ရီမန်ခေါ်ချုပ်မိန့်အဆင့်တွင် ဥပဒေအကျိုးဆောင် (ရှေ့နေ) လိုက်ပါဆောင်ရွက်ခြင်းကို မြန်မာနိုင်ငံဥပဒေများတွင် ခွင့်ပြုထားပါသည်။ စွပ်စွဲခံရသူ၏ အခွင့်အရေးများကို အကာအကွယ်ပေးရန် အလို့ငှာ အစောပိုင်းအဆင့်မှစ၍ ဥပဒေအကျိုးဆောင် လိုက်ပါဆောင်ရွက်ခြင်း၏ ဥပဒေအခြေခံကိုလည်းကောင်း ရီမန်အဆင့်တွင် ဥပဒေအကျိုးဆောင်လိုက်ပါဆောင်ရွက်ပေးမှုရရှိရေးမှာ အခွင့်အရေးတစ်ရပ်ဖြစ်သင့်ကြောင်းကိုလည်း ဖော်ပြထားပါသည်။