သင့်အခွင့်အရေးများ
- ရှေ့နေဌားရမ်းခွင့်30 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၄၀။)
- စတင်ဖမ်းဆီးပြီးနောက် ၂၄ နာရီကာလအပါအဝင် ဖမ်းဆီးခံထားရစဉ် ကာလအတွင်း ရှေ့နေနှင့် သီးခြားတွေ့ဆုံခွင့်31 (အကျဉ်းထောင်အက်ဥပဒေ ပုဒ်မ၄၀၊ ရဲလက်စွဲ အပိုဒ် ၇၃-၇၄။)
- ငွေကြေးမတတ်နိုင်ပါက တရားရုံး၌အမှုစတင်စီရင်သည့်ကာလနှင့် အမှုစီရင်ပြီးနောက်ပိုင်းတွင် နိုင်ငံတော်မှပေးသော အခမဲ့ ရှေ့နေရပိုင်ခွင့်32 ((၂၀၁၆) ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေ (၂၀၂၁) ဥပဒေပြင်ဆင်ချက် ပုဒ်မ ၂(ခ)။ ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေ ပုဒ်မ ၃၆(ဌ)၊ ပြည်ထောင်စု ရှေ့နေချုပ်နည်း ဥပဒေ၊ နည်းဥပဒေ ၁၁၀။ တရားရုံးများ လက်စွဲ ၄၅၇(၁)။)
စွဲချက်တင်ထားသော ပုဒ်မအားလုံးအတွက် ခိုင်လုံသော သက်သေမပြနိုင်သေးသည့်အချိန်ထိ စွပ်စွဲခံရသူကို အပြစ်မရှိသူဟု သတ်မှတ်နိုင်သည်။33 (သက်သေခံအက်ဥပဒေ ပုဒ်မ ၁၀၁၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် v. ဦးအေးကြည်၊ ၁၉၆၄ BLR ၃၉၆၊ မောင်တင်မြ v. ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ၁၉၆၆ B.R. ၆၄၄။)
စွပ်စွဲခံရသူသည် မိမိ စွဲဆိုခံထားရသည့် ပြစ်မှု/ ပုဒ်မ အကြောင်း သိခွင့်ရှိသည်။35 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂၁၀။)
စွပ်စွဲခံရသူသည် မိမိအပေါ်စွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ တရားရုံးတော်တွင် တင်ပြသည့် မျက်မြင်သက်သေများနှင့် အခြားသော သက်သေများအပေါ်တွင် မေးခွန်း ထုတ်ပိုင်ခွင့် နှင့် စိန်ခေါ် စောဒကတက်ပိုင်ခွင့် ရှိသည်။36 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂၀၈(၂)။) စွပ်စွဲခံရသူသည် မိမိကိုယ်တိုင်အတွက်/မိမိအကျိုးအတွက် သက်သေအထောက်အထားများ တင်ပြခွင့်ရှိသည်။37 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂၉၈၊ ၂၉၀၊ ၃၄၂။)
စွပ်စွဲခံရသူကို မျက်မြင်သက်သေအဖြစ်38 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၄၂(၁) (က)။) ထွက်ဆိုစေရန် မလိုအပ်သော်လည်း ရုံးတော်တွင် ကြားနာစဉ် အဆင့်တိုင်းတွင် ၎င်းကို တရားသူကြီးမှ မေးခွန်းထုတ်နိုင်သည်။39 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၄၂(၂)။)
စွပ်စွဲချက်အား ထုချေနိုင်ရန် စွပ်စွဲခံရသူကို လုံလောက်သော ပြင်ဆင်ချိန်နှင့် ပံ့ပိုးမှုများ ပေးရမည်။40 ((၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉(ဂ)၊ ၃၇၅။)
အမှုစစ်ဆေးရာတရားခွင်အတွက် လိုအပ်သည့် စာရွက်စာတမ်းများ နှင့် သက်သေများအပြင် လိုအပ်ပါက ဘာသာပြန်ရရှိပိုင်ခွင့်41 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၆၁။) တို့ပါဝင်သည်။
စွပ်စွဲခံရသူသည် မျှတပြီး ဘက်လိုက်မှုကင်းသည့် ကြားနာစစ်ဆေးမှု ကို ရခွင့်ရှိသည်။42 ((၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၇။)
တရားရုံးဆုံးဖြတ်ချက်သည် ဥပဒေနှင့် အမှု၏ အချက်အလက် များပေါ်တွင်သာ အခြေခံရမည်ဖြစ်ပြီး အဂတိတရားများနှင့်ဘက်လိုက်မှုများမှ ကင်းလွတ် ရမည်။43 ((၂၀၁၇) မြန်မာနိုင်ငံ တရားသူကြီးများအတွက် တရားစီရင်ရေး ကျင့်ဝတ် အပိုဒ် ၁ မှ ၄။.)
