အမှုရင်ဆိုင်ရာတွင် အဆင့်တစ်ခုချင်းစီ၌ ပါဝင်သည့် သင်၏ ရပိုင်ခွင့်များအကြောင်း အောက်ပါအဆင့်များကို နှိပ်၍ ကြည့်ရှုနိုင်သည်။
-
ရှေ့နေဌားရမ်းခွင့်
သင့်အခွင့်အရေးများ
- ရှေ့နေဌားရမ်းခွင့်1 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၄၀။)
- စတင်ဖမ်းဆီးပြီးနောက် ၂၄ နာရီကာလအပါအဝင် ဖမ်းဆီးခံထားရစဉ် ကာလအတွင်း ရှေ့နေနှင့် သီးခြားတွေ့ဆုံခွင့်2 (အကျဉ်းထောင်အက်ဥပဒေ ပုဒ်မ၄၀၊ ရဲလက်စွဲ အပိုဒ် ၇၃-၇၄။)
- ငွေကြေးမတတ်နိုင်ပါက တရားရုံး၌အမှုစတင်စီရင်သည့်ကာလနှင့် အမှုစီရင်ပြီးနောက်ပိုင်းတွင် နိုင်ငံတော်မှပေးသော အခမဲ့ ရှေ့နေရပိုင်ခွင့်3 ((၂၀၁၆) ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေ (၂၀၂၁) ဥပဒေပြင်ဆင်ချက် ပုဒ်မ ၂(ခ)။)
ဘာမှမပြောဘဲ တိတ်ဆိတ်နေခွင့်
စွပ်စွဲခံရသူကို ရဲမှ ခြိမ်းခြောက်ခြင်း၊ ကတိပေးခြင်း သို့မဟုတ် ဝန်ခံစေရန် ထိခိုက်အနာတရ ဖြစ်အောင် ဆောင်ရွက်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ထုတ်ဖော်ပြောလာအောင် ဖိအားပေး၍ မရပါ။4
တရားသူကြီးရှေ့ ဆန္ဒအလျောက် ပြောသော ဖြောင့်ချက်ကိုသာ စွပ်စွဲခံရသူ၏ သက်သေအဖြစ် သုံးနိုင်သည်။5 ((၁၈၇၂) သက်သေခံအက်ဥပဒေ (၂၀၁၅ ပြင်ဆင်ချက်) ပုဒ်မ ၂၄။)ဖမ်းဆီးခြင်း
ရဲအရေးယူပိုင်ခွင့်မရှိသောအမှုများအတွက် ရဲများမှ ရှာဖွေဖမ်းဆီးရန် ဝရမ်း လိုအပ်သည်။
ရဲအရေးယူပိုင်ခွင့်ရှိသောအမှုများအတွက် ဝရမ်း မလိုအပ်ပါ။6 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄(၁)(စ)၊ ပုဒ်မ ၄(၁)(ဎ)။)
ဖမ်းဆီးစဉ်အတွင်း ရဲများမှ အင်အားအလွန်အကျွံသုံးပြီး ဖမ်းဆီး၍ မရပါ။7 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၆(၃)၊ ၅၀။)
လက်ထိပ်နှင့် အလားတူ ချုပ်နှောင်ခြင်းများကို လိုအပ်မှ သုံးရမည်။8 (တရားရုံးများ လက်စွဲ အပိုဒ် ၃၉၇။)
ဖမ်းဆီးချိန်တွင် အမျိုးသမီးအား ရှာဖွေစစ်ဆေးခြင်းကို အခြားအမျိုးသမီးတစ်ယောက်မှသာ ဆောင်ရွက် ရမည်။9 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၂။)ရှာဖွေခြင်း
နေထိုင်သူ သို့မဟုတ် ၎င်း၏ကိုယ်စားလှယ် ရှေ့မှောက်တွင် ရှာဖွေစစ်ဆေး ရမည်။10 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၀၃(၃)။)
ရှာဖွေခွင့်ဝရမ်းတွင် ခွင့်ပြုထားသည့် အတိုင်းအတာအထိသာ ရှာဖွေမှုကိုပြုရမည်။11 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၉၇။)
သိမ်းဆည်းသည့်ပစ္စည်းများကို ရှာဖွေပုံစံတွင် ဖြည့်သွင်းပြီးရဲထံမှထိုရှာဖွေပုံစံမိတ္တူ တစ်စောင်ကို ရယူခွင့်ရှိသည်။12 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၀၃။) ထိုရှာဖွေပုံစံကို တရားရုံးတော်တွင် သက်သေအဖြစ် တင်သွင်းနိုင်သည်
သင်လုပ်နိုင်သောအရာများ
ရှေ့နေငှားရမ်းပါ။
ဤအခွင့်အရေးကို ငြင်းဆန်ခံရလျှင် အယူခံဝင်နိုင်သည်။
အမှုစစ်ဆေးချိန်တွင် ပြင်ဆင်မှုများ ကို တင်သွင်းနိုင်သည်။
တိတ်ဆိတ်နေပိုင်ခွင့်ကို အသုံးချပါ။
ရဲ နှင့် တရားရုံးတွင် အပြစ်ရှိကြောင်း သို့မဟုတ် မျက်မြင် သက်သေ အဖြစ် မထွက်ဆိုခင် ရှေ့နေနှင့် အရင် သီးသန့်တိုင်ပင် ဆွေးနွေးပါ။
တရားရုံး၌ သက်သေအဖြစ် တင်သွင်းရန် အတင်းအကျပ် ဝန်ခံခိုင်းခြင်းကို ငြင်းဆန်ပါ။
အတင်းအကျပ်ဝန်ခံခိုင်းလျှင် အယူခံဝင်ပါ သို့မဟုတ် ပြင်ဆင်မှုများကို တင်သွင်းပါ။
ဝန်ခံလာစေရန် သို့မဟုတ် သတင်းအချက်အလက် ပေးစေရန် အတွက် ရဲအရာရှိမှ ခြိမ်းခြောက်ခြင်း၊ ကတိပေးခြင်း၊ ထိခိုက်နာကျဉ်အောင်လုပ်ခြင်း၊ အတင်းအကျပ် ဖိအားပေးခြင်းများပြုလုပ်ပါက ထိုရဲအရာရှိကို တရားရုံးတွင် ရာဇဝတ်မှုဖြင့် ပြန်လည် တရားစွဲဆို နိုင်သည်။
ဖမ်းဆီးခြင်းနှင့်ရှာဖွေခြင်း အခွင့်အရေးများကို အသုံးချပါ။
ဥပဒေနှင့်မညီသည့် ရှာဖွေခြင်း နှင့် ဖမ်းဆီး ခြင်းများမှ တရားမဝင် သိမ်းဆည်းခဲ့သော သက်သေများကို ထည့်သွင်း စဉ်းစားခြင်းမပြုရန် တရားသူကြီးအား တောင်းဆိုပါ။
ဥပဒေနှင့် မညီသည့် ဖမ်းဆီးခြင်းမှ တရားမဝင်သိမ်းဆည်းထားသော သက်သေကို လက်ခံလိုက်ပါက တရားသူကြီး၏ အမိန့်ကို ပြင်ဆင်မှု တင်သွင်းနိုင်သည်။87 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၃၉။)
တရားရုံးဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးရန် အထက်ရုံးတော်သို့ အယူခံဝင် နိုင်သည်။
မဖမ်းဆီးသင့်သူကို ဖမ်းဆီး ထိန်းသိမ်းခြင်း88 ((၁၉၉၅) ပြည်သူ့ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေ (၁၉၉၇ ပြင်ဆင်ချက်) ၁၇(က)) ၊ ရှာဖွေပုံစံ ကဲ့သို့သော စာရွက်စာတမ်းများကို မမှန်ကန်သည့် ထွက်ဆိုချက်များဖြင့် ရည်ရွယ်ချက်ရှိရှိ အတု ပြုလုပ်ခြင်း သို့မဟုတ် လက်မှတ်ထိုးခြင်း တို့ ပြုလုပ်လျှင်89 ((၁၉၉၅) ပြည်သူ့ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေ (၁၉၉၇ ပြင်ဆင်ချက်) ၁၉(ခ)) အုပ်ချုပ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အရ ရဲဝန်ထမ်း၏ မလျော်ကန်သော အပြုအမူများကို အရေးယူနိုင်သည်။
