အပြစ်ရှိကြောင်း ဝန်ခံရန်အတွက် အပေးအယူပြုလုပ်ခြင်း ဆိုသည်မှာ စွပ်စွဲခံရသူက ၎င်းအပေါ် စွပ်စွဲထားသော စွပ်စွဲချက် အားလုံးကိုဖြစ်စေ အချို့ကိုဖြစ်စေ ဝန်ခံပြီး ပို၍နည်းသော သို့မဟုတ် ပို၍ သက်သာသော ပြစ်ဒဏ်ကို ရရှိရန်အတွက် ဝန်ခံရန် သဘောတူညီခြင်းဖြစ်သည်။
အပြစ်ရှိကြောင်းဝန်ခံရန် သဘောတူညီချက် ခိုင်လုံစေရန်အတွက် စွပ်စွဲခံရသူသည် သက်ဆိုင်သော စွဲဆိုထားသောပြစ်မှု၏ ပြစ်မှုအင်္ဂါရပ်တိုင်းကို ဝန်ခံရမည်ဖြစ်ပြီး ယင်းဝန်ခံချက်ကို ရေးသား မှတ်တမ်းတင်ထားရမည် ဖြစ်သည်။
အကယ်၍ စွပ်စွဲခံရသူက စွဲဆိုထားသော ပြစ်မှု၏ ပြစ်မှုအင်္ဂါရပ်တိုင်းကို ဝန်ခံခြင်း မပြုလျှင် “အပြစ်မရှိကြောင်း ထုချေသည်” ဟု မှတ်တမ်းတင် ရမည်။ 1 (တရားရုံးများလက်စွဲ အပိုဒ် ၅၆၇)
ယင်းအခြေအနေမျိုးတွင် တရားလိုက စွပ်စွဲထားသော စွဲဆိုချက်(များ)၏ ပြစ်မှု အင်္ဂါရပ်တိုင်းကို သက်သေထင်ရှားပြရမည်ဖြစ်ပြီး၊ ယင်းသို့ သက်သေထင်ရှား မပြနိုင်ပါက အမှုကိုပလပ်ရမည်။
အမှုကို စစ်ဆေးစီရင်သော တရားသူကြီးက လုပ်ထုံးလုပ်နည်းများနှင့်အညီ စွပ်စွဲခံရသူသည် 2 (Sawarmal v. Union of Burma (U Thein Maung), 1954 BLR (HC) 331)
အပြစ်ရှိကြောင်း ဝန်ခံခြင်းကို မိမိသဘောဆန္ဒအလျောက် သိလျက်နှင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း
၎င်းအပေါ် စွဲဆိုထားသော စွပ်စွဲချက်(များ) ၏ သဘောသဘာဝနှင့် အမှုဖြစ် အကြောင်း ချင်းရာ များကို နားလည်သဘောပေါက်ကြောင်း
အပေးအယူပြုလုပ်ပြီး ဝန်ခံလိုက်ခြင်းကြောင့် ရရှိလာမည့် ဉပဒေကြောင်းအရ အကျိုးဆက်များ နားလည်သဘောပေါက်ကြောင်း ခိုင်လုံသေချာမှု ရှိစေရန်အတွက် ဆောင်ရွက်ရမည်။