ကြားနာစစ်ဆေးမှုတိုင်းတွင် သဘာပတိအဖြစ် ဆုံးဖြတ်ဆောင်ရွက်ရမည့် တရားသူကြီး ရှိရမည်။44 (တရားရုံးများလက်စွဲ အပိုဒ် ၁၃။)
တရားစွဲဆိုရာတွင် ပါဝင်ပတ်သက်သည့် တရားသူကြီး၊ ဥပဒေအရာရှိနှင့် ပြည်သူ့ဝန်ထမ်းတိုင်းသည် အမှုနှင့်ပတ်သက်နေသူ မည်သူ့မဆိုထံမှ လက်ဆောင်ရယူခြင်း သို့မဟုတ် အခြားအဖိုးတန်ပစ္စည်းတစ်ခုစု ရယူခြင်းများကို တားမြစ် သည်။45 ((၂၀၁၇)မြန်မာနိုင်ငံ တရားသူကြီးများအတွက် တရားစီရင်ရေး ကျင့်ဝတ် အပိုဒ် ၁ မှ ၄။ (၂၀၁၃) အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ (၂၀၁၆၊ ၂၀၁၇ ပြင်ဆင်ချက်))
စွပ်စွဲခံရသူ၏ တရားစီရင်မှုကို အတတ်နိုင်ဆုံး မြန်မြန် နှင့် မျှတစွာ စစ်ဆေး စီရင်ပေးရမည်။46 (တရားရုံးများလက်စွဲ အပိုဒ် ၄၆၆။)
အမှုစစ်ဆေးစီရင်ရာတွင် မျှတခိုင်လုံသောအကြောင်းအရာမရှိဘဲ နှောင့်နှေးစေခြင်းကို တားမြစ်ထားသည်။47 (တရားရုံးများလက်စွဲ အပိုဒ် ၂၄။)
တရားသူကြီးများကလည်း ရုံးချိန်းမကြာခဏ ရွှေ့ဆိုင်းခြင်းကို ရှောင်ကျဉ် သင့်သည်။48 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ၃၄၄(၁)။)
ကလေးသူငယ်တရားရုံးများမှအပ တရားရုံးတွင် စစ်ဆေးချက်များကို အများပြည်သူများ ဝင်ရောက်ကြည့်ရှုနိုင်သည့် တရားခွင်/အခန်းတွင် စစ်ဆေး ရမည်။49 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၅၂။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉(ခ)။ ကလေးသူငယ်ဥပဒေပုဒ်မ(၂၀၁၉) ၈၄(ခ)။)
တရားရုံး၏ စီရင်ချက်/ ဆုံးဖြတ်ချက်ကို ပွင့်လင်းမြင်သာသည့် တရားခွင် (တရားရုံးအခန်း) ထဲတွင် ချမှတ်ရမည်။50 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၆၆(က)။)
တရားသူကြီးသည် ၎င်း၏ အပြီးသတ်စီရင်ဆုံးဖြတ်ချက်ကို စာဖြင့်ရေးသားပြီး စီရင်ဆုံးဖြတ်ရသည့် အကျိုးအကြောင်း ကိုလည်း ရှင်းလင်းစွာ ဖော်ပြ ရမည်။51 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၆၇(၁)။) စွပ်စွဲခံရသူသည် တရားရုံးဆုံးဖြတ်ချက်ကို အယူခံဝင်ခွင့် ရှိသည်။52 ((၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉(ဂ)။ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၃၇၊ ၄၀၄။)
ဤအခွင့်အရေးကို ငြင်းဆန်ခံရလျှင် အယူခံဝင်နိုင်သည်။
အမှုစစ်ဆေးချိန်တွင် ပြင်ဆင်မှုများ ကို တင်သွင်းနိုင်သည်။
ဥပဒေအရာရှိ၊ တိုင်ကြားသူ သို့မဟုတ် တရားလို၏ရှေ့နေမှ ပြစ်မှု/စွပ်စွဲချက်(များ) ၏ အချက်တိုင်းကို သက်သေမပြနိုင်ပါက စွဲဆိုထားသော အမှုမှ လွှတ်ပေးရန် တောင်းဆိုနိုင်သည်။
