ကျွန်ုပ်မိသားစုတွင် ပြဿနာများ ရှိနေပါသည်။

အမှုရင်ဆိုင်ရာတွင် အဆင့်တစ်ခုချင်းစီ၌ ပါဝင်သည့် သင်၏ ရပိုင်ခွင့်များအကြောင်း အောက်ပါအဆင့်များကို နှိပ်၍ ကြည့်ရှုနိုင်သည်။

အိမ်ထောင်ဖက် သို့မဟုတ် မိသားစုဝင်မှ ရုပ်ပိုင်း/ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် အန္တရာယ်ပြုခြင်း

အိမ်တွင်းအကြမ်းဖက်မှုဆိုသည်မှာ မိမိ၏ မိသားစုဝင် သို့မဟုတ် အိမ်ထောင်ဖက်မှ မိမိအား အန္တရာယ်ဖြစ်အောင် ပြုမူခြင်း ဖြစ်ပါသည်။

အိမ်တွင်း အကြမ်းဖက်မှုများသည် ကျား-မ လိင်ဖြစ်တည်မှုအပေါ်အခြေခံသည့် အကြမ်းဖက်မှု (ဂျီဘီဗွီ) ပုံစံ တစ်မျိုး အနေဖြင့် ဖြစ်လေ့ ရှိပါသည်။

မြန်မာ့ဥပဒေတွင် အိမ်တွင်းအကြမ်းဖက်မှုကို သီးခြား ဖော်ပြထားခြင်း မရှိသော်လည်း ပြစ်မှုဆိုင်ရာဥပဒေ (ရာဇသတ်ကြီး) တွင် အိမ်တွင်း အကြမ်းဖက်မှုခံ ရသူများကို အကာအကွယ်ပေးသည့် ပြဌာန်းချက်များ အများအပြား ရှိပါသည်။ ၄င်းတို့မှာ

  • မုဒိန်းမှုနှင့် အခြားလိင်မှုဆိုင်ရာ ကျူးလွန် စော်ကားခြင်းများ 1 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၄၊ ၁၅၅(၁)။ ရဲလက်စွဲအပိုဒ် ၁၄၁၄။)
  • မုဒိန်းမှု အောက်တွင် အကျုံးမဝင်သော သွေးရင်းစပ်ယှက်မှုနှင့် လိင်မှုဆိုင်ရာ အပြုအမူများ ကို “ဓမ္မတာနှင့် ဆန့်ကျင်သော လိင်ဆက်ဆံမှု” ပြဌာန်းချက်များ အောက်တွင် တရားဆွဲဆို နိုင်ပါသည်။2 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၄၊ ၁၅၅(၁)။ ရဲလက်စွဲအပိုဒ် ၁၄၁၄။)
  • မိမိအလိုအလျောက် နာကျင်စေခြင်း3 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၄၊ ၁၅၅(၁)။ ရဲလက်စွဲအပိုဒ် ၁၄၁၄။) အနိုင်အထက် လက်ရောက်မှုပြုခြင်း,4 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၄၊ ၁၅၅(၁)။ ရဲလက်စွဲအပိုဒ် ၁၄၁၄။) လူသတ်မှု ကျူးလွန်ခြင်း5 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၄၊ ၁၅၅(၁)။ ရဲလက်စွဲအပိုဒ် ၁၄၁၄။)
  • ရာဇဝတ်မကင်းသော ခြောက်လှန့်ခြင်း6 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၄၊ ၁၅၅(၁)။ ရဲလက်စွဲအပိုဒ် ၁၄၁၄။) မှားယွင်းစွာ မတရား ချုပ်နှောင်ခြင်း7 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၄၊ ၁၅၅(၁)။ ရဲလက်စွဲအပိုဒ် ၁၄၁၄။)  ပြန်ပေးဆွဲခြင်း8 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၄၊ ၁၅၅(၁)။ ရဲလက်စွဲအပိုဒ် ၁၄၁၄။)
  • လိမ်လည်လှည့်ဖြား၍ လက်ထပ်ထိမ်းမြားခြင်း နှင့် ကာမရယူခြင်း၊ ပြန်ပေးဆွဲခြင်း။9 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၄၊ ၁၅၅(၁)။ ရဲလက်စွဲအပိုဒ် ၁၄၁၄။)
  • အမျိုးသမီးများ၏ အရှက်နှင့်ဂုဏ်သိက္ခာ ကို ကာကွယ်သည့် ဥပဒေများတွင် အလိုမတူဘဲ ထိကိုင်ခြင်းနှုတ်ဖြင့်ဖြစ်စေ အမူအရာဖြင့်ဖြစ်စေ11 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၄၊ ၁၅၅(၁)။ ရဲလက်စွဲအပိုဒ် ၁၄၁၄။) လိင်မှုဆိုင်ရာနှောင့်ယှက်ခြင်းများ သည်လည်း ရာဇဝတ်မှုမြောက် ပါသည်။