ရှေ့နေဌားရမ်းခွင့်
သင့်အခွင့်အရေးများ
- ရှေ့နေဌားရမ်းခွင့်13 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၄၀။)
- စတင်ဖမ်းဆီးပြီးနောက် ၂၄ နာရီကာလအပါအဝင် ဖမ်းဆီးခံထားရစဉ် ကာလအတွင်း ရှေ့နေနှင့် သီးခြားတွေ့ဆုံခွင့်14 (အကျဉ်းထောင်အက်ဥပဒေ ပုဒ်မ၄၀၊ ရဲလက်စွဲ အပိုဒ် ၇၃-၇၄။)
- ငွေကြေးမတတ်နိုင်ပါက တရားရုံး၌အမှုစတင်စီရင်သည့်ကာလနှင့် အမှုစီရင်ပြီးနောက်ပိုင်းတွင် နိုင်ငံတော်မှပေးသော အခမဲ့ ရှေ့နေရပိုင်ခွင့်15 ((၂၀၁၆) ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေ (၂၀၂၁) ဥပဒေပြင်ဆင်ချက် ပုဒ်မ ၂(ခ)။ ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေ ပုဒ်မ ၃၆(ဌ)၊ ပြည်ထောင်စု ရှေ့နေချုပ်နည်း ဥပဒေ၊ နည်းဥပဒေ ၁၁၀။ တရားရုံးများ လက်စွဲ ၄၅၇(၁)။)
ဘာမှမပြောဘဲ တိတ်ဆိတ်နေခွင့်
စွပ်စွဲခံရသူကို ရဲမှ ခြိမ်းခြောက်ခြင်း၊ ကတိပေးခြင်း သို့မဟုတ် ဝန်ခံစေရန် ထိခိုက်အနာတရ ဖြစ်အောင် ဆောင်ရွက်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ထုတ်ဖော်ပြောလာအောင် ဖိအားပေး၍ မရပါ။16 (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၀၊ ပုဒ်မ ၃၃၁၊ ၃၄၃။)
တရားသူကြီးရှေ့ ဆန္ဒအလျောက် ပြောသော ဖြောင့်ချက်ကိုသာ စွပ်စွဲခံရသူ၏ သက်သေအဖြစ် သုံးနိုင်သည်။17 ((၁၈၇၂) သက်သေခံအက်ဥပဒေ (၂၀၁၅ ပြင်ဆင်ချက်) ပုဒ်မ ၂၄။)
ဖမ်းဆီးထိန်းသိမ်းခြင်း
စွပ်စွဲခံရသူကို ၂၄ နာရီအတွင်း တရားသူကြီး ရှေ့မှောက်သို့ ခေါ်ဆောင်လာရမည်။18 ((၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၇၆။)
ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံထားရချိန်တွင် အသက်၁၈ နှစ် အောက် (ကလေးတစ်ယောက်) ဖြစ်လျှင် စွပ်စွဲခံရသူလူကြီးအခွင့်အရေးများအပြင် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများနှင့် လုံခြုံဘေးကင်းရေး အစောင့်အရှောက်များကို ခံစားခွင့်ရှိသည်။
အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်း မပြုလုပ်လျှင် ကလေးသူငယ် တရားရုံးသို့ ချက်ချင်း လွှဲပြောင်းပေးရမည်။19 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၂၀။)
အကန့်အသတ်မရှိ ဖမ်းဆီးချုပ်နှောင်ခြင်းကို တားမြစ်ထားပါသည်။
ရဲအရေးယူပိုင်ခွင့်မရှိသောအမှုများအတွက် ၂၄ နာရီထက် ကျော်လွန်၍ ဖမ်းဆီးထိန်းသိမ်း ထား၍ မရပါ။
ရဲအရေးယူပိုင်ခွင့်ရှိသောအမှုများတွင် စွပ်စွဲခံရသူကို တရားသူကြီး မှ လွှတ်ပေးပါရန် (တစ်နည်း) အချုပ်လွတ်ထုချေခွင့်ပြုပါရန် လျှောက်ထားခွင့်ရှိသည်။ (ရမန်ကြားနာခြင်း)20 (တရားရုံးများ လက်စွဲ အပိုဒ် ၄၀၃(၁)။)
ရဲမှအမှုစုံစမ်းနေစဉ် စွပ်စွဲခံရသူကို စွပ်စွဲခံရသည့် အမှုအမျိုးအစား/ပုဒ်မ ပေါ်မူတည်၍ ၁၅ ရက်မှ ၃၀ ရက်အထိ အချုပ်ချထားနိုင်သည်။21 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၇၊ ၁၆၇(၂)။)
သင်ဘာလုပ်နိုင်သလဲ။
ရဲမှ ထိန်းသိမ်းထားစဉ်အတွင်း မညှာမတာပြုမူဆောင်ရွက်ခြင်း
ထိန်းသိမ်းထားစဉ် အချုပ်ချထားခံရသူကို ရဲများမှ ထိခိုက်နစ်နာအောင် ပြုလုပ်ခြင်း သို့မဟုတ် ထိခိုက်နစ်နာမည့်ကိစ္စများကို ခွင့်ပြုထားခြင်း မှ တားမြစ်သည်။22 (၁၉၉၅ ပြည်သူ့ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေ (၁၉၉၇ ပြင်ဆင်ချက်) ပုဒ်မ ၁၇(ဂ)။ (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄။ ရာဇသတ်ကြီးပုဒ်မ ၃၃၀၊ ၃၃၁။)
တရားဝင် စစ်ကြောမေးမြန်းနေစဉ်အတွင်း ရဲတပ်ဖွဲ့ဝင်မှ အချုပ်ခံထားရသူအား ဝန်ခံစေရန် သို့မဟုတ် သတင်းအချက်အလက် ရရှိစေရန် ရည်ရွယ်ချက်ဖြင့် ထိခိုက်နာကျင်အောင် ပြုလုပ် ခြင်းသည် ရာဇဝတ်မှုပင်ဖြစ်သည်။23 (၁၉၉၅ ပြည်သူ့ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေ (၁၉၉၇ ပြင်ဆင်ချက်) ပုဒ်မ ၁၇(ဂ)။ (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄။ ရာဇသတ်ကြီးပုဒ်မ ၃၃၀၊ ၃၃၁။)
အာမခံရယူခွင့်
စွပ်စွဲခံရသူသည် အာမခံလျှောက်ထားခွင့် နှင့် အာမခံ ကြားနာခွင့် ရှိသည်။24 (ရဲလက်စွဲအပိုဒ် ၁၇၈၅။)
အာမခံပေးခွင့်ရှိသည့်ပြစ်မှုမျိုးဖြစ်ပါက(အချို့သောခြွင်းချက်များမှအပ) တရားသူကြီးမှအာမခံ ခွင့်ပြုပေးရမည်။25 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၆။) အာမခံပေးခွင့်ရှိသည့် အမှုဖြစ်စေ၊ အာမခံမရနိုင်သည့် အမှုမျိုးဖြစ်စေ၊ စွပ်စွဲခံရသူသည် –
- အသက် ၁၆ နှစ်အောက် ဖြစ်လျှင်
- အမျိုးသမီး ဖြစ်လျှင်
