Site icon Lann Pya

အမျိုးသမီးများနှင့် သက်ဆိုင်သည့် ဥပဒေများ

မာတိကာ

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လူတိုင်းသည် တရားဥပဒေ၏ ရှေ့မှောက်၌ တူညီသည့် အခွင့်အရေးရှိပြီး တရားဥပဒေ၏ အကာအကွယ်ပေးမှုကို တူညီစွာခံစားခွင့်ရှိရမည် ဖြစ်ကြောင်း အာမခံချက် ပေးထားပါသည်။1 ((၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၇။)

ဖွဲ့စည်းပုံအခြေခံဥပဒေသည် အထူးသဖြင့် မိခင်များ၊ ကလေးသူငယ်များနှင့် မိခင်လောင်းများကို တန်းတူ ညီမျှ အခွင့်အရေးများ ပေးထားပါသည်။2 ((၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၁။)

မည်သည့်နိုင်ငံသားကိုမျှ ကျား-မ လိင်ဖြစ်တည်မှုအပေါ်အခြေခံ၍ ခွဲခြားဆက်ဆံခြင်း မရှိစေရန် နိုင်ငံတော်အစိုးရမှ တားမြစ် ထားပါသည်။3 ((၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၈။)

အသက် ၁၈ နှစ်အောက် အမျိုးသမီးများ အနေဖြင့်ထပ်ဆောင်း အခွင့်အရေးနှင့် အကာအကွယ်ပေးမှုများ ခံစားခွင့် ရှိပါသည်။ ကလေးသူငယ် များအခွင့်အရေး ကဏ္ဍကိုကြည့်ပါ။

ဂျီဘီဗွီ နှင့် ဥပဒေ

ရာဇသတ်ကြီးတွင် အမျိုးသမီးများ ၊ ကျား-မ လိင်ဖြစ်တည်မှုအခြေပြု အကြမ်းဖက်မှုများနှင့် အထူးသက်ဆိုင်သော ပြဌာန်းချက်များပါရှိပါသည်။ ၎င်းတို့မှာ

 

  • မုဒိမ်းမှု.4 (ရာဇသတ်ကြီးပုဒ်မ ၃၇၅။)
  • လိမ်လည်လှည့်ဖျား၍ လက်ထပ်ခြင်း နှင့် လိမ်လည်ကာမရယူခြင်း5 (ရာဇသတ်ကြီးပုဒ်မ ၃၆၆၊ ၄၉၃-၄၉၈။) ယင်းတွင်အမျိုးသမီးတစ်ဦး ကို အပြင်းအထန်နာကျင်စေမည်ကို သိလျက်နှင့် ပြန်ပေးဆွဲခြင်းမျိုးပါ ပါဝင်သည်။6 (ရာဇသတ်ကြီးပုဒ်မ ၃၆၇။)
  • ကိုယ်အမူအရာ7 (ရာဇသတ်ကြီးပုဒ်မ ၃၅၄။) နှုတ်အမှုအရာ8 (ရာဇသတ်ကြီးပုဒ်မ ၅၀၉။) ဖြင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများအတွက် အမျိုးသမီးတစ်ဦး ၏ အရှက် နှင့် ဂုဏ်သိက္ခာ ကို အကာအကွယ်ပေးသည့် ဥပဒေများ ဖြင့် ပြစ်ဒဏ်ပေးနိုင်သည်။

 

အခြားသော ကျား-မ လိင်ဖြစ်တည်မှုအပေါ် အခြေခံသည့် အကြမ်းဖက်မှု ပုံစံများသည် လူကုန်ကူးမှု၊ အဓမ္မခိုင်းစေမှု နှင့် ပြည့်တန်ဆာနှင့်သက်ဆိုင်သောဥပဒေများတွင် အကျုံးဝင်ပါသည်။ အဓမ္မခိုင်းစေမှု၊ လူကုန်ကူးမှုနှင့် ပြည့်တန်ဆာမှု တို့ကို ကြည့်ပါ။