အိမ်တွင်းအကြမ်းဖက်မှုသည် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း တစ်မျိုးတည်း မဟုတ်ဘဲ ငွေကြေးနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေမှုများ လည်း အိမ်တွင်းအကြမ်းဖက်မှု အဖြစ် သတ်မှတ်နိုင်ပါသည်။ ကြွေးမြီနှင့်ဆိုင်သော ပြဿနာများ ကို လေ့လာပါ။

 

သင်လုပ်နိုင်သောအရာများ
ဥပဒေ အကူအညီ

အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်ခံရသူများအနေဖြင့် ရှေ့နေသို့မဟုတ် ဥပဒေရေးရာ အကူအညီ ပေးသည့် အဖွဲ့အစည်းတစ်ခုခုမှ အကူအညီကို ရယူသင့်ပါသည်။

အချို့သော အခြေအနေများတွင် အာဏာပိုင်များကို တိုင်ကြားသောကြောင့် နောက်ဆက်တွဲ ဥပဒေ ရေးရာ အကျိုးဆက်များ ရှိနိုင်သည်။

ရဲအရာရှိထံတိုင်ကြားခြင်း

ပြစ်မှုတစ်ခု နှင့် ပတ်သက်သည့် မည်သည့်အကြောင်းအရာကို မဆို ဖြစ်ပွားသည့် နေရာ39 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၄၊ ၁၅၅(၁)။ ရဲလက်စွဲအပိုဒ် ၁၄၁၄။) သို့မဟုတ် ပြစ်မှု၏ အကျိုးဆက် ဆက်လက်ဖြစ်ပေါ်ရာ နေရာ40 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၇၉၊ ၁၅၆(၁)၊ ၁၅၅။) နှင့် အနီးစပ်ဆုံး ရဲစခန်းတွင် တိုင်ကြားနိုင်ပါသည်။

ရဲအရာရှိမှ မိမိရာထူးတာဝန် အရ အရေးယူဆောင်ရွက်ရမည်ကို ပျက်ကွက်လျှင် (၁၉၉၅) ပြည်သူ့ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေ အရ အရေးယူနိုင်သည်။41 ((၁၉၉၅)ပြည်သူ့ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေ)

၎င်းတွင် ရဲအရာရှိတစ်ဦးမှ ပထမ သတင်းပေး တိုင်တန်းချက် ကို ရေးဖွင့် ပေးရန် ငြင်းဆန်ခြင်း သို့မဟုတ် တိုင်ကြားမှုကို စုံစမ်းစစ်ဆေးပေးရန် ငွေကြေးတောင်းခံခြင်း လည်း ပါဝင်သည်။

တိုင်ကြားသူနှင့် မျက်မြင်သက်သေများ၏ အခွင့်အရေးများ ကို ကြည့်ပါ။

အရေးပေါ် ဆေးဝါးကုသပေးခြင်း

အထူးသဖြင့် မုဒိမ်းမှု ဖြစ်ပွားလျှင် အရေးပေါ် ကျန်းမာရေး ဝန်ဆောင်မှုများ ရရှိအောင် ချက်ချင်း ဆောင်ရွက်ရပါမည်။ ယင်းဝန်ဆောင်မှုများတွင်

  • ရာဇဝတ်မှု စွဲဆိုရန်အတွက် သက်သေ အထောက်အထားများ ရယူစုဆောင်းခြင်း
  • လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို စစ်ဆေးခြင်းနှင့် ကုသခြင်း
  • ကိုယ်ဝန်ရရှိမှုကို တားဆီးရန် အရေးပေါ်သန္ဓေတားခြင်း တို့ပါဝင်သည်။
အခြားသော အထောက်အပံ့ ဝန်ဆောင်မှုများ