- မကျန်းမာ သို့မဟုတ် ချည့်နဲ့ မသန်စွမ်းလျှင် အာမခံ ရပိုင်ခွင့်ရှိသည်။26 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၇(၁)။)
အာမခံပေးခွင့် မရှိသည့် အမှုဖြင့် စွဲဆိုရန် စုံစမ်းစစ်ဆေးရာတွင် လုံလောက်သည့် သက်သေ မရှိပါက စွပ်စွဲခံရသူကို အာမခံ ဖြင့် လွှတ်ပေးရမည်။27 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၆။)
အာမခံအတွက် ငွေကြေးပမာဏသည် အလွန်အမင်းမများစေရပါ။28 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၈။)
သင်လုပ်နိုင်သောအရာများ
ရှေ့နေငှားရမ်းပါ။
ဤအခွင့်အရေးကို ငြင်းဆန်ခံရလျှင် အယူခံဝင်နိုင်သည်။
အမှုစစ်ဆေးချိန်တွင် ပြင်ဆင်မှုများ ကို တင်သွင်းနိုင်သည်။
တိတ်ဆိတ်နေပိုင်ခွင့်ကို အသုံးချပါ။
ရဲ နှင့် တရားရုံးတွင် အပြစ်ရှိကြောင်း သို့မဟုတ် မျက်မြင် သက်သေ အဖြစ် မထွက်ဆိုခင် ရှေ့နေနှင့် အရင် သီးသန့်တိုင်ပင် ဆွေးနွေးပါ။
တရားရုံး၌ သက်သေအဖြစ် တင်သွင်းရန် အတင်းအကျပ် ဝန်ခံခိုင်းခြင်းကို ငြင်းဆန်ပါ။
အတင်းအကျပ်ဝန်ခံခိုင်းလျှင် အယူခံဝင်ပါ သို့မဟုတ် ပြင်ဆင်မှုများကို တင်သွင်းပါ။
ဝန်ခံလာစေရန် သို့မဟုတ် သတင်းအချက်အလက် ပေးစေရန် အတွက် ရဲအရာရှိမှ ခြိမ်းခြောက်ခြင်း၊ ကတိပေးခြင်း၊ ထိခိုက်နာကျဉ်အောင်လုပ်ခြင်း၊ အတင်းအကျပ် ဖိအားပေးခြင်းများပြုလုပ်ပါက ထိုရဲအရာရှိကို တရားရုံးတွင် ရာဇဝတ်မှုဖြင့် ပြန်လည် တရားစွဲဆို နိုင်သည်။
ဖမ်းဆီးချုပ်နှောင်ခြင်း အခွင့်အရေးများကို အသုံးချပါ။
ဖမ်းဆီးခံရပြီးနောက် ရဲစခန်း အချုပ်မှ လွတ်ရန် အလျင်အမြန် ဆောင်ရွက်ပါ။
ဖမ်းဆီးချုပ်နှောင်ထားခြင်း၏ တရားဝင်မှုကို အထက်ရုံးတော် တွင် မေးခွန်းထုတ်နိုင်သည်။90 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၁(၁) (က)-(ခ)။)
ပြည်ထောင်စု တရားလွှတ်တော်ချုပ်91 (စာချွန်တော် အမိန့် လျှောက်ထားမှုဆိုင်ရာ ဥပဒေ (No. ၂၄/၂၀၁၄)၊ (၂၀၀၈)ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၇၈။) သို့ ရှေ့တော်သွင်း စာချွန်တော် လျှောက်ထားခြင်းသို့မဟုတ် တရားရုံးစစ်ဆေးစဉ်အတွင်း အထက်ရုံးတော်တွင် ပြင်ဆင်မှု လျှောက်ထားခြင်း92 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၃၉။) ကို ပြုလုပ်နိုင်သည်။
ပြစ်မှုဆိုင်ရာ ဥပဒေအရ မှားယွင်းထောင်ချမှုကြောင့် နစ်နာမှုကို တရားစွဲဆိုနိုင်သည်။93 (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၃၃၀။)
ရဲမှ ထိန်းသိမ်းထားစဉ်အတွင်း မညှာမတာပြုမူဆောင်ရွက်လျှင် တုံ့ပြန်ပါ။
ရဲအရာရှိ၏ နှိပ်စက်ခြင်း မညှာမတာ ပြုမူဆောင်ရွက်ခြင်း ခံရပါက တရားသူကြီးကို ချက်ချင်း အသိပေးသင့်သည်။
ရဲစခန်းအချုပ်မှ အမြန်ဆုံးလွတ်မြောက်အောင် မဆောင်ရွက်နိုင်သည့်အခါ အခြားထိန်းသိမ်းရေးစခန်းသို့ ပြောင်းရွှေ့ပေးရန် တောင်းဆိုပါ။
ရဲအချုပ်တွင် သတင်းအချက်အလက်ရရန် စစ်မေးခံရစဉ်အတွင်း ရဲအရာရှိမှ ထိခိုက်နစ်နာအောင် ပြုလုပ်ခဲ့လျှင် ရာဇဝတ်မှုဆိုင်ရာပြစ်မှုဖြင့် ရုံးတော်သို့ တိုင်ကြားနိုင်သည်။
ရဲအရာရှိမှ ထိခိုက်နာကျင်စေလျှင်94 ((၁၉၉၅) ပြည်သူ့ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေ(၁၉၉၇ ပြင်ဆင်ချက်) ၁၇(ဆ)။) သို့မဟုတ် အခြား တစ်ဦး တစ်ယောက်မှ ထိခိုက်နာကျင်အောင် ပြုလုပ်နေသည်ကို ခွင့်ပြုထားလျှင် ရဲဝန်ထမ်းဆိုင်ရာ အုပ်ချုပ်မှုစည်းမျဉ်းကျင့်ထုံးနှင့်အညီ အရေးယူရန် တိုင်ကြားနိုင်သည်။
ရဲအရာရှိမှ ထိခိုက်နာကျင်စေလျှင် သို့မဟုတ် အခြား တစ်ဦး တစ်ယောက်မှ ထိခိုက်နာကျင်အောင် ပြုလုပ်နေသည်ကို ခွင့်ပြုထားလျှင်95 ((၁၉၉၅) ပြည်သူ့ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေ(၁၉၉၇ ပြင်ဆင်ချက်) ၁၇(ဂ)။) ရဲဝန်ထမ်းဆိုင်ရာ အုပ်ချုပ်မှုစည်းမျဉ်းကျင့်ထုံးနှင့်အညီ အရေးယူရန် တိုင်ကြားနိုင်သည်။
အာမခံဆိုင်ရာအခွင့်အရေးကို အသုံးချပါ။
အာမခံအမြန်ဆုံးလျှောက်ထားပါ။
အာမခံကြားနာမှု ရလဒ်ကိုမကျေနပ်ပါက အထက်ရုံးတော်သို့ ပြင်ဆင်မိန့် ထပ်မံလျှောက်ထားနိုင်သည်။96
ရှေ့နေဌားရမ်းခွင့်
သင့်အခွင့်အရေးများ
- ရှေ့နေဌားရမ်းခွင့်30 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၄၀။)
- စတင်ဖမ်းဆီးပြီးနောက် ၂၄ နာရီကာလအပါအဝင် ဖမ်းဆီးခံထားရစဉ် ကာလအတွင်း ရှေ့နေနှင့် သီးခြားတွေ့ဆုံခွင့်31 (အကျဉ်းထောင်အက်ဥပဒေ ပုဒ်မ၄၀၊ ရဲလက်စွဲ အပိုဒ် ၇၃-၇၄။)
- ငွေကြေးမတတ်နိုင်ပါက တရားရုံး၌အမှုစတင်စီရင်သည့်ကာလနှင့် အမှုစီရင်ပြီးနောက်ပိုင်းတွင် နိုင်ငံတော်မှပေးသော အခမဲ့ ရှေ့နေရပိုင်ခွင့်32 ((၂၀၁၆) ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေ (၂၀၂၁) ဥပဒေပြင်ဆင်ချက် ပုဒ်မ ၂(ခ)။ ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေ ပုဒ်မ ၃၆(ဌ)၊ ပြည်ထောင်စု ရှေ့နေချုပ်နည်း ဥပဒေ၊ နည်းဥပဒေ ၁၁၀။ တရားရုံးများ လက်စွဲ ၄၅၇(၁)။)