မုဒိမ်းမှု

မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအရ အမျိုးသားတစ်ဦးသည် အသက် ၁၆နှစ်အောက်အမျိုးသမီးနှင့် လိင်ဆက်ဆံ သည့်အခါ ထိုအမျိုးသမီးက သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ မုဒိမ်းမှု မြောက်ပါသည်။9 (ရာဇသတ်ကြီးပုဒ်မ ၃၇၅။ ရာဇသတ်ကြီး အားပြင်ဆင်သည့်ဥပဒေ(၆/၂၀၁၆) ပုဒ်မ ၂၉(က)။)

အသက် ၁၂ နှစ်အောက်အမျိုးသမီးကို မုဒိန်းမှုကျူးလွန်လျှင် ထောင်ဒဏ် နှစ် ၂၀ မှ တစ်သက်တစ်ကျွန်းအထိ ကျခံရနိုင်ပါသည်။10 (ရာဇသတ်ကြီး အားပြင်ဆင်သည့်ဥပဒေ(၂၀၁၉)ပုဒ်မ ၃၇၆(၃))

အသက် ၁၆ နှစ် အထက် အမျိုးသမီး ကို ၄င်းကအလိုမတူဘဲ လိင်ဆက်ဆံလျှင် မုဒိမ်းမှုမြောက်ပါသည်11 (ရာဇသတ်ကြီးပုဒ်မ ၃၇၅။ ရာဇသတ်ကြီး အားပြင်ဆင်သည့်ဥပဒေ(၆/၂၀၁၆) ပုဒ်မ ၂၉(က)။)  ဤတွင် ဇနီး၏အလိုတူမှုမရရှိဘဲ လိင်ဆက်ဆံခြင်းလည်းပါသည်။12 (ရာဇသတ်ကြီး အားပြင်ဆင်သည့်ဥပဒေ(၂၀၁၉)ပုဒ်မ ၃၇၆(၂))

လိမ်လည်လှည့်ဖျားခြင်း၊ ထိခိုက်နာကျင်စေရန် ခြိမ်းခြောက်ခြင်း၊ အလိုတူစေရန် ဆောင်ရွက် ခြင်း သို့မဟုတ် အလိုတူခြင်း၏ အကျိုးဆက်များ နှင့် သဘာဝကို နားလည်နိုင်ခြင်း မရှိသူထံမှ13 (ရာဇသတ်ကြီးပုဒ်မ ၉၀။)  ရယူခြင်းကို “အလိုတူသည်”ဟု မဆိုနိုင်ပါ။ ယင်းတွင် မူးယစ်နေခြင်းကြောင့် အကျိုးဆက်ကို နားလည် နိုင်ခြင်း မရှိသည့် သူများလည်းပါဝင်ပါသည်။

မုဒိမ်းမှုနှင့်အတူ တရားစွဲဆိုနိုင်သည့်ရာဇဝတ်မှုများ ရှိပါသည်။ အနိုင်အထက်ပြုခြင်း14 (ရာဇသတ်ကြီးပုဒ်မ၃၅၀။) နာကျင်စေခြင်း နှင့် အပြင်းအထန်နာကျင်စေခြင်း15 (ရာဇသတ်ကြီးပုဒ်မ ၃၂၁-၃၃၈။) မတရား တားဆီးကန့်ကွက်ခြင်းနှင့် မတရားချုပ်နှောင်ခြင်း16 (ရာဇသတ်ကြီးပုဒ်မ ၃၃၉၊ ၃၄၂။) တို့ ပါဝင်ပါသည်။

အခြား ဥပဒေများ နှင့် အိမ်တွင်းအကြမ်းဖက်မှု

မြန်မာနိုင်ငံ၏တည်ဆဲဥပဒေများသည် ကျား-မ လိင်ဖြစ်တည်မှုအခြေပြု အကြမ်းဖက်မှုပုံစံများအားလုံးကို ခြုံငုံမိခြင်း သို့မဟုတ် အိမ်တွင်းအကြမ်းဖက်မှုများအပေါ် သီးခြားကိုင်တွယ်ခြင်းများ မရှိသော်လည်း ရာဇသတ်ကြီး တွင် ပြဌာန်းချက်များ ပါဝင်သည်။ ယင်းပြဌာန်း ချက်များကို အောက်ဖော်ပြပါ ပြစ်မှုများ၊ အထူးသဖြင့် အိမ်တွင်းအကြမ်းဖက်မှုများတွင် အသုံးပြုနိုင်ပါသည်။

