တရားရုံးတွင် သက်သေအဖြစ် ထွက်ဆိုသူများသည် ထိုသို့မထွက်ဆိုမိ ရဲထံ ထွက်ဆိုကြရသည်။ ထိုအခါ အချို့သက်သေများသည် အကြောင်းအမျိုးမျိုးကြောင့် ရုံးရှေ့တွင်တစ်မျိုး ရဲရှေ့တွင်တစ်ဖုံ ထွက်ဆိုကြသည်။ ထိုသို့ထွက်ဆိုကြရာဝယ် ဥပဒေအရ ဆောင်ရွက်ရသည့်နည်းလမ်းများနှင့် အဆိုပါသက်သေ၏ တန်ဖိုးကို ဥပဒေအကိုးအကားများ၊ စီရင်ထုံးများဖြင့် ရေးသားပြုစုထားသော သုတေသနဆောင်းပါးတစ်စောင်ဖြစ်ပါသည်။