အပြစ်မရှိကြောင်း မှတ်ယူပိုင်ခွင့်
စွဲချက်တင်ထားသော ပုဒ်မအားလုံးအတွက် ခိုင်လုံသော သက်သေမပြနိုင်သေးသည့်အချိန်ထိ စွပ်စွဲခံရသူကို အပြစ်မရှိသူဟု သတ်မှတ်နိုင်သည်။33 (သက်သေခံအက်ဥပဒေ ပုဒ်မ ၁၀၁၊ ပြည်ထောင်စုမြန်မာနိုင်ငံတော် v. ဦးအေးကြည်၊ ၁၉၆၄ BLR ၃၉၆၊ မောင်တင်မြ v. ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ၁၉၆၆ B.R. ၆၄၄။)
ခုခံချေပနိုင်ခွင့်
စွပ်စွဲခံရသူသည် မိမိ စွဲဆိုခံထားရသည့် ပြစ်မှု/ ပုဒ်မ အကြောင်း သိခွင့်ရှိသည်။35 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂၁၀။)
စွပ်စွဲခံရသူသည် မိမိအပေါ်စွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍ တရားရုံးတော်တွင် တင်ပြသည့် မျက်မြင်သက်သေများနှင့် အခြားသော သက်သေများအပေါ်တွင် မေးခွန်း ထုတ်ပိုင်ခွင့် နှင့် စိန်ခေါ် စောဒကတက်ပိုင်ခွင့် ရှိသည်။36 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂၀၈(၂)။) စွပ်စွဲခံရသူသည် မိမိကိုယ်တိုင်အတွက်/မိမိအကျိုးအတွက် သက်သေအထောက်အထားများ တင်ပြခွင့်ရှိသည်။37 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၂၉၈၊ ၂၉၀၊ ၃၄၂။)
စွပ်စွဲခံရသူကို မျက်မြင်သက်သေအဖြစ်38 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၄၂(၁) (က)။) ထွက်ဆိုစေရန် မလိုအပ်သော်လည်း ရုံးတော်တွင် ကြားနာစဉ် အဆင့်တိုင်းတွင် ၎င်းကို တရားသူကြီးမှ မေးခွန်းထုတ်နိုင်သည်။39 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၄၂(၂)။)
လုံလောက်သော အချိန် နှင့် အထောက်အပံ့
စွပ်စွဲချက်အား ထုချေနိုင်ရန် စွပ်စွဲခံရသူကို လုံလောက်သော ပြင်ဆင်ချိန်နှင့် ပံ့ပိုးမှုများ ပေးရမည်။40 ((၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉(ဂ)၊ ၃၇၅။)
အမှုစစ်ဆေးရာတရားခွင်အတွက် လိုအပ်သည့် စာရွက်စာတမ်းများ နှင့် သက်သေများအပြင် လိုအပ်ပါက ဘာသာပြန်ရရှိပိုင်ခွင့်41 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၆၁။) တို့ပါဝင်သည်။
မျှတပြီး ဘက်လိုက်မှုကင်းသည့် ကြားနာစစ်ဆေးမှု
စွပ်စွဲခံရသူသည် မျှတပြီး ဘက်လိုက်မှုကင်းသည့် ကြားနာစစ်ဆေးမှု ကို ရခွင့်ရှိသည်။42 ((၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၇။)
တရားရုံးဆုံးဖြတ်ချက်သည် ဥပဒေနှင့် အမှု၏ အချက်အလက် များပေါ်တွင်သာ အခြေခံရမည်ဖြစ်ပြီး အဂတိတရားများနှင့်ဘက်လိုက်မှုများမှ ကင်းလွတ် ရမည်။43 ((၂၀၁၇) မြန်မာနိုင်ငံ တရားသူကြီးများအတွက် တရားစီရင်ရေး ကျင့်ဝတ် အပိုဒ် ၁ မှ ၄။.)
ကြားနာစစ်ဆေးမှုတိုင်းတွင် သဘာပတိအဖြစ် ဆုံးဖြတ်ဆောင်ရွက်ရမည့် တရားသူကြီး ရှိရမည်။44 (တရားရုံးများလက်စွဲ အပိုဒ် ၁၃။)
တရားစွဲဆိုရာတွင် ပါဝင်ပတ်သက်သည့် တရားသူကြီး၊ ဥပဒေအရာရှိနှင့် ပြည်သူ့ဝန်ထမ်းတိုင်းသည် အမှုနှင့်ပတ်သက်နေသူ မည်သူ့မဆိုထံမှ လက်ဆောင်ရယူခြင်း သို့မဟုတ် အခြားအဖိုးတန်ပစ္စည်းတစ်ခုစု ရယူခြင်းများကို တားမြစ် သည်။45 ((၂၀၁၇)မြန်မာနိုင်ငံ တရားသူကြီးများအတွက် တရားစီရင်ရေး ကျင့်ဝတ် အပိုဒ် ၁ မှ ၄။ (၂၀၁၃) အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ (၂၀၁၆၊ ၂၀၁၇ ပြင်ဆင်ချက်))
တရားရုံးတွင် အမှုစစ်ဆေးခြင်းများကို လျင်မြန်စွာ ဆောင်ရွက်ပေးရန် အခွင့်အရေး
စွပ်စွဲခံရသူ၏ တရားစီရင်မှုကို အတတ်နိုင်ဆုံး မြန်မြန် နှင့် မျှတစွာ စစ်ဆေး စီရင်ပေးရမည်။46 (တရားရုံးများလက်စွဲ အပိုဒ် ၄၆၆။)
အမှုစစ်ဆေးစီရင်ရာတွင် မျှတခိုင်လုံသောအကြောင်းအရာမရှိဘဲ နှောင့်နှေးစေခြင်းကို တားမြစ်ထားသည်။47 (တရားရုံးများလက်စွဲ အပိုဒ် ၂၄။)
တရားသူကြီးများကလည်း ရုံးချိန်းမကြာခဏ ရွှေ့ဆိုင်းခြင်းကို ရှောင်ကျဉ် သင့်သည်။48 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ၃၄၄(၁)။)
အများပြည်သူရှေ့တွင် တရားရုံးတင် စစ်ဆေးကြားနာခြင်း အခွင့်အရေး
ကလေးသူငယ်တရားရုံးများမှအပ တရားရုံးတွင် စစ်ဆေးချက်များကို အများပြည်သူများ ဝင်ရောက်ကြည့်ရှုနိုင်သည့် တရားခွင်/အခန်းတွင် စစ်ဆေး ရမည်။49 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၅၂။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉(ခ)။ ကလေးသူငယ်ဥပဒေပုဒ်မ(၂၀၁၉) ၈၄(ခ)။)
တရားရုံးအဆုံးအဖြတ် နှင့် အယူခံခြင်း
တရားရုံး၏ စီရင်ချက်/ ဆုံးဖြတ်ချက်ကို ပွင့်လင်းမြင်သာသည့် တရားခွင် (တရားရုံးအခန်း) ထဲတွင် ချမှတ်ရမည်။50 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၆၆(က)။)
