Site icon Lann Pya

စည်းမျဥ်းစည်းကမ်းများ

၁။ အသုံးပြုမှုဆိုင်ရာ စည်းကမ်းချက်များ

လမ်းပြ မိုဘိုင်းအက်ပလီကေရှင်းကို ဒေါင်းလုဒ်ဆွဲခြင်း၊ အင်တာနက်မှတစ်ဆင့်ဖတ်ရှုခြင်း၊ ဝင်ရောက်ကြည့်ရှုခြင်း၊ အသုံးပြုခြင်းတို့ကို ပြုလုပ်လိုက်သည်နှင့် ၄င်း၏စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်လိုအပ်ပါသည်။ ဤစည်းမျဉ်းစည်းကမ်းများကို ကျွန်ုပ်တို့မှ အချိန်မရွေးပြုပြင်ပိုင်ခွင့်ရှိသည်။ စည်းမျဉ်းစည်းကမ်းများထဲမှ တစ်စုံတစ်ရာကို သဘောမတူပါက မိုဘိုင်းအက်ပလီကေရှင်းကို ဆက်လက်အသုံးမပြုဘဲနေနိုင်ပါသည်။ ဆက်လက်အသုံးပြုနေခြင်းသည် စည်းမျဉ်းစည်းကမ်းများကို သဘောတူလက်ခံသည်ဟု ယူဆပါမည်။ ထိုစည်းမျဉ်းစည်းကမ်းများသည် အခါအားလျော်စွာပြောင်းလဲမှုများ ရှိနိုင်ပါသည်။

၂။အဓိပ္ပာယ်ဖွင့်ဆိုချက်များ

စည်းမျဉ်းစည်းကမ်းများ၏ ခေါင်းစဉ် အသုံးအနှုန်းများသည် အခြေအနေပေါ်မူတည်ခြင်းမရှိလျှင် ဖော်ပြပါအဓိပ္ပာယ်များကိုဆိုလိုခြင်းဖြစ်သည်။ ကိုယ်ရေးအချက်အလက်ဆိုင်ရာမူဝါဒ ဆိုသည်မှာ စည်းမျဉ်းစည်းကမ်း၏ အပိုဒ်(၁၂)ရှိ ကိုယ်ရေးအချက်အလက်ဆိုင်ရာ မူဝါဒကို ဆိုလိုသည်။ ဝန်ဆောင်မှု ဆိုသည်မှာ မိုဘိုင်းအက်ပလီကေးရှင်း၏ လမ်းညွှန်များတွင် ဖော်ပြထားသည့် တစ်ဦးချင်းနှင့် အဖွဲ့အစည်းဆိုင်ရာ ဝန်ဆောင်မှုအားလုံးကိုဆိုလိုသည်။ အသုံးပြုသူဆိုသည်မှာ သင်အပါအဝင် မိုဘိုင်းအက်ပလီကေးရှင်းအား အသုံးပြုသူတိုင်းကို ဆိုလိုသည်။

၃။အသုံးပြုမှုဆိုင်ရာ အထွေထွေ စည်းကမ်းချက်များ

၃.၁ စည်းမျဉ်းစည်းကမ်း၏ သက်ဆိုင်မှု – မိုဘိုင်းအက်ပလီကေရှင်းကိုအသုံးပြုခြင်းဖြင့် ဤစည်းမျဉ်းစည်းကမ်းများသက်ရောက်မည်ဖြစ်သည်။ 

၃.၂ တည်နေရာ – ဤ မိုဘိုင်းအက်ပလီကေရှင်းသည် မြန်မာနိုင်ငံအတွင်းရှိ မိုဘိုင်းအက်ပလီကေရှင်းအသုံးပြုသူများအတွက်သာ ရည်ရွယ်သည်။ ပါဝင်သောအကြောင်းအရာများသည် မြန်မာပြည်ပြင်ပတွင် အသုံးပြုရန် မရည်ရွယ်ထားပါ။ သို့သော်လည်း မြန်မာပြည်ပြင်ပတွင် ဤမိုဘိုင်းအက်ပလီကေးရှင်းနှင့် ၄င်း၏ဝန်ဆောင်မှုများကို အသုံးပြုခဲ့ပါက ဖြစ်ပေါ်လာသည့်အကျိုးဆက်များနှင့် မိုဘိုင်းအက်ပလီကေးရှင်းပါ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် သုံးစွဲသူတွင် တာဝန်ရှိသည်။

၃.၃ ဤမိုဘိုင်းအက်ပလီကေရှင်းနှင့် အထဲမှအကြောင်းအရာများသည် စီးပွားဖြစ်မဟုတ်သော အသုံးပြုမှုအတွက်သာဖြစ်သောကြောင့် စီးပွားရေးရည်ရွယ်ချက်များအတွက်သုံးခွင့်မရှိပါ။