(ပြစ်မှုထင်ရှားကြောင်း မပြနိုင်သေးချိန်အထိ) စွပ်စွဲခံထားရသည့် ပြစ်မှု/စွပ်စွဲချက်ကို ကျူးလွန်ကြောင်း ညွှန်းဆိုသည့် သို့မဟုတ် သဘောသက်ရောက်စေသည့် ထွက်ဆိုချက်များကို မဖြစ်မနေ ကန့်ကွက်သင့်ပါသည်။
ဥပဒေနှင့်အညီ ခုခံချေပပိုင်ခွင့်အပါအဝင် လုံလောက်သည့် အချိန်နှင့် ပံ့ပိုးမှုများ ရပိုင်ခွင့်ကို ငြင်းပယ်ခံရသည့် အခါ တရားရုံး၌ အမှုစစ်ဆေးချိန်တွင် မဖြစ်မနေ ကန့်ကွက်သင့်ပြီး ကန့်ကွက်ချက်တိုင်းကို ရုံးတော်မှ မှတ်တမ်းတင်ပေးရန် လျှောက်ထားသင့်သည်။
ထိုသို့ကန့်ကွက်ခဲ့ပါက ထိုပြဿနာကို အယူခံဝင်ရောက်သည့်အခါ ထပ်မံတင်ပြနိုင်ပါသည်။
အမှုစစ်ဆေးနေစဉ်ကာလတွင်လည်း ပြင်ဆင်မှု တင်သွင်းနိုင်ပါသည်။
မကြာခဏ ရုံးချိန်းရွှေ့ဆိုင်းရခြင်း၊ အထူးသဖြင့် သက်သေမလာရောက်ခြင်း ကြောင့် ရုံးချိန်းရွှေ့ဆိုင်းရခြင်းကို ကန့်ကွက်သင့်ပါသည်။
သက်သေမှ တရားရုံးရှေ့ လာရောက်ထွက်ဆိုရန် ပျက်ကွက်လျှင် ယင်းသက်သေကို ထုတ်ပယ်ရန် သို့မဟုတ် ရုံးတော်မှ သမ္မန်စာ ထုတ်ဆင့် ခေါ်ယူပေးပါရန် တောင်းဆိုနိုင်သည်။97 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၉၀၊ တရားရုံးချုပ်အကြောင်းကြားချက် ၁၁၄/၄၂၄ PTC [၂၈၅၅/၂၀၁၅])
တရားသူကြီးမှ ၎င်း၏ အမိန့်အာဏာဖြင့် သက်သေကို တရားရုံးသို့ မခေါ်နိုင်လျှင် အထက်ရုံးတော်သို့ ပြင်ဆင်မှု တင်သွင်းနိုင်သည်။98 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၃၉။)
ဆက်လက်ထိန်းသိမ်းထားခြင်း၏ တရားဝင်မှု ရှိမရှိကို အထက် ရုံးတော်သို့ မေးခွန်းထုတ်နိုင်ပြီးပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ရှေ့တော်သွင်း စာချွန်တော် လျှောက်ထားနိုင်ပါသည်။
တရားရုံးတော်မှ သက်သေအဖြစ် ဆင့်ခေါ် သော်လည်း ရဲအရာရှိမှ တရားရုံးတော်ရှေ့ လာရောက်ရန် ခဏခဏ ပျက်ကွက်လျှင် ရဲဝန်ထမ်း အုပ်ချုပ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်မှုဖြင့် တိုင်ကြားနိုင်သည်။99 ((၁၉၉၅) ပြည်သူ့ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေ(၁၉၉၇ ပြင်ဆင်ချက်) ပုဒ်မ၂၀(က)။)
ထိုသို့တိုင်ကြားခြင်းဖြင့် စွပ်စွဲခံရသူ၏ တရားရုံးတော် ကြားနာစစ်ဆေးမှု ရလဒ်ကို မထိခိုက်ပါ။
တရားခွင်တွင် တရားသူကြီး မရှိသည့်အခါ ရုံးချိန်းရွှေ့ဆိုင်းပေးရန် တောင်းဆိုပါ။
ဥပဒေနှင့်အညီ ချမှတ်သော ဆုံးဖြတ်ချက်များကို ကြားနာစစ်မေးနေစဉ်အတွင်း ပြင်ဆင်မှု တင်သွင်းခြင်း သို့မဟုတ် တရားရုံးမှ အမိန့် ချမှတ်ပြီးသည့်အခါ အယူခံဝင်ခြင်းများ ပြုလုပ် နိုင်သည်။