တရားသူကြီးသည် ၎င်း၏ အပြီးသတ်စီရင်ဆုံးဖြတ်ချက်ကို စာဖြင့်ရေးသားပြီး စီရင်ဆုံးဖြတ်ရသည့် အကျိုးအကြောင်း ကိုလည်း ရှင်းလင်းစွာ ဖော်ပြ ရမည်။51 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၆၇(၁)။) စွပ်စွဲခံရသူသည် တရားရုံးဆုံးဖြတ်ချက်ကို အယူခံဝင်ခွင့် ရှိသည်။52 ((၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၉(ဂ)။ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၃၇၊ ၄၀၄။)
သင်လုပ်နိုင်သောအရာများ
ရှေ့နေငှားရမ်းပါ။
ဤအခွင့်အရေးကို ငြင်းဆန်ခံရလျှင် အယူခံဝင်နိုင်သည်။
အမှုစစ်ဆေးချိန်တွင် ပြင်ဆင်မှုများ ကို တင်သွင်းနိုင်သည်။
အပြစ်မရှိကြောင်း မှတ်ယူပိုင်ခွင့် ကို အသုံးချပါ။
ဥပဒေအရာရှိ၊ တိုင်ကြားသူ သို့မဟုတ် တရားလို၏ရှေ့နေမှ ပြစ်မှု/စွပ်စွဲချက်(များ) ၏ အချက်တိုင်းကို သက်သေမပြနိုင်ပါက စွဲဆိုထားသော အမှုမှ လွှတ်ပေးရန် တောင်းဆိုနိုင်သည်။
(ပြစ်မှုထင်ရှားကြောင်း မပြနိုင်သေးချိန်အထိ) စွပ်စွဲခံထားရသည့် ပြစ်မှု/စွပ်စွဲချက်ကို ကျူးလွန်ကြောင်း ညွှန်းဆိုသည့် သို့မဟုတ် သဘောသက်ရောက်စေသည့် ထွက်ဆိုချက်များကို မဖြစ်မနေ ကန့်ကွက်သင့်ပါသည်။
ခုခံချေပနိုင်ခွင့်၊ လုံလောက်သော အချိန်နှင့် အထောက်အပံ့ ရခွင့် ကို အသုံးချပါ။
ဥပဒေနှင့်အညီ ခုခံချေပပိုင်ခွင့်အပါအဝင် လုံလောက်သည့် အချိန်နှင့် ပံ့ပိုးမှုများ ရပိုင်ခွင့်ကို ငြင်းပယ်ခံရသည့် အခါ တရားရုံး၌ အမှုစစ်ဆေးချိန်တွင် မဖြစ်မနေ ကန့်ကွက်သင့်ပြီး ကန့်ကွက်ချက်တိုင်းကို ရုံးတော်မှ မှတ်တမ်းတင်ပေးရန် လျှောက်ထားသင့်သည်။
ထိုသို့ကန့်ကွက်ခဲ့ပါက ထိုပြဿနာကို အယူခံဝင်ရောက်သည့်အခါ ထပ်မံတင်ပြနိုင်ပါသည်။
အမှုစစ်ဆေးနေစဉ်ကာလတွင်လည်း ပြင်ဆင်မှု တင်သွင်းနိုင်ပါသည်။
တရားရုံးတွင် အမှုစစ်ဆေးခြင်းကို လျင်မြန်စွာ ဆောင်ရွက်ပေးရမည့် အခွင့်အရေးကို အသုံးချပါ။
မကြာခဏ ရုံးချိန်းရွှေ့ဆိုင်းရခြင်း၊ အထူးသဖြင့် သက်သေမလာရောက်ခြင်း ကြောင့် ရုံးချိန်းရွှေ့ဆိုင်းရခြင်းကို ကန့်ကွက်သင့်ပါသည်။
သက်သေမှ တရားရုံးရှေ့ လာရောက်ထွက်ဆိုရန် ပျက်ကွက်လျှင် ယင်းသက်သေကို ထုတ်ပယ်ရန် သို့မဟုတ် ရုံးတော်မှ သမ္မန်စာ ထုတ်ဆင့် ခေါ်ယူပေးပါရန် တောင်းဆိုနိုင်သည်။97 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၉၀၊ တရားရုံးချုပ်အကြောင်းကြားချက် ၁၁၄/၄၂၄ PTC [၂၈၅၅/၂၀၁၅])
တရားသူကြီးမှ ၎င်း၏ အမိန့်အာဏာဖြင့် သက်သေကို တရားရုံးသို့ မခေါ်နိုင်လျှင် အထက်ရုံးတော်သို့ ပြင်ဆင်မှု တင်သွင်းနိုင်သည်။98 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၃၉။)
ဆက်လက်ထိန်းသိမ်းထားခြင်း၏ တရားဝင်မှု ရှိမရှိကို အထက် ရုံးတော်သို့ မေးခွန်းထုတ်နိုင်ပြီးပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ ရှေ့တော်သွင်း စာချွန်တော် လျှောက်ထားနိုင်ပါသည်။
တရားရုံးတော်မှ သက်သေအဖြစ် ဆင့်ခေါ် သော်လည်း ရဲအရာရှိမှ တရားရုံးတော်ရှေ့ လာရောက်ရန် ခဏခဏ ပျက်ကွက်လျှင် ရဲဝန်ထမ်း အုပ်ချုပ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်မှုဖြင့် တိုင်ကြားနိုင်သည်။99 ((၁၉၉၅) ပြည်သူ့ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေ(၁၉၉၇ ပြင်ဆင်ချက်) ပုဒ်မ၂၀(က)။)
ထိုသို့တိုင်ကြားခြင်းဖြင့် စွပ်စွဲခံရသူ၏ တရားရုံးတော် ကြားနာစစ်ဆေးမှု ရလဒ်ကို မထိခိုက်ပါ။
မျှတပြီးဘက်လိုက်မှုကင်းသည့် ကြားနာစစ်ဆေးမှု ရပိုင်ခွင့် ကို အသုံးချပါ။
တရားခွင်တွင် တရားသူကြီး မရှိသည့်အခါ ရုံးချိန်းရွှေ့ဆိုင်းပေးရန် တောင်းဆိုပါ။
ဥပဒေနှင့်အညီ ချမှတ်သော ဆုံးဖြတ်ချက်များကို ကြားနာစစ်မေးနေစဉ်အတွင်း ပြင်ဆင်မှု တင်သွင်းခြင်း သို့မဟုတ် တရားရုံးမှ အမိန့် ချမှတ်ပြီးသည့်အခါ အယူခံဝင်ခြင်းများ ပြုလုပ် နိုင်သည်။
အကျင့်ပျက်ခြစားမှုများ ကျူးလွန်ပါက ကျူးလွန်သူကို ရာဇဝတ်ကြောင်းအရသာမက တရားမကြောင်းအရပါ တရားစွဲဆို နိုင်သည်။ ဥပမာ- ပြည်သူ့ဝန်ထမ်းများ အနေဖြင့် လာဘ်ပေးလာဘ်ယူမှုအတွက် ရာဇဝတ်မှုဖြင့် ရုံးတင် စစ်ဆေးခံရနိုင်သည်။100 (ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၆၁။)
တရားသူကြီးများ၊ ဥပဒေအရာရှိများနှင့် အခြားပြည်သူ့ဝန်ထမ်းများ၏ လာဘ်ပေး လာဘ်ယူခြင်း၊ ခြောက်လှန့်တောင်းယူခြင်း နှင့် အလွဲသုံးစားခြင်း များကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် သို့ တိုင်ကြားနိုင်သည်။101 ((၂၀၁၃)အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ( ၂၀၁၆၊ ၂၀၁၇ ပြင်ဆင်ချက်)). အသရေဖျက်မှုနှင့် အခြားသော ဥပဒေကြောင်းအရ အရေးယူမှုများမဖြစ်စေရန် အဂတိလိုက်စားမှုအတွက် တိကျခိုင်မာသည့် သက်သေအထောက် အထားများ တင်ပြနိုင်ရန် လိုအပ်သည်။102 ((၂၀၁၃)အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ( ၂၀၁၆၊ ၂၀၁၇ ပြင်ဆင်ချက်) ပုဒ်မ ၄၆)