၃.၄ ကိရိယာနှင့်ကွန်ယက်များ – မိုဘိုင်းအက်ပလီကေးရှင်း၏ပြဌာန်းချက်တွင် လက်ကိုင်ဖုန်း သို့မဟုတ် လက်ကိုင်စက် သို့မဟုတ် မိုဘိုင်းအက်ပလီကေးရှင်းကိုအသုံးပြုရန်လိုအပ်သော အခြားပစ္စည်းကိရိယာများမပါ၀င်ပါ။ မိုဘိုင်းအက်ပလီကေးရှင်းကိုအသုံးပြုရန် သင့်အနေဖြင့် အင်တာနက်ဆက်သွယ်မှုနှင့်သင့်တော်သောဆက်သွယ်ရေးလင့်ခ်များလိုအပ်လိမ့်မည်။ သင်၏သက်ဆိုင်ရာမိုဘိုင်းကွန်ယက်ပံ့ပိုးသူ (“မိုဘိုင်းပံ့ပိုးသူ”) နှင့်ပတ်သက်သည့် သဘောတူညီမှုဆိုင်ရာစည်းမျဉ်းများသည် မိုဘိုင်းအက်ပလီကေးရှင်းကိုအသုံးပြုသောအခါ ဆက်လက်သက်ရောက်နေလိမ့်မည်။ ထို့ကြောင့် မိုဘိုင်းအက်ပလီကေးရှင်းကိုအသုံးပြုနေစဉ်အတွင်း ကွန်ယက်ချိတ်ဆက်မှုဝန်ဆောင်မှုများကိုရယူရန်လိုအပ်သည့် အခကြေးငွေများ သို့မဟုတ် အခြားတတိယပါတီအခကြေးငွေများကို မိုဘိုင်းကွန်ယက်ပံ့ပိုးသူက သင့်အားတောင်းခံနိုင်သည်။ ထိုအခကြေးငွေများကို ပေးဆောင်ရန် သင့်၌တာဝန်ရှိသည်။

၃.၅ မိုဘိုင်းအက်ပလီကေးရှင်းကိုသုံးရန်ခွင့်ပြုချက် – သင်သည် မိုဘိုင်းအက်ပလီကေးရှင်းထည့်သွင်းအသုံးပြုသည့် လက်ကိုင်ဖုန်း သို့မဟုတ် လက်ကိုင်စက် အသုံးပြုမှုအတွက် ငွေပေးချေသူမဟုတ်သော်လည်း ထိုငွေပေးချေသူထံမှ မိုဘိုင်းအက်ပလီကေးရှင်းကိုအသုံးပြုရန် သင့်၌ ခွင့်ပြုချက် ရရှိပြီးပြီဟု ယူဆသည်။

 အသိပေးချက်များနှင့် အကြောင်းကြားချက်များ

၄.၁ သင်၏မိုဘိုင်းတယ်လီဖုန်း သို့မဟုတ် အခြားလက်ကိုင်စက်များရှိ အကြောင်းကြားစာဝန်ဆောင်မှုကို ဖွင့်ထားပါက မိုဘိုင်းအက်ပလီကေးရှင်းမှ ကြိုတင်ထည့်သွင်းထားသည့်အသိပေးချက်များ (“ အသိပေးချက်များ”) ကို လက်ခံရရှိမည်ဖြစ်သည်။

၅။ ဝန်ဆောင်မှုနှင့် မိုဘိုင်းအက်ပလီကေရှင်းကို အသုံးပြုခြင်းနှင့်ပတ်သက်သည့် စည်းကမ်းများ

၅.၁ မိုဘိုင်းအက်ပလီကေးရှင်းနှင့်ပတ်သက်ပြီး အမှားအယွင်း သို့မဟုတ် ချို့ယွင်းမှုရှိကြောင်း အကြောင်းကြားခံရပြီးသည်နှင့်တပြိုင်နက် အတတ်နိုင်ဆုံး အမြန်ပြုပြင်နိုင်ရန် ကြိုးပမ်းပါမည်။ သို့သော် ကျွန်ုပ်တို့သည် မိုဘိုင်းအက်ပလီကေးရှင်းပါ အကြောင်းအရာများ သို့မဟုတ် ၎င်း၏လမ်းညွှန်ချက်ထဲရှိ ပုဂ္ဂိုလ်များနှင့်အဖွဲ့အစည်းများမှ ပေးသော၀န်ဆောင်မှုများသည် အမှားကင်းမည်ဟု အာမ မခံပါ။ ထိုကဲ့သို့သော အမှားများ သို့မဟုတ် ချို့ယွင်းချက်များရှိပါက Lann Pya Facebook စာမျက်နှာ သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်။

