လမ်းပြ (ဤတွင် အက်ပလီကေးရှင်းကိုဆိုလိုသည်) သည် မြန်မာနိုင်ငံရှိ ဥပဒေ နှင့် အခြေခံရပိုင်ခွင့်များအပေါ် အများပြည်သူတို့ ပိုမိုသိရှိနားလည်စေရန်ရည်ရွယ်ပြုစုထားသည့် သတင်းအချက်အလက် အရင်းအမြစ် အက်ပလီကေးရှင်း တစ်ခုဖြစ်သည်။ ဤအက်ပလီကေးရှင်းသည် ဥပဒေရေးရာအကြံပြုချက်များ ပေးရန် မဟုတ်သကဲ့သို့ အရည်အချင်းပြည့်မီသော ရှေ့နေတစ်ဦးအဖြစ် အစားထိုး အသုံးပြုနိုင်ရန်လည်း မဟုတ်ပါ။
ဤလမ်းပြတွင်ပါဝင်သော အချက်အလက်များမှာ တိကျမှန်ကန်ပြီး လက်ရှိ အချိန်တွင်အသုံးပြုနေသည့် အချက်အလက်များဖြစ်အောင် အဆီလျော်ဆုံး ကြိုးပမ်း ပြုစုထားပါသည်။ သို့သော် ဤအက်ပလီကေးရှင်းကို အထွေထွေ လမ်းညွှန်အဖြစ် အသုံးပြုရန်သာ ရည်ရွယ်ပြီး ၎င်းတွင်ပါ၀င်သော သတင်းအချက်အလက်များ၏ တိကျမှု၊ အချိန်ကိုက်ဖြစ်မှု သို့မဟုတ် ပြည့်စုံမှု တို့ကို အာမမခံနိုင်ပါ။
ဤပါဝင်သောအချက်အလက်များသည် မြန်မာနိုင်ငံဥပဒေအသိုင်းအ၀န်းရှိ မိတ်ဆွေများ၏ သဘောထား သို့မဟုတ် အမြင်များကို ကိုယ်စားမပြုပါ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လမ်းပြ၌ကိုးကားထားသော အချို့ဥပဒေများ၊ ပြင်ဆင်ချက်များသည် အချက်အလက်သက်သက်အတွက်သာ ရည်ရွယ်ထားပြီး အက်ပလီကေးရှင်း၌ ရည်ညွှန်းထားသော ဥပဒေများ၏ တရားဝင်မှုကို မထင်ဟပ်ပါ။ ထို့ကြောင့် သုံးစွဲသူများသည် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဖြင့်သာ အသုံးပြုရန် အကြုံပြုပါသည်။ ထို့အပြင် အသုံးပြုသူများသည် ဤ အက်ပလီကေးရှင်းပါ သတင်းအချက်အလက်များအတိုင်း မလုပ်ဆောင်မီ အရည်အချင်းပြည့်မီသော ဥပဒေပညာရှင်တစ်ဦး ၏ အကြံဉာဏ်ကို အရင်ရယူသင့်သည်။