အသေးစိတ်သိရှိလိုပါက အဂတိလိုက်စားမှုကော်မရှင် သို့ဆက်သွယ်ပါ။
အဂတိလိုက်စားမှုတွင် ရဲအရာရှိများပါဝင်လျှင် ရဲတပ်ဖွဲစည်းကမ်းထိန်းသိမ်းရေး လုပ်ထုံးလုပ်နည်း များအတိုင်း အရေးယူစေရန် သတင်းပေး တိုင်ကြားပါ။103 ((၁၉၉၅) ပြည်သူ့ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေ(၁၉၉၇ ပြင်ဆင်ချက်) ပုဒ်မ၁၇(ဇ)။)
အများပြည်သူရှေ့တွင် တရားရုံးတင် စစ်ဆေးကြားနာခြင်း ရခွင့်ကို အသုံးချပါ။
ကလေးသူငယ်အမှုကဲ့သို့ အများပြည်သူရှေ့မှောက် စစ်ဆေးစီရင်ခြင်းမှ ကင်းလွတ်ခွင့်ပြုထားသော အမှုမျိုးတွင် တံခါးပိတ် စစ်ဆေးပေးရန် တောင်းဆိုနိုင်သည်။
တရားရုံးအဆုံးအဖြတ် နှင့် အယူခံခြင်းရခွင့်ကို အသုံးချပါ။
ပြစ်မှုထင်ရှား၍ အမိန့်ချမှတ်ပြီးပါက ယင်းအမိန့်ကို အထက်ရုံးတော်သို့ အယူခံဝင်နိုင်သည်။104 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၃၇။)
အယူခံအောင်မြင်သည့်အခါ အမှုမှအပြီးသတ်လွှတ်ခြင်း သို့မဟုတ် အသစ် ပြန်လည်စစ်ဆေးစေခြင်း သို့မဟုတ် ပြစ်ဒဏ်လျော့ချပေးခြင်း သို့မဟုတ် အခြားသော လျှော့ပေါ့ ပေးသည့် အဆုံးအဖြတ်များ ရရှိနိုင်ပါသည်။105 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၂၃။) အချို့သော အထူးအခြေအနေများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး သို့လျှောက်ထား ၍ ဥပဒေရေးရာကိစ္စကို စောဒကတက်နိုင်ပါသည်။106 ((၂၀၁၀) ပြည်ထောင်စုတရားစီရင်ရေး ဥပဒေ အခန်း ၆။)
-
ရှေ့နေဌားရမ်းခွင့်
သင့်အခွင့်အရေးများ
- ရှေ့နေဌားရမ်းခွင့်54 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၄၀။)
- စတင်ဖမ်းဆီးပြီးနောက် ၂၄ နာရီကာလအပါအဝင် ဖမ်းဆီးခံထားရစဉ် ကာလအတွင်း ရှေ့နေနှင့် သီးခြားတွေ့ဆုံခွင့်55 (အကျဉ်းထောင်အက်ဥပဒေ ပုဒ်မ၄၀၊ ရဲလက်စွဲ အပိုဒ် ၇၃-၇၄။)
- ငွေကြေးမတတ်နိုင်ပါက တရားရုံး၌အမှုစတင်စီရင်သည့်ကာလနှင့် အမှုစီရင်ပြီးနောက်ပိုင်းတွင် နိုင်ငံတော်မှပေးသော အခမဲ့ ရှေ့နေရပိုင်ခွင့်56 ((၂၀၁၆) ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေ (၂၀၂၁) ဥပဒေပြင်ဆင်ချက် ပုဒ်မ ၂(ခ)။ ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေ ပုဒ်မ ၃၆(ဌ)၊ ပြည်ထောင်စု ရှေ့နေချုပ်နည်း ဥပဒေ၊ နည်းဥပဒေ ၁၁၀။ တရားရုံးများ လက်စွဲ ၄၅၇(၁)။)
ကလေးများနှင့်ပြစ်မှုဆိုင်ရာတာဝန်ယူမှု
စွပ်စွဲခံရချိန်ရှိ သင့်အသက်အပိုင်းအခြားသည် သင်၏အခွင့်အရေးများ၊ လုံခြုံဘေးကင်းရေးနှင့် ပြစ်မှုဆိုင်ရာတာဝန်မှု အပေါ်သက်ရောက်မှုရှိသည်။
၁၈ နှစ်အောက် ကလေးဟုသတ်မှတ်သည်။ အသက် ၁၈ နှစ်အောက်ဟု ယူဆရလျှင် ကလေးသူငယ်အခွင့်အရေးကို ခံစားခွင့်ရှိသည်။ အသက် ၁၈နှစ်ပြည့်ပြီးကြောင်း သက်သေအထောက်အထား မခိုင်လုံသရွေ့ ထိုအခွင့်အရေးရနိုင်သည်။57 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၇၉။)
ကလေးတစ်ယောက်သည် စွပ်စွဲခံရသူလူကြီးများတွင်ရှိသည့် ခံစားခွင့်အပြင် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများနှင့် ကလေးလူငယ်တရားရုံးတွင် တရားစီရင်ခွင့်ရရှိခြင်း သို့မဟုတ် အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်း (Diversion) ကဲ့သို့သော လုံခြုံဘေးကင်းရေး အစောင့်အရှောက်များကိုလည်း ခံစားခွင့်ရှိသည်။58 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၃(က)။)
၁၀ သို့မဟုတ် ၁၁ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရချိန်တွင် ၎င်းတို့၏ ဆောင်ရွက်ချက်များကို အပြည့်အဝ နားလည်နိုင်ရန် ကောင်းမွန်စွာ ရင့်ကျက်မှု မရှိသေးကြောင်း တရားသူကြီးမှထင်မြင်ပါက ပြစ်မှုဖြင့်စွဲဆိုခြင်းမပြုဟု ဆုံးဖြတ်နိုင်သည်။59 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၇၈(ခ)။) ၁၀နှစ်အောက် ကျူးလွန်သည့် မည့်သည့် ပြစ်မှုမျိုးမဆို တရားစွဲခြင်း မပြုရ။60 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၇၈။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၈၄။) ဖမ်းဆီးချုပ်နှောင်ခြင်း
ဖမ်းဆီးချိန်တွင် ကလေးအားလက်ထိပ်ခတ်ခြင်းနှင့် အလားတူချုပ်နှောင်ခြင်းများ မပြုလုပ်ရ။61 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၀(ဃ)။)
ဖမ်းဆီးချိန်တွင် ကလေးအား ရဲဝန်ထမ်းမှ ခြိမ်းခြောက်ခြင်း နှင့် ညှင်းပန်းနှိပ်စက်ခြင်း မပြုရ။62 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၀(ဂ)။)
မိဘ သို့မဟုတ် အုပ်ထိန်းသူကို ဖမ်းဆီးထားကြောင်း အကြောင်းကြားပေးရမည်။63 (၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၀(ဆ)။)