မိသားစုဝင် သို့မဟုတ် အိမ်ထောင်ဖက်မှ အိမ်တွင်း အကြမ်းဖက်မှု ကျူးလွန်လျှင် ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမည့် ပြဿနာများစွာ ရှိပါသည်။ ၎င်းတို့မှာ

  • လုံခြုံဘေးကင်းသည့် နေရာတွင် စောင့်ရှောက်ထားခြင်း နှင့် ငွေကြေး အထောက်အပံ့ ပေးခြင်း
  • အိမ်တွင်းအကြမ်းဖက်မှုခံရသူ အနေဖြင့် နောက်ထပ် အကြမ်းဖက်မခံရစေရန် နေအိမ်မှ အနည်းဆုံး ယာယီအားဖြင့် ထွက်ခွာရန် လိုအပ်ခြင်း
  • ကျူးလွန်ခံရသူများ တွေ့ကြုံရလေ့ရှိသော ရှက်ရွံ့ခြင်း၊ကြောက်လန့် တုန်လှုပ်ခြင်း အစရှိသည်တို့ကို ကုစားနိုင်ရန် နှစ်သိမ့် ဆွေးနွေး လမ်းညွှန်မှုများ လိုအပ်ခြင်း
  • ကျူးလွန်ခံရသူအနေဖြင့် ကွာရှင်းပြတ်စဲရန် နှင့် ကလေးအုပ်ထိန်းခွင့် ရရှိနိုင်ရန် ဥပဒေဆိုင်ရာ အကူအညီများ လိုအပ်ခြင်း
  • အသက်မွေးဝမ်းကျောင်း သင်တန်း နှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ကဲ့သို့ ရေရှည်အထောက်အပံများ လိုအပ်ခြင်း
  • တစ်မျိုးထက်ပိုသော နှိပ်စက်စော်ကားမှုမျိုး ကို ကြုံတွေ့ခဲ့ရနိုင်သောကြောင့် ကျူးလွန်ခံရသူ၏ လိုအပ်ချက် အပေါ်မူတည်၍ ဝန်ဆောင်မှုများကို ပေးသင့်ပါသည်။

မုဒိန်းမှု နှင့် အခြား လိင်မှုဆိုင်ရာ ကျူးလွန်စော်ကားခြင်းများ ကိုကြည့်ပါ။

 

ရှေ့နေငှားရန် အကြံပြုချက်များ >>

မုဒိန်းမှု နှင့် အခြားလိင်မှုဆိုင်ရာ ကျူးလွန်စော်ကားခြင်းများ

အမျိုးသားတစ်ဦးသည် အသက် ၁၆နှစ်အောက် အမျိုးသမီးနှင့် လိင်ဆက်ဆံ သည့်အခါ ထိုအမျိုးသမီးက သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ မုဒိမ်းမှု မြောက်ပါသည်။12 (ရာဇသတ်ကြီး ပုဒ်မ ၃၇၅၊ ရာဇသတ်ကြီး အားပြင်ဆင်သည့်ဥပဒေ(၆/၂၀၁၆) ပုဒ်မ ၂၉(က)။)

အသက် ၁၂ နှစ်အောက် အမျိုးသမီးကို မုဒိန်းမှု ကျူးလွန်လျှင် ထောင်ဒဏ် အနှစ် ၂၀ မှ တစ်သက်တစ်ကျွန်းထိ ချမှတ်ခံရမည်။13 ((၂၀၁၉) ရာဇသတ်ကြီးအားပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၃၇၆(၃)။)

အသက် ၁၆ နှစ် အထက် အမျိုးသမီး ကို အလိုမတူဘဲ လိင်ဆက်ဆံလျှင် မုဒိမ်းမှုမြောက်ပါသည်။14 (ရာဇသတ်ကြီး ပုဒ်မ ၃၇၅၊ ရာဇသတ်ကြီး အားပြင်ဆင်သည့်ဥပဒေ(၆/၂၀၁၆) ပုဒ်မ ၂၉(က)။) အိမ်ထောင်ဘက် အမျိုးသမီး ကို အလိုမတူဘဲ လိင်ဆက်ဆံခြင်းလည်း မုဒိန်းမှုမြောက်သည်။15 ((၂၀၁၉) ရာဇသတ်ကြီးအားပြင်ဆင်သည့်ဥပဒေ ပုဒ်မ ၃၇၆(၂)။)