အကျင့်ပျက်ခြစားမှုများ ကျူးလွန်ပါက ကျူးလွန်သူကို ရာဇဝတ်ကြောင်းအရသာမက တရားမကြောင်းအရပါ တရားစွဲဆို နိုင်သည်။ ဥပမာ- ပြည်သူ့ဝန်ထမ်းများ အနေဖြင့် လာဘ်ပေးလာဘ်ယူမှုအတွက် ရာဇဝတ်မှုဖြင့် ရုံးတင် စစ်ဆေးခံရနိုင်သည်။100 (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၆၁။)
တရားသူကြီးများ၊ ဥပဒေအရာရှိများနှင့် အခြားပြည်သူ့ဝန်ထမ်းများ၏ လာဘ်ပေး လာဘ်ယူခြင်း၊ ခြောက်လှန့်တောင်းယူခြင်း နှင့် အလွဲသုံးစားခြင်း များကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် သို့ တိုင်ကြားနိုင်သည်။101 ((၂၀၁၃)အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ( ၂၀၁၆၊ ၂၀၁၇ ပြင်ဆင်ချက်)). အသရေဖျက်မှုနှင့် အခြားသော ဥပဒေကြောင်းအရ အရေးယူမှုများမဖြစ်စေရန် အဂတိလိုက်စားမှုအတွက် တိကျခိုင်မာသည့် သက်သေအထောက် အထားများ တင်ပြနိုင်ရန် လိုအပ်သည်။102 ((၂၀၁၃)အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ( ၂၀၁၆၊ ၂၀၁၇ ပြင်ဆင်ချက်) ပုဒ်မ ၄၆)
အသေးစိတ်သိရှိလိုပါက အဂတိလိုက်စားမှုကော်မရှင် သို့ဆက်သွယ်ပါ။
အဂတိလိုက်စားမှုတွင် ရဲအရာရှိများပါဝင်လျှင် ရဲတပ်ဖွဲစည်းကမ်းထိန်းသိမ်းရေး လုပ်ထုံးလုပ်နည်း များအတိုင်း အရေးယူစေရန် သတင်းပေး တိုင်ကြားပါ။103 ((၁၉၉၅) ပြည်သူ့ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေ(၁၉၉၇ ပြင်ဆင်ချက်) ပုဒ်မ၁၇(ဇ)။)
ကလေးသူငယ်အမှုကဲ့သို့ အများပြည်သူရှေ့မှောက် စစ်ဆေးစီရင်ခြင်းမှ ကင်းလွတ်ခွင့်ပြုထားသော အမှုမျိုးတွင် တံခါးပိတ် စစ်ဆေးပေးရန် တောင်းဆိုနိုင်သည်။
ပြစ်မှုထင်ရှား၍ အမိန့်ချမှတ်ပြီးပါက ယင်းအမိန့်ကို အထက်ရုံးတော်သို့ အယူခံဝင်နိုင်သည်။104 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၃၇။)
အယူခံအောင်မြင်သည့်အခါ အမှုမှအပြီးသတ်လွှတ်ခြင်း သို့မဟုတ် အသစ် ပြန်လည်စစ်ဆေးစေခြင်း သို့မဟုတ် ပြစ်ဒဏ်လျော့ချပေးခြင်း သို့မဟုတ် အခြားသော လျှော့ပေါ့ ပေးသည့် အဆုံးအဖြတ်များ ရရှိနိုင်ပါသည်။105 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၂၃။) အချို့သော အထူးအခြေအနေများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး သို့လျှောက်ထား ၍ ဥပဒေရေးရာကိစ္စကို စောဒကတက်နိုင်ပါသည်။106 ((၂၀၁၀) ပြည်ထောင်စုတရားစီရင်ရေး ဥပဒေ အခန်း ၆။)
ရှေ့နေငှားရန် အကြံပြုချက်များ >>