၅.၂ သင်၏မိုဘိုင်းအက်ပလီကေးရှင်းအသုံးပြုမှုသည် ပြတ်တောက်မှု မရှိနိုင်ဟု ကျွန်ုပ်တို့အာမမခံပါ။ မိုဘိုင်းအက်ပလီကေးရှင်းမှတစ်ဆင့်ပေးပို့သော မည်သည့်သတင်းအချက်အလက်ကိုမဆို တိကျမှန်ကန်စွာ၊ အချိန်မီပေးပို့ပေးနိုင်မည်ဟု ကျွန်ုပ်တို့အာမမခံပါ။ ကျွန်ုပ်တို့သည် မိုဘိုင်းအက်ပလီကေးရှင်း ပြတ်တောက်ခြင်း မရှိအောင်ကြိုးစားမည်ဖြစ်သော်လည်း မိုဘိုင်းအက်ပလီကေးရှင်းသည် ခေတ္တဆိုင်းငံ့သွားခြင်း၊ ကန့်သတ်ခံရခြင်း သို့မဟုတ် ရပ်ဆိုင်ခံရခြင်းတို့ကို အချိန်မရွေးကြုံတွေ့ရနိုင်သည်။

၅.၃ မိုဘိုင်းအက်ပလီကေးရှင်းသည် နည်းပညာများအပေါ် အန္တရာယ်ဖြစ်စေနိုင်သော ဗိုင်းရပ်စ်များနှင့် အခြားအရာများမှ ကင်းလွတ်ကြောင်းအာမခံချက်မပေးပါ။

၅.၄ မိုဘိုင်းအက်ပလီကေးရှင်းနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမဆို ကြိုတင်အသိပေးခြင်းမရှိဘဲ ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း၊ အစားထိုးခြင်းတို့ကို အခါအားလျော်စွာ ပြုလုပ်နိုင်သည်။ ပြုပြင်ထိန်းသိမ်းခြင်း သို့မဟုတ် အင်္ဂါရပ်အသစ်များမိတ်ဆက်ပေးခြင်းတို့ကို ပြုလုပ်ပေးနိုင်ရန် သင်၏မိုဘိုင်းအက်ပလီကေးရှင်းသို့ ၀င်ရောက်မှုကို အခါအားလျော်စွာကန့်သတ်ထားနိုင်သော်လည်း တတ်နိုင်သမျှအမြန်ဆုံး ပြန်လည်ဝင်ရောက်နိုင်ရန် ကြိုးစားပေးပါမည်။ မည်သည့်အကြောင်းအရင်းကြောင့်ဖြစ်စေ ကျွန်ုပ်တို့အနေဖြင့် မိုဘိုင်းအက်ပလီကေးရှင်းပါ မည်သည့်အချက်အလက်ကိုမဆို အချိန်မရွေးဖယ်ရှားခွင့်ရှိသည်။

၅.၅ ကျွန်ုပ်တို့အနေဖြင့် ကျိုးကြောင်းဆီလျော်ပါက ဤစည်းမျဥ်းစည်းကမ်းများကို ချိုးဖောက်သည့် မည်သည့်အရာကိုမဆို ၀င်ရောက်ခြင်းမှပိတ်ပင်ခွင့် နှင့်/သို့မဟုတ် တည်းဖြတ်ခွင့် သို့မဟုတ် ဖယ်ရှားခွင့် ရှိသည်။

၆။ ဆိုင်းငံ့ခြင်းနှင့် ရပ်စဲခြင်း

၆.၁ အကယ်၍ သင်သည် (သို့မဟုတ် အခြားမည်သူမဆို၊ သင်၏ခွင့်ပြုချက်ဖြင့်) မိုဘိုင်းအက်ပလီကေးရှင်းကိုအသုံးပြုကာ ဤစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပါက ကျွန်ုပ်တို့မှ သင်၏မိုဘိုင်းအပလီကေးရှင်းအသုံးပြုမှုကို ဆိုင်းငံ့ထားနိုင်သည်။

၆.၂ ဤစည်းမျဉ်းစည်းကမ်းများပါ ပြဌာန်းချက်များအား မချိုးဖောက်တော့ပါဟု ကျွန်ုပ်တို့လက်ခံနိုင်လောက်မည့်အာမခံချက်မျိုးကို သင့်ထံမှမရရှိမီ အချိန်ထိ မိုဘိုင်းအက်ပလီကေးရှင်း၏မူလအတိုင်းဆောင်ရွက်မှုကို ဆိုင်းငံ့ထားမည်ဖြစ်သည်။

၆.၃ အောက်ပါအချက်များကိုပြုလုပ်မိပါက ဤအပိုဒ် ၆ မှ ပြဌာန်းချက်များကို ကန့်သတ်ခြင်းမရှိဘဲ ကျွန်ုပ်တို့ချက်ချင်း သို့မဟုတ် အချိန်မရွေး (အကုန်လုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ) (က) မိုဘိုင်းအပလီကေးရှင်း ကိုဆိုင်းငံ့ထားခြင်း၊ (ခ) သင်၏မိုဘိုင်းအပလီကေးရှင်းအသုံးပြုမှုကိုဆိုင်းငံ့ထားခြင်း၊ နှင့် / သို့မဟုတ် (ဂ) သင်နှင့် (မည်သည့်နည်းနှင့်မဆို) ချိတ်ဆက်သည်ဟုယုံကြည်ရသူများအတွက်မိုဘိုင်းအက်ပလီကေးရှင်းအသုံးပြုမှုကို ဆိုင်းငံ့ထားခြင်းတို့ကို ပြုလုပ်နိုင်သည်။