လိမ်လည်လှည့်ဖျားခြင်း၊ ထိခိုက်နာကျင်စေရန် ခြိမ်းခြောက်ခြင်း၊ အလိုတူခြင်း၏ သဘောတရားနှင့် အကျိုးဆက် ကို နားမလည်သူ ထံမှ ရယူခြင်း နည်းလမ်းများ ကို “အလိုတူသည်” ဟု မဆိုနိုင်ပါ။ ယင်းတွင် မူးယစ်နေခြင်းကြောင့် အကျိုးဆက်ကို နားလည်နိုင်ခြင်း မရှိသည့် သူများလည်း ပါဝင်သည်။16 (ရာဇသတ်ကြီး ပုဒ်မ ၉၀။)

သွေးရင်းစပ်ယှက်မှုနှင့် လိင်မှုဆိုင်ရာ အပြုအမူများ ကို “ဓမ္မတာနှင့် ဆန့်ကျင်သော လိင်ဆက်ဆံမှု” ပြဌာန်းချက်များ အောက်တွင် တရားဆွဲဆို နိုင်ပါသည်။17 (ရာဇသတ်ကြီး ပုဒ်မ ၃၇၇။)

အမျိုးသမီးများ၏ အရှက်နှင့်ဂုဏ်သိက္ခာ ကို ကာကွယ်သည့် ဥပဒေများတွင် အလိုမတူဘဲ ထိကိုင်ခြင်း သည်လည်း ရာဇဝတ်မှုမြောက်သည်။ 18 (ရာဇသတ်ကြီး ပုဒ်မ ၃၅၄။)

အနိုင်အထက်ပြုခြင်း19 (ရာဇသတ်ကြီး ပုဒ်မ ၃၅၀။) နာကျင်စေခြင်း နှင့် အပြင်းအထန်နာကျင်စေခြင်း20 (ရာဇသတ်ကြီး ပုဒ်မ ၃၂၁-၃၃၈။) မတရား တားဆီးကန့်ကွက်ခြင်းနှင့် မှားယွင်းစွာ အကျဉ်းချခြင်း21 (ရာဇသတ်ကြီး ပုဒ်မ ၃၃၉၊ ၃၄၂။) တို့ကို မုဒိမ်းမှုနှင့်အတူ တရားစွဲဆိုနိုင်သည်။

အိမ်ထောင်ဖက် သို့မဟုတ် မိသားစုဝင်မှ ရုပ်ပိုင်း/ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် အန္တရာယ်ပြုခြင်း တွင် ကြည့်ပါ။

 

သင်လုပ်နိုင်သောအရာများ
ဥပဒေရေးရာ အကူအညီ

မုဒိန်းမှုနှင့် အခြား လိင်မှုဆိုင်ရာ ကျူးလွန်ခံရသူသည် ဥပဒေ ပညာရှင်များ၏ အကူအညီကို အတတ်နိုင်ဆုံး မြန်မြန် ရယူသင့်သည်။

အချို့သော အခြေအနေများတွင် အာဏာပိုင်များကို တိုင်ကြားသောကြောင့် နောက်ဆက်တွဲ ဥပဒေ ရေးရာ အကျိုးဆက်များ ရှိလာနိုင်ပါသည်။

ရဲအရာရှိထံတိုင်ကြားခြင်

ပြစ်မှုတစ်ခု နှင့် ပတ်သက်သည့် မည်သည့်အကြောင်းအရာကို မဆို ဖြစ်ပွားသည့် နေရာ42 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၅၄၊ ၁၅၅(၁)။ ရဲလက်စွဲအပိုဒ် ၁၄၁၄။)  သို့မဟုတ် ပြစ်မှု၏ အကျိုးဆက် ဆက်လက်ဖြစ်ပေါ်ရာ နေရာ43 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၇၉၊ ၁၅၆(၁)၊ ၁၅၅။) နှင့် အနီးစပ်ဆုံး ရဲစခန်းတွင် တိုင်ကြားနိုင်ပါသည်။