 

  • မိမိအလိုအလျောက်နာကျင်စေခြင်း17 (ရာဇသတ်ကြီးပုဒ်မ ၃၁၉-၃၃၈။) အနိုင်အထက်လက်ရောက်မှုပြုခြင်း,18 (ရာဇသတ်ကြီးပုဒ်မ ၃၄၉-၃၅၈။) လူသတ်မှု ကျူးလွန်ခြင်း19 (ရာဇသတ်ကြီးပုဒ်မ ၃၀၀။)
  • ရာဇဝတ်မကင်းသော ခြောက်လှန့်မှုကို ကျူးလွန်ခြင်း20 (ရာဇသတ်ကြီးပုဒ်မ ၅၀၆။) မတရားတားဆီးကန့်ကွက်ခြင်းနှင့် ချုပ်နှောင်ခြင်း21 (ရာဇသတ်ကြီးပုဒ်မ ၃၃၉၊ ၃၄၂။) ပြန်ပေးဆွဲခြင်း22 (ရာဇသတ်ကြီးပုဒ်မ ၃၆၁၊ ၃၅၉၊ ၃၆၄။)

 

အိမ်တွင်းအကြမ်းဖက်မှုတွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း တစ်မျိုးတည်းသာ မဟုတ်ဘဲ ငွေကြေးနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေမှုများသည်လည်း အိမ်တွင်းအကြမ်းဖက်မှုနှင့် သက်ဆိုင်မှု ရှိနိုင်ပါသည်။

အဓမ္မခိုင်းစေမှု

ဥပဒေချိုးဖောက်မှုကြောင့် အလုပ်ကြမ်း ပြစ်ဒဏ်ပေးခြင်းခံရခြင်းနှင့် နိုင်ငံအရေးပေါ်အခြေအနေတွင် တာဝန်ချထားခံရခြင်းမှ တစ်ပါး မည်သည့် အဓမ္မစေခိုင်းခြင်းကိုမဆို တားမြစ်သည်။24 (၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၉။ ၂၀၀၅လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ၃။ ရာဇသတ်ကြီးပုဒ်မ ၃၇၄။)

ကလေးအလုပ်သမားဆိုသည်မှာ ကလေးကို ရောင်းချခြင်း၊ ကျွန်ပြုခြင်း၊ ကျေးကျွန်ကဲ့သို့ခိုင်းစေခြင်း၊ လူကုန်ကူးခြင်း၊ ကြွေးမြီဖြင့် နှောင်ဖွဲ့ခိုင်းစေခြင်း၊ လက်နက်ကိုင်ပဋိပက္ခတွင် အသုံးချရန် အဓမ္မ သို့မဟုတ် မလုပ်မနေရ စုဆောင်းခြင်း တို့ဖြစ်သည်။25 (၂၀၁၉ ကလေးသူငယ်ဥပဒေ ပုဒ်မ၃(န)(၁)။)

အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် (ILO) ၏ ဆက်ဆံရေးအရာရှိထံသို့ အဓမ္မလုပ်အားပေးခိုင်းစေမှုများကို တိုင်ကြားနိုင်ပါသည်။ နစ်နာသွားရသူများအနေဖြင့် တန်ပြန် တရားစွဲဆိုခြင်း၊ နှောင့်ယှက်ဟန့်တားခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် လက်တုန့်ပြန်ခြင်း ကို ကြောက်ရွံ့နေရန်မလိုဘဲ လျော်ကြေးနစ်နာကြေး တစ်မျိုးမျိုးကို တောင်းဆိုနိုင်မည့် အခွင့်အလမ်းကို ပေးထားပါသည်။