ကလေးအား မိဘ၊ အုပ်ထိန်းသူ၊ ဆွေမျိုး နှင့် ရှေ့နေ တို့ဖြင့် တွေ့ခွင့်ပေးရမည်။64 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၀(ဆ)။)သယ်ယူပို့ဆောင်ခြင်း၊ ထိန်းသိမ်းထားခြင်းနှင့် အာမခံပေးခြင်း
ကလေးသူငယ်များကို ရဲအချုပ် နှင့် အကျဉ်းထောင်တွင် ချုပ်မိန့်မပေးရ။65 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၀(င)၊ ၈၃(င)။)
ကလေးသူငယ်များကို လူကြီးများနှင့်အတူ ချုပ်နှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း မလုပ်ရ။66 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၀(စ)။)
မိန်းကလေးများကို အမျိုးသမီးအစောင့်အမျိုးသမီးအစောင့် ကသာ စီမံထိန်းချုပ်ရမည်။67 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၀(စ)။)
ကလေးသူငယ်တစ်ဦး ကို ချုပ်နှောင်ထားရာမှ အတတ်နိုင်ဆုံး မြန်မြန် လွှတ်ပေးရမည်။
ကလေးတစ်ဦးကို မည်သည့် ပြစ်မှုမျိုးဖြင့် စွပ်စွဲခံရသည် ဖြစ်စေ အာမခံပေးရမည်။68 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၇(၁)။)
ကလေးသူငယ်တစ်ဦး ကို ချုပ်နှောင်ထားရာမှ အတတ်နိုင်ဆုံး မြန်မြန် လွှတ်ပေးရမည်။
ကလေးသူငယ်များကို တရားရုံးတင် စစ်ဆေးစဉ်အတွင်း အချုပ်ချထားခြင်း မပြုရဘဲ မိဘ သို့မဟုတ် အုပ်ထိန်းသူထံသို့ လွှဲပြောင်းပေးရမည်။69 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၃(ဂ)၊ (ဃ)။)
နောက်ဆုံးနည်းလမ်းအဖြစ် စောင့်ရှောက်ရေးဂေဟာ သို့လည်း ပို့ဆောင်နိုင်သည်။70 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၀(ည)။)တရားရုံးတင်စစ်ဆေးခြင်း
အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်းမပြုပါက သက်ဆိုင်ရာ ကလေးသူငယ်တရားရုံးသို့ အမြန်ဆုံး လွှဲပြောင်းရမည်။71 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၀(ဈ)။)
ကလေးသူငယ်တရားရုံး သည် ကလေးသူငယ်ကို စစ်ဆေးရာတွင် လူကြီးတရားခွင် မဟုတ်သည့် သီးခြားတရားရုံး သို့မဟုတ် အဆောက်အအုံ တွင်ဖြစ်ရမည်။72 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၄(ခ)။)
ကလေးသူငယ်ကို စစ်ဆေးသည့် တရားရုံးများ တရားခွင်များတွင် အများပြည်သူများ ဝင်ထွက်ခွင့် မရှိစေရ။ မိသားစုဝင်များ၊ အုပ်ထိန်းသူ၊ ဆွေမျိုး နှင့် မျက်မြင်သက်သေ၊ တရားရုံးဝန်ထမ်းများကဲ့သို့သော အမှုနှင့် သက်ဆိုင်သူများကိုသာ ကလေးသူငယ်ဆိုင်ရာ တရားခွင်သို့ ဝင်ရောက်ခွင့်ပြုရမည်။ အခြားသူများ ဝင်ရောက်ခွင့်ကို တရားသူကြီးမှ ဆုံးဖြတ်ပေးရမည်။73 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၄(ခ)။)
ကလေးသူငယ်၏ ကောင်းကျိုးဖြစ်စေမည့် ရည်ရွယ်ချက်မှအပ အမှု၏ သတင်းအချက်အလက်များကို မီဒီယာများတွင် ထုတ်ဖော်ပြောဆိုခွင့်မရှိပါ။74 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၅(ခ)။)
ပြစ်မှုကျူးလွန်ခြင်းခံရသောကလေးနှင့် သက်သေထွက်ဆိုသော ကလေး တို့အတွက် ဥပဒေအရ လွတ်လပ်လုံခြုံမှုအပါအဝင် ကာကွယ်စောင့်ရှောက်မှုပေးရမည်။75 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၉၆(က)မှ(င)။)အမိန့်ချမှတ်ခြင်း
ကလေးသူငယ်တစ်ဦးကို သာမန်အားဖြင့် ထောင်ဒဏ်ချမှတ်ခြင်း မပြုရ။76 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၈(ခ)။)
ကလေးသူငယ်တရားရုံးရည်ရွယ်ချက်မှာ ကလေး၏ အကျင့်စာရိတ္တကို ပြုပြင်ပေးရန် အတွက်သာ ဖြစ်ပြီး အပြစ်ပေးရန်အတွက် မဟုတ်ပါ။77 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၈(က)။ (၂၀၁၀) ပြည်ထောင်စုတရားစီရင်ရေး ဥပဒေ (၂၀၁၃ ပြင်ဆင်ချက်) ၃(ဆ)။)
အကျဉ်းချခြင်းထက် အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်းများကို ဦးစားပေးရမည်။78 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၇(င)။)
ကလေးသူငယ်တရားရုံး ၏ဆုံးဖြတ်ချက်များ၊ အမိန့်များကို အယူခံဝင်ခွင့်ရှိသည်။79 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၉၁(ဂ)။)
အမိန့်ချမှတ်ရာတွင် ကလေး၏ အသက်၊ အကျင့်စာရိတ္တ၊ ကိုယ်ခန္ဓာနှင့်စိတ်ပိုင်းဆိုင်ရာ အခြေအနေ အပြင် အခြားသော အကြောင်းရာ များကိုလည်း အထူး ထည့်သွင်းစဉ်းစားရမည်။80 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၇(က)မှ(စ)။)
အသက်၁၈နှစ်အောက်များကို ထောင်ဒဏ် ၁၀ နှစ် ထက်ပိုသည့် ပြစ်ဒဏ်မချမှတ်ရ။81 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၈(ဃ)။)
သေဒဏ် သို့မဟုတ် ထောင်ဒဏ် တစ်သက်တစ်ကျွန်း မချမှတ်ရ။82 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၈(ခ)။)