ရဲအရာရှိမှ မိမိရာထူးတာဝန် အရ အရေးယူဆောင်ရွက်ရမည်ကို ပျက်ကွက်လျှင် (၁၉၉၅) ပြည်သူ့ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေ အရ အရေးယူနိုင်သည်။44 ((၁၉၉၅)ပြည်သူ့ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေ)

၎င်းတွင် ရဲအရာရှိတစ်ဦးမှ ပထမ သတင်းပေး တိုင်တန်းချက် ကို ရေးဖွင့် ပေးရန် ငြင်းဆန်ခြင်း သို့မဟုတ် တိုင်ကြားမှုကို စုံစမ်းစစ်ဆေးပေးရန် ငွေကြေးတောင်းခံခြင်း လည်း ပါဝင်သည်။

၎င်းတွင် ရဲအရာရှိတစ်ဦးမှ ပထမ သတင်းပေး တိုင်တန်းချက် ကို ရေးဖွင့် ပေးရန် ငြင်းဆန်ခြင်း သို့မဟုတ် တိုင်ကြားမှုကို စုံစမ်းစစ်ဆေးပေးရန် ငွေကြေးတောင်းခံခြင်း လည်း ပါဝင်သည်။

အရေးပေါ် ဆေးဝါးကုသပေးခြင်း

အထူးသဖြင့် မုဒိမ်းမှု ဖြစ်ပွားလျှင် အရေးပေါ် ကျန်းမာရေး ဝန်ဆောင်မှုများ ရရှိအောင် ချက်ချင်း ဆောင်ရွက်ရပါမည်။ ယင်းဝန်ဆောင်မှုများတွင်

  • ရာဇဝတ်မှု စွဲဆိုရန်အတွက် သက်သေ အထောက်အထားများ ရယူစုဆောင်းခြင်း
  • လိင်ဆက်ဆံမှုမှတစ်ဆင့် ကူးစက်တတ်သော ရောဂါများကို စစ်ဆေးခြင်းနှင့် ကုသခြင်း
  • ကိုယ်ဝန်ရရှိမှုကို တားဆီးရန် အရေးပေါ်သန္ဓေတားခြင်း တို့ပါဝင်သည်။
နှစ်သိမ့်ဆွေးနွေးပေးခြင်း

မုဒိန်းမှုနှင့် အခြားလိင်မှုဆိုင်ရာ ကျူးလွန်ခံရသူများ အနေဖြင့် ရှက်ရွံ့ခြင်း၊ကြောက်လန့် တုန်လှုပ်ခြင်း အပြင် စိတ်ဒဏ်ရာ ကြောင့် ရရှိသည့် စိတ်ဖိစီးမှု လက္ခဏာများ လည်း ကြုံတွေ့ရနိုင်သည်။

ကျွန်ုပ်လုပ်နိုင်သည်များ – အိမ်ထောင်ဖက် သို့မဟုတ် မိသားစုဝင်မှ ရုပ်ပိုင်း/ စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် အန္တရာယ်ပြုခြင်း ကိုကြည့်ပါ။

 

ရှေ့နေငှားရန် အကြံပြုချက်များ >>

အမျိုးသမီးတစ်ဦး ၏ အသက်ကိုကယ်တင်ရန် မှလွဲ၍ ကိုယ်ဝန်ဖျက်ချခြင်း၊ ပျက်စေခြင်းများသည် ဥပဒေနှင့် ဆန့်ကျင်သည်။22 (ရာဇသတ်ကြီး ပုဒ်မ ၃၁၂။)

ကိုယ်ဝန် ဖျက်ချခြင်း၊ ပျက်စေခြင်းကို ကိုယ်ဝန်ရင့်မာသည့်အချိန်တွင် ဖြစ်စေ၊ အမျိုးသမီး၏ သဘောတူညီချက်မရှိဘဲ ဖြစ်စေ၊ သို့မဟုတ် ထိုသို့ပြုလုပ်စဉ် အမျိုးသမီးသေဆုံးသွားသည့် အခါတွင် ဖြစ်စေ ပိုမိုကြီးလေးသောပြစ်ဒဏ်ကို ချမှတ်နိုင်ပါသည်။23 (ရာဇသတ်ကြီး ပုဒ်မ ၃၁၂၊ ၃၁၃၊ ၃၁၄။)