၆.၃.၁ အသုံးပြုမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်မိပါက

၆.၃.၂ ကျိုးကြောင်းဆီလျော်သောအကြောင်းပြချက်များအရ သင်သည်ဤစည်းမျဥ်းစည်းကမ်းများကို ချိုးဖောက်သည်ဟု ကျွန်ုပ်တို့ သံသယရှိပါက သို့မဟုတ်

၆.၃.၃ ကျိုးကြောင်းဆီလျော်သောအကြောင်းပြချက်များအရ သင်သည် ကျွန်ုပ်တို့အား သို့မဟုတ် တစ်စုံတစ်ယောက်အား လိမ်လည်မှုကျူးလွန်သည်ဟု ကျွန်ုပ်တို့သံသယရှိပါက”

၆.၄ စည်းကမ်းချိုးဖောက်မှုနှင့်ဆက်စပ်သော အခြားအခွင့်အရေးများ၊ ရပ်စဲခြင်းမပြုမီ ရရှိသည့် အခွင့်အရေးနှင့် တာဝန်ဝတ္တရားများသည် ဤအပိုဒ် ၆ ၏ အောက်တွင်ရှိသော ကျွန်ုပ်တို့၏လုပ်ပိုင်ခွင့်များအပေါ် သက်ဆိုင်ခြင်း မရှိပါ။”

၇။ မသက်ဆိုင်ကြောင်းနှင့် တာဝန်မယူကြောင်း ရှင်းလင်းချက်

မိုဘိုင်းအက်ပလီကေးရှင်း၊ ၎င်း၏အချက်အလက်များ နှင့် လုပ်ဆောင်ချက်များသည် “လက်ရှိအခြေအနေ၊ လက်ရှိရရှိနိုင်မှုအပေါ်တွင်” အခြေခံထားခြင်းဖြစ်ပြီး အာမခံ တစ်စုံ၊တစ်ရာ ပေးထားခြင်းမရှိပါ။

“မိုဘိုင်းအက်ပလီကေးရှင်းနှင့် ၄င်းတွင်ပါ၀င်သည့် အကြောင်းအရာများ၊ ချွတ်ယွင်းချက်များ၊ မပြည့်စုံမှုများ၊ အရည်အသွေး၊ လိုအပ်ချက်အတွက် အသုံးဝင်မှု၊ တိကျမှု၊ အသုံးပြုနိုင်မှု စသည်တို့သည် အက်ပလီကေးရှင်းကို အကျိုးတစ်စုံတစ်ရာတစ်ခုအတွက် အသုံးပြုပိုင်ခွင့် နှင့် သို့မဟုတ် စီးပွားဖြစ်ရောင်းဝယ်ရန် ကြံစည်ခြင်း သို့မဟုတ် ရောင်းဝယ်ခြင်းများ ခွင့်ပြုချက် အဖြစ် အဓိပ္ပာယ် မသက်ရောက်စေပါ။ ထိုကဲ့သို့ ကိစ္စရပ်များတွင် တည်ဆဲဥပဒေများအရ ကျွန်ုပ်တို့ နှင့် မသက်ဆိုင်ကြောင်း အသိပေးပါသည်။ “

မိုဘိုင်းအက်ပလီကေးရှင်းကို အမြဲတစေ ရရှိနိုင်ခြင်း၊ ပြတ်တောင်းမှုမရှိခြင်း၊ လုံခြုံမှုရှိခြင်း၊ အမှားကင်းခြင်း၊ ကွန်ပျူတာ ဗိုင်းရပ်စ် သို့မဟုတ် အလုပ်မလုပ်သော၊ ပျက်ဆီးစေသော code တို့မှ ကင်းလွတ်ခြင်း တို့ကို အာမ မခံပါ။ ထို့ပြင် ရန်သူမျိုးငါးပါး သို့မဟုတ် ကြိုတင် တားဆီးကာကွယ်ရန် မဖြစ်နိုင်သော ကိစ္စရပ်များ၊ လိုအပ်သော ပစ္စည်းများ၊ လျှပ်စစ်ဓာတ်အား နှင့် တယ်လီကွန်ယက် မရယူနိုင်ခြင်း၊ နည်းပညာပစ္စည်းများ၊ အကူအညီများနှင့် နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုများ စသည်တို့ကိုလည်း အာမခံမည် မဟုတ်ပါ။ 

မိုဘိုင်းအက်ပလီကေးရှင်းတွင် ပါဝင်သော အချက်များကို တတ်နိုင်သမျှ မှန်ကန်စေရန်၊ နောက်ဆုံးရအချက်အလက်များ ထည့်သွင်းရန် လုပ်ဆောင်သွားမည် ဖြစ်သော်လည်း တိကျမှန်ကန်မှု၊ အချိန်နှင့်တပြေးညီ ပါဝင်မှု၊ ပြည့်စုံမှု စသည်တို့ကို အလုံးစုံ အာမခံမည်မဟုတ်ပါ။

