူခံ လုပ်ငန်းစဉ်များကိုလည်း အယုံအကြည်မရှိကြပေ။ ထို့ကြောင့် စွပ်စွဲခံရသူအများအပြားသည် အယူခံလုပ်ငန်းစဉ်ကို လုံးဝ စိတ်ဝင်စားခြင်းမရှိကြပါ။

အပြီးသတ် စီရင်ချက်ချခြင်း

အမှုတိုင်းလိုလိုတွင် တရားသူကြီးများသည် အထောက်အထားမခိုင်လုံဘဲ စွပ်စွဲခံရသူအား ပြစ်ဒဏ်ချမှတ်ပြီး ထောင်ဒဏ် အများအပြားချမှတ်လေ့ရှိသည်။

ပြင်ဆင်မှုလျှောက်ထားခြင်း

လက်တွေ့တွင် စွပ်စွဲခံရသူသည် အထက်တရားရုံးသို့ ပြင်ဆင်မှုတင်သွင်းလေ့ မရှိပါ။ လွန်ခဲ့သည့်နှစ် အာဏာသိမ်းပြီးကတည်းက စာချွန်တော် လျှောက်ထားမှုကိုလည်း ရပ်ဆိုင်းထားခဲ့ပြီးဖြစ်ဖြစ်သည်။

အမှုကိုခုခံချေပခြင်း

ရှေ့နေများနှင့် စွပ်စွဲခံရသူများသည် မိသားစုဝင်များကို မျက်မြင်သက်သေအဖြစ် တင်ပြလေ့ရှိပြီး ယင်းသို့ တင်ပြသည့် အခါမှသာ ၎င်းတို့၏ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ရရှိနိုင်နိုင်မည်ဖြစ်သည်။ ( ထိုအချိန်မှလွဲ၍အကျဉ်းထောင်များတွင် စွပ်စွဲခံရသူသည် ၎င်းတို့၏ မိသားစုများနှင့် တွေ့ဆုံခွင့် မရှိပါ။ )

စွဲချက်တင်ခြင်း

တင်ပြချက်များ (သို့မဟုတ်) သက်သေအထောက်အထားများ မည်မျှပင်ရှိစေကာမူ၊ အမှုအများစုတွင် စွပ်စွဲခံရသူများကို မဖြစ်မနေစွဲချက် တင်ရမည်ဟူသော ဖိအားသည် တရားသူကြီးများအပေါ်တွင် ရှိနေသည်ဟု ယုံကြည်ရပါသည်။

တရားစွဲဆိုခြင်း

စွပ်စွဲခံရသူသည် သက်သေများကို ပြန်လှန်စစ်မေးခွင့်ရှိသော်လည်း သက်သေအထောက်အထားများ တင်ပြရာတွင် စိန်ခေါ်မှုများ ရှိနေသည်။ စောဒကတက်ရန် (သို့မဟုတ်) ပြန်လှန်စစ်မေးရန် ကြိုးပမ်းဆောင်ရွက်နေသော ရှေ့နေများ အတွက် လုံခြုံကောင်းမွန်သောပတ်ဝန်းကျင်မရှိပါ။ ရှေ့နေများသည်တရားရုံးရှိတရားသူကြီးများ(သို့မဟုတ်) လုံခြုံရေးအရာရှိ များ၏ ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှုများကိုခံနေကြရပါသည်။

ကနဦးဖမ်းဆီးခြင်း

ရဲ (သို့မဟုတ်) တပ်မတော်သားများသည် ဖမ်းဝရမ်း မပါဘဲ ဖမ်းဆီးနိုင်သည်။ အမှုအခင်းအများစုတွင် ဖမ်းဆီးခံရသူ များကို စစ်ကြောရေးစခန်းများသို့ခေါ်ဆောင်ကာ စစ်ဆေးမေးမြန်းမှုများပြုလုပ်ပြီး ထိုစစ်ဆေးမှုများသည် ရက်ပေါင်း များစွာမှ ရက်သတ္တပတ်များစွာအထိကြာတတ်သည်။စစ်ဆေးမေးမြန်းနေစဉ်အတွင်းရှေ့နေ(သို့မဟုတ်)မိသားစုဝင် များက ဖမ်းဆီးခံရသူအား တွေ့ဆုံခွင့်မရကြပါ။ ယင်းနောက် ဖမ်းဆီးခံရသူကို FIR (ပထမသတင်းပေးတိုင်ချက်) ကို ဖော်ထုတ်ရန်အတွက် ရဲတပ်ဖွဲ့ထံလွှဲပြောင်း ...