မွေးဖွားခြင်းကို ဖုံးကွယ်ရန် သန္ဓေသား သို့မဟုတ် မွေးကာစ ကလေးငယ်၏ သေဆုံးပြီး ခန္ဓာကိုယ် ကို မြေမြှုပ်ခြင်း သို့မဟုတ် လွှင့်ပစ်ခြင်း သည်လည်း ရာဇဝတ်မှုမြောက်သည်။24 (ရာဇသတ်ကြီး ပုဒ်မ ၃၁၈။)

လိုင်စင်မရှိဘဲ ဝမ်းဆွဲသည် လုပ်ခြင်း သည် ဥပဒေနှင့် ဆန့်ကျင်ပါသည်။25 ((၁၉၉၀)မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီဥပဒေ ပုဒ်မ ၂၁။)

သက်ဆိုင်ရာ ဆေးပညာဆိုင်ရာဘုတ်အဖွဲ့များ၏ တရားဝင်အသိအမှတ်ပြု ထောက်ခံချက်မရှိဘဲ ပဋိသန္ဓေမတည် နိုင်အောင်ပြုလုပ်လျှင် လူနာသာမက ပြုလုပ်ပေးသူပါ ထောင်ဒဏ်၊ ငွေဒဏ်များ ချမှတ်ခြင်းခံရနိုင်သည်။26 (ရာဇသတ်ကြီး ပုဒ်မ ၃၁၂(က)၊ ၃၁၂(ဂ)။)

ထိုသို့ ဆောင်ရွက်စဉ် အမျိုးသမီး သေဆုံးသွားခြင်း သို့မဟုတ် အမျိုးသမီး ဆန္ဒမပါဘဲ ဆောင်ရွက်ခြင်းများ အတွက် ပြစ်ဒဏ်များ ထပ်တိုးချနိုင်သည်။27 (ရာဇသတ်ကြီး ပုဒ်မ ၃၁၂(ဃ)။)

 

သင်လုပ်နိုင်သောအရာများ
မျိုးဆက်ပွားကျန်းမာရေးနှင့်သက်ဆိုင်သောကိစ္စများ

ကိုယ်ဝန်ဆောင်ခြင်းနှင့် အခြားသော မျိုးဆက်ပွားကျန်းမာရေးနှင့် သက်ဆိုင်သော ကိစ္စရပ်များအတွက် တိုင်ပင် ဆွေးနွေးပေးခြင်း၊ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုပေးခြင်း၊ ဥပဒေရေးရာအကူအညီပေးခြင်းများကို ဆောင်ရွက်ပေး နေသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း အများအပြား ရှိပါသည်။

အထူးသဖြင့် မုဒိမ်းမှု ဖြစ်ပွားလျှင် အရေးပေါ် သန္ဓေတားနည်း ဖြင့် ကိုယ်ဝန်ရနိုင်ချေကို တားဆီးရန် အရေးပေါ် ကျန်းမာရေး ဝန်ဆောင်မှုကို ချက်ချင်းရယူပါ။

 

ရှေ့နေငှားရန် အကြံပြုချက်များ >>

ဥပဒေအရ ကလေးသူငယ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်တာဝန်

မိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူသည် မိမိကလေးကို ညှင်းပန်း နှိပ်စက် ခံရမှုမှ ကာကွယ်ရန်၊ ငွေကြေးထောက်ပံ့ရန်၊ ကျန်းမာရေးစောင့်ရှောက်ပေးရန်၊ ပညာသင်ကြားခွင့်ပေးရန်၊ မွေးစားရင်းပြုလုပ် ပေးရန် အစရှိသည့် ကိစ္စရပ်များအတွက် တာဝန်ရှိသည်။28 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ ၃၄၊ ၄၁။)

ကလေးတိုင်းသည် မိဘတစ်ဦးဦး သို့မဟုတ် နှစ်ဦးစလုံးနှင့် အတူနေထိုင်ပိုင်ခွင့် ရှိသည်။29 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၁၉(ဂ)။) ကလေးအတွက် အကျိုးရှိစေရန် ရည်ရွယ်ချက်မှလွဲ၍ ၎င်း၏ မိဘ များနှင့် အတင်းအကျပ် ခွဲထားခြင်း မပြုလုပ်ရ။