ကျွန်ုပ်တို့နှင့် မသက်ဆိုင်သော တတိယပါတီများ မှ အက်ပလီကေးရှင်း နှင့် ၎င်း၏ ဝန်ဆောင်မှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ လုပ်ဆောင်ချက်များ၊ ဆိုးကျိုးများ ကြောင့် သင့်အနေဖြင့် မိုဘိုင်းအက်ပလီကေးရှင်းကို အသုံးပြုလို့မရတော့ခြင်း၊ အကြောင်းအရာများကို ဒေါင်းလုပ်ဒ် ပြုလုပ်၍မရနိုင်ခြင်း၊ နှောင့်နှေးမှုများ ဖြစ်ပေါ်ခြင်း၊ အချက်အလက်များ မှားယွင်းစွာ ဖော်ပြခြင်း စသည်တို့အပြင် အကျိုးစီးပွား ထိခိုက်ပျက်ဆီးစေခြင်း၊ အချက်အလက်များ ပျက်ဆီးခြင်း တို့ကို တာဝန်ယူမည်မဟုတ်ပါ။ 

အက်ပလီကေးရှင်း နှင့် ဤစည်းမျဉ်းစည်းကမ်းများ နှင့် စပ်လျဉ်း၍ သင့်အနေဖြင့် သွယ်ဝိုက်၍ဖြစ်စေ၊ အကျိုးဆက်ဖြစ်စေ ဖြစ်ပေါ်သော ပျောက်ဆုံး၊ ပျက်စီးမှုများ ကို မည်သည့်စာချုပ်စာတမ်း၊ တရားမနစ်နာမှု (ပြဌာန်းဥပဒေများ ကျူးလွန်မှုအပါအဝင်) များအရ တာဝန်ယူမည်မဟုတ်ပါ။ ဤစည်းမျဉ်းစည်းကမ်းချက်များတွင် သွယ်ဝိုက်၍ ဖြစ်စေ၊ အကျိုးဆက်ဖြစ်စေ ဖြစ်ပေါ်သော ဆုံးရှုံးမှုများတွင် အမြတ်ငွေ၊ ဝင်ငွေ၊ စုငွေ နှင့် လုပ်ငန်း ဆုံးရှုံးခြင်း၊ အချက်အလက် သို့မဟုတ် ကိုယ်ရေးကိုယ်တာ ကိစ္စ အကြောင်းအရာများ ပေါက်ကြားခြင်း၊ software နှင့် အခြားသော တန်ဖိုးရှိ ပစ္စည်းများဆုံးရှုံးခြင်း၊ တတိယပါတီမှ နစ်နာကြေားတောင်းခြင်း နှင့် အခြားဆက်စပ်သည့် ကုန်ကျစရိတ်များ စသည်တို့ပါဝင်သည်။ 

အထက်ပါ အချက်များအတွက် ခြွင်းချက်နှင့် ကန့်သတ်ချက်များ မှာ တည်ဆဲဥပဒေများ၏ ခွင့်ပြုချက် အတွင်း ၌သာ ရှိနိုင်သည်။ သုံးစွဲသူတစ်ယောက်အနေဖြင့် ရသင့်သော တည်ဆဲဥပဒေအရ အခွင့်အရေးများ ကို မူ သက်ရောက်ခြင်းမရှိပါ။

နည်းပညာအရ လုံခြုံစိတ်ချရသော အက်ပလီကေးရှင်းတစ်ခုဖြစ်စေရန် ဆောင်ရွက်ထားသော်လည်း မည်သည့် နည်းပညာဆက်သွယ်မှုမဆို အခြားအရာများမှ ကြားဖြတ်ဝင်ရောက်နိုင်ချေရှိသည်ကို သင့်အနေနှင့် လက်ခံထားရန် လိုသည်။ အက်ပလီကေးရှင်း နှင့် ပတ်သက်ပြီး နည်းပညာအရ အချက်အလက် ဖလှယ်မှုများ၊ ကျွန်ုပ်တို့ထံ အီးမေးလ် ဆက်သွယ်ပေးပို့မှုများ ကို အခြားသူများမှ ဖတ်ရှု စောင့်ကြည့်ခြင်းများ မပြုလုပ်နိုင်ဟု ကျွန်ုပ်တို့အနေဖြင့် အလုံးစုံ အာမ မခံနိုင်ပါ။ 

