စွပ်စွဲခံရသူ သို့မဟုတ် ၎င်း၏ရှေ့နေသည် ပြင်ဆင်ရန် လုံလောက်သော အချိန်နှင့် အချက်အလက်များမရရှိလျှင် မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရရှိသော ခုခံချေပခွင့်သည် အချည်းနှီးဖြစ်သွားမည်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံရှိ ခုခံချေပရေး ရှေ့နေများသည် ရာဇဝတ်အမှုတွဲများတွင် ပါဝင်သော ရဲမှတ်တမ်းများ အပါအဝင် တရားရုံးအမှုတွဲများကို ရရှိရန် အခက်အခဲများ နေ့စဉ် ကြုံတွေ့နေရပါသည်။ ထိုသို့မရရှိခြင်းသည် မြန်မာနိုင်ငံနှင့် နိုင်ငံတကာတွင် အသိအမှတ်ပြုထားသော မျှတသော တရားခွင် စံနှုန်းများအရ စွပ်စွဲခံရသူများ၏ အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်ပါသည်။ ဤဥပဒေလက်တွေ့အသုံးချစာတမ်းငယ်တွင် အမှုတွဲ စာရွက်စာတမ်းများကို ရယူခြင်းနှင့် သက်ဆိုင်သော ဥပဒေမူဘောင်များနှင့် လက်တွေ့တွင် ကျင့်သုံးနေသော လုပ်ရိုးလုပ်စဉ်များကြောင့် ချိုးဖောက်ခံရသော အခွင့်အရေးများကို ဖော်ပြထားပြီး ထိုကဲ့သို့ တရားဥပဒေနှင့် မကိုက်ညီသော လုပ်ရိုးလုပ်စဉ်များကို စိန်ခေါ်ရန် ကြိုးပမ်းနေသော ရှေ့နေအများအတွက် တည်ဆဲဥပဒေများကို အသုံးပြု၍ တရားခွင်တွင်း လျှောက်ထားနိုင်မည့် နည်းလမ်းများကို အကြံပြုထားပါသည်။
ဥပဒေနှင့်ညီသော ရှေ့နေလိုက်ပါ ဆောင်ရွက်မှုဆိုင်ရာ စာတမ်းငယ် – ၂ အမှုစာရွက်စာတမ်းအား လက်လှမ်းမီခြင်း
Legal Practice Brief 2: Accessing Case Document
ခုနှစ်: 2019
ကျိာ်တၢ်ကတိၤတဖၣ်: English/Burmese
တၢ်လၢအဒုးကဲထီၣ်တၢ် အကလုာ်: Practice Manual
ကဘျံးပၤ: 19
တၢ်ကရၢကရိ: Justice Base
တၢ်ကရၢကရိမၤသကိးတၢ်: Justice Base
ပှၤဆီၣ်ထွဲမၤစၢၤတၢ်: European Union | MyJustice/British Council