အလုပ်သမား (၁၅)ဦးအထက်ရှိသော စီးပွားရေးလုပ်ငန်းများ၏ အနိမ့်ဆုံးလုပ်အားခသည် တစ်ရက်အလုပ်ချိန် (၈) နာရီ (အားလပ်ချိန်မပါ) အတွက် (၄၈ဝဝ) ကျပ် ဖြစ်သည်။4 (အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၈။)
ထိုလုပ်အားခတွင် နေစရိတ်၊ စားစရိတ်၊ ပင်စင်ကြေး၊ လုပ်သက်ကြေး၊ လူမှုဝန်ထမ်း ခံစားခွင့် ဆုကြေးများ၊ ခရီးသွား စရိတ်၊ အခွန်ခများ နှင့် အခြားခံစားခွင့်များ မပါဝင်ပါ။ 5 (၂၀၁၃ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၂(င)။ ၁၉၃၆ အခကြေးငွေပေးချေရေးဥပဒေပုဒ်မ ၂။)
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်တွင် မည်သို့ပင်ပါရှိစေကာမူ အစိုးရကသတ်မှတ်သော အနိမ့်ဆုံးလုပ်အားခကို ရပိုင်ခွင့်ရှိသည်။6 (၂၀၁၃ အနည်းဆုံးအခကြေးငွေဥပဒေပုဒ်မ ၁၂(က)၊ ၁၄(က)၊(ခ)၊(ဂ))
အချို့သောခြွင်းချက်များမှအပ ယေဘုယျအာဖြင့် အလုပ်ရှင်များသည် လုပ်ခလစာကိုဖြတ်တောက်ခွင့်မရှိ။ လုပ်ငန်းခွင် အတွက် လိုအပ်သော ပစ္စည်းကိရိယာများ ဝယ်ယူရခြင်းကို လုပ်ခလစာထဲမှ ဖြတ်တောက်ခွင့်မရှိပါ။7 (၂၀၁၆ အခကြေးငွေပေးချေရေးဥပဒေပုဒ်မ ၇။)
လုပ်ခလစာထဲမှ ဖြတ်တောက်ခွင့်ရှိသော အချို့ခေါင်းစဉ်များမှာ အလုပ်သမားအဖွဲ့အစည်းများသို့ ထည့်ဝင်ရသော လစဉ်ကြေးများ၊ လူမှုဖူလုံရေး ထည့်ဝင်ငွေ နှင့် ဝင်ငွေခွန် တို့ဖြစ်သည်။
လုပ်ခလစာများကို လစဉ်ပေးအပ် ရမည်။
လုပ်ခလစာပေးချေရန်နောက်ကျခြင်းများ၊ လုပ်ခလစာဖြတ်တောက်ခြင်း အစရှိသည့် လုပ်ခလစာနှင့် ပတ်သက်သော အငြင်းပွားမှုများကို အငြင်းပွားမှုဖြေရှင်းရေးနည်းလမ်းများ အတိုင်း ဖြေရှင်းနိုင်ပါသည်။ လုပ်ခလစာနှင့်အကျိုး ခံစားခွင့် ဆုံးရှုံးမှုများကြုံတွေ့ရလျှင် အမြန်ဆုံး တိုင်ကြားရန် လိုအပ်ပါသည်။