ကလေးသူငယ်ကို ပြင်ပတွင် ထိန်းသိမ်းစောင့်ရှောက်မည့်သူမရှိပါက အမျိုးသမီးအကျဉ်းသူသည် ၎င်း၏ ကလေး ကို အသက် ၆ နှစ် အရွယ်အထိ ၎င်းနှင့်အတူထားရှိပေးရန် တောင်းဆိုနိုင်သည်။30 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၉၄(ခ)။) ထိုအခြေအနေမျိုးတွင် ကလေးအတွက် နေရေး၊ စားရေး၊ အဝတ်အထည်နှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့ကိုပေးရန် အကျဉ်းထောင်အရာရှိတွင် တာဝန်ရှိသည်။31 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၉၄(ဂ)။)

အသက် ၁၂ နှစ်အောက် ကလေးကို မိဘ သို့မဟုတ် တရားဝင်အုပ်ထိန်းသူမှ ရက်စက်စွာ ဥပေက္ခာပြုထားခြင်း သို့မဟုတ် စွန့်ပစ်ထားခြင်းများသည် ရာဇဝတ်မှုဖြစ်သည်။32 (ရာဇသတ်ကြီး ပုဒ်မ ၃၁၇။)

အရွယ်ရောက်သူလူကြီးများ သို့မဟုတ် တရားဝင်အုပ်ထိန်းသူများသည် ကလေးတစ်ဦးကို အကြမ်းဖက်ခြင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းနှင့် အခြားသော အလွဲသုံးစားပြုလုပ်ခြင်း တို့မှ ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိသည်။ ထိုသို့ အကာအကွယ်ပေးရန် ပျက်ကွက်ပါက ရာဇဝတ်ကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရ ဖြစ်စေ ပြစ်ဒဏ်များချမှတ်ခြင်းခံရနိုင်ပါသည်။ ဥပမာ အားဖြင့် ကလေးသူငယ်တစ်ဦး ကို တောင်းစားစေခြင်း၊ ပြည့်တန်ဆာလုပ်စေခြင်း တို့မှ ကာကွယ်ပေးရန် ပျက်ကွက်ခြင်းသည် ပြစ်မှုမြောက်သည်။33 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၁၀၅။)

ငွေကြေး ထောက်ပံ့ခြင်း ဆိုင်ရာ တာဝန်များ

မိဘမှ ကလေးအား ထောက်ပံ့ပေးရမည့် တာဝန်ရှိသည်။34 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၄၁။)

ကလေးသူငယ်တစ်ဦးသည် ၎င်း၏ မိဘမှ လိုအပ်သည့် ပံ့ပိုးမှုများကို ပေးအပ်ခြင်းမရှိပါက မိဘထံမှ လစဉ်ငွေကြေး အထောက်အပံ့ တောင်းခံခွင့်ရှိပါသည်။35 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၄၂ (က)-(ခ)။)

အခြေအနေအချို့ အပေါ်မူတည်၍ ကလေးငယ်ကို ငွေကြေးထောက်ပံ့ပေးရန် ကလေးကိုယ်တိုင် နှင့် အခြားအုပ်ထိန်းသူတစ်ဦးမှ ၄င်း၏ဖခင်ကို ရာဇဝတ်ကျင့်ထုံးဥပဒေဖြင့် တရားစွဲဆို တောင်းခံနိုင်သည်။36 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ၄၈၈(၁)၊ (၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ ၄၂(က)-(ခ)။)

ထိုသို့ တရားစွဲတောင်းခံရန် ထိုကလေးသည် ၄င်းဖခင်၏ တရားဝင် သားသမီးဖြစ်ခြင်း၊ မဖြစ်ခြင်း နှင့် မသက်ဆိုင်ပါ။37 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ၄၈၈(၈)။)

မိဘနှစ်ဦးမှာ ကွာရှင်းထားသည် ဖြစ်စေ၊ မဖြစ်စေ နှင့်လည်း မသက်ဆိုင်ပါ။38 ((၂၀၁၉)ကလေးသူငယ်ဥပဒေ ပုဒ်မ၄၂(က)။)

 

 

ရှေ့နေငှားရန် အကြံပြုချက်များ >>