၈။ နစ်နာကြေး

(က) သင် အက်ပလီကေးရှင်း နှင့် ဖော်ပြပါဝန်ဆောင်မှု များကို အသုံးပြုခြင်း၊ (ခ)သင့် မိုဘိုင်းဖုန်း သို့မဟုတ် အခြားလက်ကိုင်စက်များ ဖြင့် အခြားသူတစ်ယောက်မှ အက်ပလီကေးရှင်းနှင့် ဝန်ဆောင်မှုများကို အသုံးပြုခြင်း၊ (ဂ) ဖော်ပြပါစည်းမျဉ်းစည်းကမ်းများထဲမှ အချက်များကို ချိုးဖောက်ခြင်း တို့မှ ဖြစ်ပေါ်လာသော တရားစွဲမှု၊ ခြိမ်းခြောက်မှုများ ရှိပါက သင့်အနေဖြင့် ကျွန်ုပ်တို့အား နစ်နာကြေးပေးရမည်ဟု သဘောတူပါသည်။ ၎င်းကဲ့သို့ တရားစွဲဆိုမှု၊ ကြားနာမှုများ မှ ကျသင့်မည့် နစ်နာဆုံးရှုံးမှုများ၊ ကုန်ကျစရိတ်များ ကို လည်း ပေးလျော်ရမည်။ 

၉။ မူပိုင်ခွင့် အခွင့်အရေးများ

၉.၁ မိုဘိုင်းအက်ပလီကေးရှင်းပါ အယ်ဒီတာ့အာဘော်များ၊ အချက်အလက်များ၊ ဓာတ်ပုံများ၊ သရုပ်ဖော်ပုံများ၊ အနုပညာလက်ရာများနှင့်အခြားဂရပ်ဖစ်ပုံများ၊ အမည်များ၊ အမှတ်တံဆိပ်များနှင့်ကုန်သွယ်မှုဆိုင်ရာအမှတ်တံဆိပ်များအားလုံးသည် မူပိုင်ခွင့်ဥပဒေများ နှင့်/သို့မဟုတ် အခြားဥပဒေများ နှင့်/သို့မဟုတ် အပြည်ပြည်ဆိုင်ရာစာချုပ်များဖြင့်အကာအကွယ်ပေးထားပြီး အက်ပလီကေးရှင်း ဖန်တီးသူများ မှပိုင်ဆိုင်သည်။ ဤလုပ်ဆောင်မှုများ၊ အမှတ်တံဆိပ်၊ ဂရပ်ဖစ်၊ အသံ သို့မဟုတ် ရုပ်ပုံများကို အက်ပလီကေးရှင်း ဖန်တီးသူများက အတိအလင်းခွင့်ပြုထားသည်မဟုတ်လျှင် အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်းပင်ဖြစ်စေ ကူးယူခြင်း၊ ပြန်လည်ထုတ်ဝေခြင်း၊ ပြန်လည်ထုတ်လွှင့်ခြင်း၊ ဖြန့်ဝေခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ ပုံနှိပ်ခြင်း၊ အသံလွှင့်ခြင်း သိုမဟုတ် လူအများကြားပျံ့နှံ့အောင်ပြုလုပ်ခြင်းများကို လုပ်ဆောင်ခွင့်မရှိပါ။

၉.၂ မိုဘိုင်းအက်ပလီကေးရှင်းတွင် ဖော်ပြထားသော အကြောင်းအရာများ၏ လိုင်စင် သို့မဟုတ် ကုန်အမှတ်တံဆိပ် များကို အက်ပလီကေးရှင်း ဖန်တီးသူများထံသို့ စာဖြင့် ဆက်သွယ်ခွင့်တောင်းခြင်းမရှိဘဲ သွယ်ဝိုက်၍ဖြစ်စေ၊ estoppel သို့မဟုတ် မည်သည့်နည်း ဖြင့်ဖြစ်စေ အသုံးပြုပိုင်ခွင့်မရှိပါ။ မိုဘိုင်းအက်ပလီကေးရှင်း တွင်ပါဝင်သော ကုန်အမှတ်တံဆိပ်များနှင့် အခြားအကြောင်းအရာများကို မှားယွင်းစွာ အသုံးပြုခြင်းမှ တားမြစ်ထားပါသည်။ 

၉.၃ ကျွန်ုပ်တို့၏ကုန်အမှတ်တံဆိပ်များ၊ နာမည် သို့မဟုတ် သင်္ကေတများ၏အခွင့်အရေးများကို ထိန်းသိမ်းရန်နှင့် ကာကွယ်ရန်အတွက် ၎င်းတို့ကိုခွင့်ပြုချက်မရှိအသုံးပြုနေခြင်းများကို တရား၀င်အရေးယူရန် တွန့်ဆုတ်မည်မဟုတ်ပါ။ ဤတွင် တိတိကျကျမဖော်ပြထားသော အခွင့်အရေးအားလုံးကို သီးသန့်ထားရှိပါသည်။ ဤနေရာတွင်ဖော်ပြထားသော အခြားကုန်ပစ္စည်းနှင့်ကုမ္ပဏီအမည်များသည်လည်း ၎င်းတို့၏သက်ဆိုင်ရာပိုင်ရှင်များ၏ကုန်အမှတ်တံဆိပ်များဖြစ်နိုင်သည်။