အသက်၁၈ နှစ်အောက်လူငယ်များကို လူကြီးအကျဉ်းသားများနှင့် သီးသန့်ထားရှိရမည်။ ပုံမှန်ဆေးစစ်ပေးခြင်း၊ ပုံမှန် ဧည့်တွေ့လက်ခံခွင့်ရရှိခြင်း နှင့် ပညာရေးနှင့်ဆိုင်သည့် အခွင့်အရေးများ ထောက်ပံ့ပေးခြင်း တို့ကိုရပိုင်ခွင့်ရှိသည်။83 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၉၃(က)၊(ဂ)၊(စ)၊(ဆ)။)
အလုပ်ကြမ်းခိုင်းစေခြင်း သို့မဟုတ် အကျဉ်းဦးစီးဌာန၏ ကွပ်ကဲမှုအောက်ရှိ ထိန်းချုပ်စခန်းများသို့ ပေးပို့ခြင်းမပြုရ။84 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၉၃(င)။)
အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက်ခြင်း နိုင်သည့် နည်းလမ်းများဖြစ်သော နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ ရပ်ရွာ အကျိုးပြုလုပ်ငန်းများတွင် ပါဝင်စေခြင်း၊ ပြန်လည်ပြုစုပျိုးထောင်ရေး ဂေဟာများတွင် ထားရှိခြင်း စသည်တို့ ရပိုင်ခွင့်ရှိသည်။85 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၇၅(ခ)(၇)။)
အခြားနည်းလမ်းဖြင့် လွှဲပြောင်းဆောင်ရွက် ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များမှာ ပြစ်မှုအနေအထား၊ အသက်၊ ရင့်ကျက်မှု နှင့် ရပ်ရွာ၏ ဘေးကင်းလုံခြုံမှုအပေါ် သက်ရောက်မှု ရှိမရှိ စသည်တို့ပါဝင်သည်။86 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၃(ဎ)၊ ၇၁(က)(၁)မှ(၇)။)
သင်လုပ်နိုင်သောအရာများ
ရှေ့နေဖြင့် ကလေး သို့မဟုတ် လူငယ် အခွင့်အရေး ကို အသုံးချပါ။
ရှေ့နေနှင့် သီးသန့်ဆွေးနွေးခွင့်အပါအဝင် ခုခံချေပခွင့်ကို ငြင်းဆိုလျှင် အယူခံဝင်နိုင်သည်။ ကလေးသူငယ်တရားရုံးတွင် အမှုစစ်ဆေးဆဲဖြစ်ပါကလည်းပြင်ဆင်မှု တင်သွင်းနိုင်သည်။
ကလေးသူငယ်များပါဝင်သည့်အမှုများတွင် ဥပဒေပညာရှင် မဟုတ်သော အခြားကျွမ်းကျင် ပညာရှင်များက လူမှုစိတ်အခြေအနေများ ကို ပံ့ပိုးပေးနိုင်သည်။ ဥပမာ ကလေးအတွက် စိတ်ချလုံခြုံသော နေရာ စီစဉ်ပေးခြင်း။
အချို့သောတရားရုံးများတွင် ကလေးများနှင့်ပတ်သက်သည့် အမှုများအတွက် လူမှုရေး အထောက် အကူပြု ဝန်ထမ်းများအား ကူညီပါဝင်စေသည်။ ထိုသို့ အကူအညီပေးသည့် အဖွဲ့အစည်းများစွာ ရှိသည်။
ကလေးနှင့်လူငယ် ၏ ပြစ်မှုဆိုင်ရာတာဝန်ယူမှု ရပိုင်ခွင့်ကို အသုံးချပါ။
အသက်နှင့်ပတ်သက်၍ အငြင်းပွားဖွယ်ရှိပါက အသက်ကို အကဲဖြတ်ခြင်း လုပ်ငန်းစဉ် ဆောင်ရွက်ရမည်။
အသက် ၁၀နှစ် နှင့် ၁၁နှစ် ဖြစ်ပါက ၎င်း၏အပြုအမူများကို နားလည်နိုင်လောက်သည့် ရင့်ကျက်မှု မရှိသေးသည့် အခြေခံမူ အရ အမှုမှ အပြီးသတ် ချက်ချင်းလွှတ်ရန် တောင်းဆိုသင့်သည်။107 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၇၈(ခ)။)
ဖမ်းဆီးခြင်း၊ သယ်ယူပို့ဆောင်ခြင်း နှင့် ထိန်းသိမ်းထားခြင်း ဆိုင်ရာ ရပိုင်ခွင့်များကို အသုံးချပါ။
ရဲစခန်းတွင် ၂၄ နာရီ ပြည့်ပြီးသည်အထိ မလွှတ်သေးလျှင်၊ အမှုကို ကလေး သူငယ်ဆိုင်ရာ တရားရုံးသို့ လွှဲပြောင်းပေးခြင်း မရှိလျှင် ချုပ်နှောင်ထားခြင်း အပေါ် အောက်ပါအတိုင်း စောဒက တက်နိုင်သည်။
တရားရုံးတွင် ကြားနာစစ်ဆေးစဉ်အတွင်း ပြင်ဆင်မှုလျှောက်ထားနိုင်သည်။
တရားရုံး အဆုံးအဖြတ်ကို အယူခံဝင်ခြင်းဖြင့် စောဒကတက် နိုင်သည်။108 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၉၁(ဂ)။)
ချုပ်နှောင်ထားခြင်းကို အထက်ရုံးတော်109 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၉၁(၁) (က)-(ခ)။) တွင် စောဒကတက်ခြင်း သို့မဟုတ် ပြည်ထောင်စုတရား လွှတ်တော်ချုပ်တွင် ရှေ့တော်သွင်း စာချွန်တော် လျှောက်ထားခြင်း 110 (စာချွန်တော် အမိန့် လျှောက်ထားမှုဆိုင်ရာ ဥပဒေ (No. ၂၄/၂၀၁၄)) တို့ကို လုပ်နိုင်သည်။
တရားရုံးတင်စစ်ဆေးခြင်း ဆိုင်ရာ အခွင့်အရေးကို အသုံးချပါ။
စွပ်စွဲခံရသည့် ကလေးသည် လူကြီးများ ကိုစစ်ဆေးသည့် တရားရုံး တွင် ရောက်ရှိနေပါက ကလေးသူငယ် တရားရုံးသို့ လွှဲပြောင်းပေးရန် တောင်းဆိုရမည်။111 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၅၄၀။)
ခရိုင်တရားရုံးတိုင်းတွင် သီးခြားကလေးသူငယ်တရားရုံးသို့မဟုတ် ကလေးသူငယ် အမှုစစ်ဆေးရန် သတ်မှတ်ထားသည့် နေရာတစ်ခု အနည်းဆုံးရှိသင့်ပါသည်။
အမှုကြားနာစဉ်အတွင်း အမှုနှင့် မသက်ဆိုင်သည့် သူများကို ရုံးတော်မှ ထွက်ခွာပေးရန် တောင်းဆိုရမည် ဖြစ်ပြီး ရဲဝန်ထမ်းများကိုလည်း ကလေး၏အမည် လိပ်စာနှင့်ဓာတ်ပုံများကို အများပြည်သူသို့ ထုတ်ဖော်ခြင်းမပြုရန် တောင်းဆိုသင့်သည်။
အမိန့်ချမှတ်ခြင်းဆိုင်ရာ အခွင့်အရေးကို အသုံးချပါ။
အမှုကျူးလွန်ကြောင်း ထင်ရှားပါက မိဘ အုပ်ထိန်းသူ လက်သို့လွှဲအပ်ပေးခြင်းကဲ့သို့ သက်ညှာစွာ အမိန့်ချမှတ်ပေးစေရန် လိုအပ်သည့် အထောက်အထားများကို တရားရုံးတော်သို့ တင်ပြသင့်သည်။112 ((၂၀၁၉) ကလေးသူငယ်ဥပဒေပုဒ်မ ၈၈(ဂ)။)
ကလေးသူငယ်ကို တရားရုံးက အမိန့်ချမှတ်ပြီးသော်လည်း အယူခံတင်သွင်းနိုင်သည်။