ပြင်ဆင်မှုလျှောက်ထားခြင်း

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (သို့မဟုတ်) သက်ဆိုင်ရာတိုင်းမှူးသည် အမှုစီရင်ချက်နှင့် ပတ်သက်ပြီး ပြစ်မှုထင်ရှား စီရင်ခြင်းကို ပယ်ဖျက်ခြင်း၊ ပြစ်ဒဏ်ကို လျှော့ပေါ့ခြင်း၊ နိမ့်သော ပြစ်ဒဏ်အမျိုးအစား ပြောင်းလဲခြင်း များပြုလုပ်နိုင်သည့် အခွင့်အာဏာ ရှိပါသည်။ သည်။ ၎င်းတို့သည် စစ်ခုံရုံး၏ ပြစ်ဒဏ်ကို အတည်ပြုရန် အခွင့်အာဏာကိုလည်းကျင့်သုံးနိုင်သည်။ လျှောက်ထားခြင်း သေဒဏ်ချမှတ်ကိစ္စတွင်သေဒဏ်ချမှတ်ကိစ္စတွင် အပြီးသတ်စီရင်ချက်ချသည့်နေ့မှ ၁၅ ...

အယူခံဝင်ခြင်း

စစ်ခုံရုံးများ၏ ဆုံးဖြတ်ချက်များသည် အပြီးသတ်နှင့်အတည်ဖြစ်သည်။ စစ်ခုံရုံး၏ အမိန့်များကို တရားရုံးများသို့ အယူခံမဝင်နိုင်သော်လည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ သို့မဟုတ် စစ်တိုင်းမှူးထံသို့ ပြင်ဆင်မှုတင်သွင်းနိုင်ပါသည်။

စီရင်ချက်ချခြင်း

စစ်ခုံရုံးတွင် ပြစ်ဒဏ်ချမှတ်ခံရသူများသည် ထောင်ဒဏ်တစ်သက် (သို့မဟုတ်) သေဒဏ်ကျခံရနိုင်သည်။၊ • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ သဘောတူညီချက်ဖြင့်သာ သေဒဏ်ချမှတ်နိုင်သည်။ • တိုင်းမှူး၏ခွင့်ပြုချက်ဖြင့်သာ နှစ်အကန့်အသတ်မရှိ အလုပ်ကြမ်းနှင့်ထောင်ဒဏ်ချမှတ်နိုင်သည်။ • သတ်မှတ်ထားသောပြစ်မှု၏ အမြင့်ဆုံးပြစ်ဒဏ်ကိုလည်း ချမှတ်ခံရနိုင်ပါသည်။

ကနဦးဖမ်းဆီးခြင်း

တရားရုံးအမိန့်မရှိဘဲ စစ်အုပ်ချုပ်ရေးအောက်ရှိနယ်မြေများတွင် ဖမ်းဆီးခံရသူများကို ယေဘုယျအားဖြင့် စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ထုတ်ဖော်မပြသော စစ်ကြောရေးစခန်းများတွင် ထိန်းသိမ်းထားလေ့သည်။ တချို့သော ကိစ္စများတွင် စွပ်စွဲခံရသူများကို ရဲစခန်းတွင်ချုပ်ထားကြပါသည်။ ထိန်းသိမ်းခံရသူများကို အကျဉ်းထောင် စနစ်သို့ လွှဲပြောင်းပြီးသည်နှင့် ၎င်းတို့သည် အဆိုပါကိစ္စရပ်များအတွက် မိသားစု (သို့မဟုတ် )ရှေ့နေများနှင့်တွေ့ဆုံခြင်း (သို့မဟုတ်) ဆက်သွယ်ခြင်း ...

အယူခံဝင်ခြင်း

စွပ်စွဲခံရသူအများအပြားသည် စစ်အုပ်ချုပ်ရေးအောက်ရှိ တရားစီရင်ရေးစနစ်ကိုမယုံကြည်သောကြောင့် အယူခံ လုပ်ငန်းစဉ်များကိုလည်း အယုံအကြည်မရှိကြပေ။ ထို့ကြောင့် စွပ်စွဲခံရသူအများအပြားသည် အယူခံလုပ်ငန်းစဉ်ကို လုံးဝ စိတ်ဝင်စားခြင်းမရှိကြပါ။

အပြီးသတ် စီရင်ချက်ချခြင်း

အမှုတိုင်းလိုလိုတွင် တရားသူကြီးများသည် အထောက်အထားမခိုင်လုံဘဲ စွပ်စွဲခံရသူအား ပြစ်ဒဏ်ချမှတ်ပြီး ထောင်ဒဏ် အများအပြားချမှတ်လေ့ရှိသည်။

ပြင်ဆင်မှုလျှောက်ထားခြင်း

လက်တွေ့တွင် စွပ်စွဲခံရသူသည် အထက်တရားရုံးသို့ ပြင်ဆင်မှုတင်သွင်းလေ့ မရှိပါ။ လွန်ခဲ့သည့်နှစ် အာဏာသိမ်းပြီးကတည်းက စာချွန်တော် လျှောက်ထားမှုကိုလည်း ရပ်ဆိုင်းထားခဲ့ပြီးဖြစ်ဖြစ်သည်။

အမှုကိုခုခံချေပခြင်း

ရှေ့နေများနှင့် စွပ်စွဲခံရသူများသည် မိသားစုဝင်များကို မျက်မြင်သက်သေအဖြစ် တင်ပြလေ့ရှိပြီး ယင်းသို့ တင်ပြသည့် အခါမှသာ ၎င်းတို့၏ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်ရရှိနိုင်နိုင်မည်ဖြစ်သည်။ ( ထိုအချိန်မှလွဲ၍အကျဉ်းထောင်များတွင် စွပ်စွဲခံရသူသည် ၎င်းတို့၏ မိသားစုများနှင့် တွေ့ဆုံခွင့် မရှိပါ။ )

စွဲချက်တင်ခြင်း

တင်ပြချက်များ (သို့မဟုတ်) သက်သေအထောက်အထားများ မည်မျှပင်ရှိစေကာမူ၊ အမှုအများစုတွင် စွပ်စွဲခံရသူများကို မဖြစ်မနေစွဲချက် တင်ရမည်ဟူသော ဖိအားသည် တရားသူကြီးများအပေါ်တွင် ရှိနေသည်ဟု ယုံကြည်ရပါသည်။