ဤသုတေသနစာတမ်းသည် မြန်မာနိုင်ငံ ရာဇဝတ်တရားစီရင်ရေးစနစ်တွင် ပါဝင်နေသူများ၏ အကျိုးစီးပွားများကို သိရှိနားလည်ရည်ရွယ်ပါသည်။ ထိုသို့ သိရှိနိုင်ရန် တရားခံများ၊ နစ်နာသူများ၊ သက်သေများ၊ မိသားစုဝင်များ၊ ရှေ့နေများနှင့် တရားသူကြီးများကို စစ်တမ်းကောက်ခံခဲ့ပါသည်။ ရာဇဝတ်တရားစီရင်ရေးစနစ်တွင် အမြစ်တွယ်နေသည့် ပြဿနာများကို အဆိုပါ ပါဝင်နေသူများမှ သိရှိခြင်းဖြင့် စွမ်းဆောင်ရည်မြှင့်တင်ရန် စည်းရုံးလှုံ့ဆော်ခြင်း နည်းဗျူဟာတစ်ခုကို ဤသုတေသနမှ ရေးဆွဲနိုင်ခဲ့သည်။