၁၀။ ပြင်ဆင်ချက်များ

၁၀.၁ ကျွန်ုပ်တို့သည်မိုဘိုင်းအက်ပလီကေးရှင်းပါအကြောင်းအရာများကိုအချိန်မရွေး၊ အသိပေးခြင်းမရှိဘဲပြောင်းလဲနိုင်သည်။ မိုဘိုင်းအက်ပလီကေးရှင်းတွင် ပါ၀င်သောအမှားအယွင်းများ သို့မဟုတ် ပျက်ကွက်မှုများအတွက် ကျွန်ုပ်တို့တွင်တာဝန်မရှိပါ။

၁၀.၂ ကျွန်ုပ်တို့သည် ဤစည်းမျဉ်းစည်းကမ်းများအား အချိန်နှင့်အမျှ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ ပြင်ဆင်ခွင့်ရှိသည်။ ပြန်လည်ပြင်ဆင်ထားသောအသုံးပြုမှုဆိုင်ရာစည်းမျဉ်းစည်းကမ်းများသည် မိုဘိုင်းအက်ပလီကေးရှင်းပေါ်တွင်တင်ပြီးသည့်နေ့မှစ၍ အကျိုးသက်ရောက်လိမ့်မည်။ ဤစည်းမျဉ်းစည်းကမ်းများသည် သင့်အပေါ်သက်ရောက်မှုရှိသည့်အတွက် အခါအားလျော်စွာပြန်လည်သုံးသပ်ရန်သင့်အားအကြံပေးပါသည်။

၁၁။ ဥပဒေနှင့်တရားစီရင်ပိုင်ခွင့်

“၁၁.၁ ကမ္ဘာအနှံ့ရှိ ဒေသတွင်းနည်းပညာခွင့်ပြုထားသောနေရာတိုင်းတွင် မိုဘိုင်းအက်ပလီကေးရှင်းကို ၀င်ရောက်ကြည့်ရှုနိုင်သည်။ နေရာတစ်ခုချင်းစီတွင် ဥပဒေများကွဲပြားခြင်းကြောင့် ထိုကွဲလွဲမှုများကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ မိုဘိုင်းအက်ပလီကေးရှင်းကိုအသုံးပြုသည်နှင့်တစ်ပြိုင်နက် ယင်းနှင့် စပ်ဆက်သည့် ကိစ္စရပ်များအားလုံးကို စင်္ကာပူသမ္မတနိုင်ငံ၏ဥပဒေများသာ သက်ရောက်မည်ဖြစ်သည်။ မိုဘိုင်းအက်ပလီကေးရှင်း စတင်အသုံးပြုခြင်းအားဖြင့် ဤအချက်ကို ဖန်တီးသူနှင့် သုံစွဲသူ နှစ်ဖက်လုံးမှ သဘောတူပြီးသားဖြစ်ပါသည်။ “

၁၁.၂ ဤစည်းမျဉ်းစည်းကမ်းများနှင့် ၎င်းတို့နှင့်ဖြစ်စေ၊ ၄င်းတို့၏အကြောင်းအရာ သို့မဟုတ် ဖွဲ့စည်းပုံ(စာချုပ်ချုပ်ဆိုခြင်းမရှိသောအငြင်းပွားမှုများ သို့မဟုတ် တောင်းဆိုမှုများအပါအ၀င်)များမှဖြစ်စေ ပေါ်ပေါက်လာသောအငြင်းပွားမှုများ သို့မဟုတ် တောင်းဆိုမှုများကို အင်္ဂလန်နှင့်ဝေလနယ်ဥပဒေများနှင့်အညီ အုပ်ချုပ်စီရင်မည်ဆိုသည်ကို သင်သဘောတူသည်။ အင်္ဂလိပ်တရားရုံးများသည် ဤစည်းမျဉ်းစည်းကမ်းများမှပေါ်ထွက်လာသော သို့မဟုတ် သက်ဆိုင်သော မည်သည့်တောင်းဆိုမှုမျိုးကိုမဆို အထူးသီးသန့် စီရင်ပိုင်ခွင့်ရှိသည်။ ဆိုလိုသည်မှာ ဤစည်းမျဉ်းစည်းကမ်းများနှင့်သက်ဆိုင်သောတောင်းဆိုမှုများအားလုံးကို အင်္ဂလိပ်တရားရုံးမှတရားသူကြီးတစ်ဦး (သို့မဟုတ်တရားသူကြီးများစွာ) ကဖြေရှင်းနိုင်သည်။ သို့သော် အက်ပလီကေးရှင်း ဖန်တီးသူများမှ သင်၏နေထိုင်ရာတိုင်းပြည် သို့မဟုတ် အခြားသက်ဆိုင်ရာတိုင်းပြည်များတွင် ဤစည်းမျဉ်းစည်းကမ်းများကိုဖောက်ဖျက်ခြင်းအတွက် သင့်အားတရားစွဲဆိုပိုင်ခွင့်ကို ဆက်လက်ရယူထားသည်။

၁၂။ ပုဂ္ဂလိကမူဝါဒနှင့် ကွတ်ကီးများ

၁၂.၁ အက်ပလီကေးရှင်း ဖန်တီးသူများသည် ဗြိတိန်ရှိအချက်အလက်ကာကွယ်ရေးဥပဒေနှင့် နိုင်ငံတကာမှလက်ခံထားသောစံချိန်စံညွှန်းများနှင့်ကိုက်ညီသော အခြားနိုင်ငံများရှိဥပဒေများကိုလိုက်နာသည်။ သင်သည် ကျွန်ုပ်တို့ရယူထားသည့် သင်၏ကိုယ်ရေးအချက်အလက်များကို မိတ္တူတောင်းပိုင်ခွင့်ရှိပြီး ထိုအချက်အလက်များ၏အမှားများကိုပြင်ဆင်ရန်ကျွန်ုပ်တို့အား တောင်းဆိုပိုင်ခွင့်ရှိသည်။ သင်၏ကိုယ်ရေးအချက်အလက်များ ကိုကျွန်ုပ်တို့မည်သို့မည်ပုံအသုံးပြုသည်နှင့် ပတ်သက်၍ သင်၌စိုးရိမ်ပူပန်မှုများရှိပါက သင်သည်ကိုယ်ရေးကိုယ်တာဆိုင်ရာစည်းကမ်းထိန်းသိမ်းသူအားတိုင်ကြားပိုင်ခွင့်လည်းရှိသည်။သင်၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကျွန်ုပ်တို့၏သိမ်းဆည်းခြင်းမူဝါဒများနှင့်အညီ စုဆောင်းသည့်အချိန်မှစ၍ ကျွန်ုပ်တို့ထိန်းသိမ်းပါမည်။

၁၂.၂ မိုဘိုင်းအက်ပလီကေးရှင်းသည် အသုံးပြုသူများ၏ သုံးစွဲမှုပုံစံအမျိုးမျိုးကို ခွဲခြားသိရှိနိုင်ရန် ကွတ်ကီး ကိုအသုံးပြုထားပါသည်။ ကွတ်ကီးဆိုသည်မှာ ကွန်ပျူတာ၊ tablet နှင့် စမတ်ဖုန်းများကဲ့သို့သော ပစ္စည်းများရှိ browser များဖြင့် အင်တာနက်အသုံးပြုသည့်အခါ ၎င်း browser ထဲ သို့မဟုတ် hard drive ထဲ တွင် သိမ်းဆည်းထားသော အယ်လ်ဖာ ဒေတာနံပါတ်များ ဖြစ်သည်။ မိုဘိုင်းအက်ပလီကေးရှင်း အသုံးပြုသည့်အခါ သင်စိတ်ဝင်စားမည့် အကြောင်းအရာများကို ပြသပေးနိုင်ရန်အတွက် ထို ကွတ်ကီးများက အထောက်အကူပေးပါသည်။ ကျွန်ုပ်တို့ အသုံးပြုသော ကွတ်ကီးများမှာ ပိုင်းခြားစိတ်ဖြာသော အမျိုးအစား(analytic type)ဖြစ်သည်။ ထိုအမျိုးအစားကို သုံးခြင်းဖြင့် သုံးစွဲသူဦးရေကို မှတ်သားခြင်း၊ သုံးစွဲသူများ၏ အက်ပလီကေးရှင်းအသုံးပြုပုံအနေအထား ကို သိရှိပြီး ပိုမိုကောင်းမွန်အောင်ပြုပြင်ဆောင်ရွက်နိုင်ခြင်း၊ ဥပမာ ရှာဖွေသည့် ရလဒ်များ ပိုမို မှန်ကန်လာအောင် ပြုလုပ်နိုင်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်နိုင်ပါသည်။ Facebook ကဲ့သို့သော ပလက်ဖောင်းများတွင် ကျွန်ုပ်တို့၏ အက်ပလီကေးရှင်းကို သုံးစွဲသူများမှ ရှာဖွေရာတွင် လွယ်ကူစွာ တွေ့မြင်နိုင်စေရန်အတွက်လည်း အချို့ကွတ်ကီးများကို အသုံးပြုလေ့ရှိသည်။ သင့်နာမည်နှင့် အိမ်လိပ်စာကဲ့သို့သော ကိုယ်ရေးကိုယ်တာအချက်အလက်များကို သိမ်းဆည်းထားမည်မဟုတ်ပါ။ ကွတ်ကီးများကို ကန့်သတ်ခြင်းအားဖြင့် မိုဘိုင်းအက်ပလီကေးရှင်း၏ လုပ်ဆောင်ချက်များအပေါ်လည်း သက်ရောက်မည်ဖြစ်သည်။ 

၁၂.၃ ကျွန်ုပ်တို့သည် ဤပုဂ္ဂလိကမူဝါဒကို အခါအားလျော်စွာပြင်ဆင်ခွင့်ရှိသည်။ ဤပုဂ္ဂလိကမူဝါဒကို သဘောမတူပါက သင်သည် မိုဘိုင်းအက်ပလီကေးရှင်းအားဝင်ရောက်ခွင့်ကို ချက်ချင်းရပ်ဆိုင်းရမည်။

Exit mobile version