လူကုန်ကူးမှု

လူကုန်ကူးခြင်း ပုံစံအားလုံး ဥပဒေနှင့်ငြိစွန်းပါသည်။ ထို့အပြင် အမျိုးသမီးများနှင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်များကို လူကုန်ကူးမှုကျူးလွန်ပါက ပိုမိုပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်နိုင်ပါသည်။26 (၂၀၀၅ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ၂၄-၂၅။)

လူကုန်ကူးမှုခံရသူများအနေဖြင့် အဓမ္မ ဖိအားပေးခံရခြင်းကြောင့် ကျူးလွန်သော ပြစ်မှုများ ကို ဤဥပဒေအရ အရေးယူခံရခွင့် မရှိပါ။27 (၂ဝဝ၅ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ၁၃(က)။)

လူကုန်ကူးခံရသူသည် ၂ဝဝ၅လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေအရ ဖွဲ့စည်းထားသည့် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး တပ်ဖွဲ့သို့ သတင်းပေးတိုင်ကြားနိုင်သည်။

ဤဥပဒေတွင် အမျိုးသမီးများနှင့် အသက် ၁၈နှစ်အောက် လူကုန်ကူးခံရသူများ ၏ လုံခြုံရေးကို အကာအကွယ်ပေးသည့်အနေဖြင့် တရားခွင်အတွင်းအများသူငှာ ဝင်ထွက်သွားလာခြင်းကို ကန့်သတ်ခြင်း၊ အမှုနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသူများကို တရားရုံးစာရွက်စာတမ်းများရယူခြင်းမှ တားမြစ်ခြင်း အစရှိသည်တို့ ပါဝင်သည်။ အမှု၏ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်းမပြုမီ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ခွင့်ပြုချက် ရယူရန်လိုသည်။28 (၂၀၀၅ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ၁၁(က)-(ဂ)။)

လူကုန်ကူးခံရသူသည် မိမိအားလူကုန်ကူးခဲ့သူများအပေါ် တရားမ စွဲဆိုနိုင်ရန်အထောက်အပံများ၊ ကျန်းမာရေး နှင့်ဆေးဝါးဆိုင်ရာအကူအညီများ၊ ယာယီခိုလှုံရာနေရာ နှင့် အခြားသော လူမှုရေးဆိုင်ရာအကူအညီများ ရယူနိုင်ပါသည်။29 (၂၀၀၅ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ၁၉(က)-(ဆ)။)

ပြည့်တန်ဆာမှု

မြန်မာ့ဥပဒေတွင် ပြည့်တန်ဆာလုပ်ငန်းသည် တရားမဝင်ပါ။30 (၁၉၄၉ ပြည့်တန်ဆာပပျောက်ရေးဥပဒေ (၁၉၉၈ ပြင်ဆင်ချက်)။ ရာဇသတ်ကြီးပုဒ်မ ၃၇၂ ၊ ၃၇၃။)

(၁၉၄၉)ပြည့်တန်ဆာပပျောက်ရေးဥပဒေ အရ အများနှင့်သက်ဆိုင်သည့်နေရာများတွင် ပြည့်တန်ဆာကိစ္စ အလို့ငှာ စကားလုံးများ၊ အမူအရာများဖြင့် မြှူဆွယ်လျှင် ဥပဒေနှင့်ငြိစွန်းပါသည်။31 (၁၉၄၉ ပြည့်တန်ဆာပပျောက်ရေးဥပဒေ (၁၉၉၈ ပြင်ဆင်ချက်) ပုဒ်မ၃(က)-(ခ)။)

ပြည့်တန်ဆာအိမ် တည်ထောင်လုပ်ကိုင်ခြင်း၊ စီမံခန့်ခွဲခြင်း ကဲ့သို့သော လိင်လုပ်ငန်းများမှ စီးပွားရေးအမြတ်ထုတ်ခြင်းများကို ရာဇဝတ်ပြစ်ဒဏ်များ ချမှတ်နိုင်ပါသည်။32 (၁၉၄၉ ပြည့်တန်ဆာပပျောက်ရေးဥပဒေ (၁၉၉၈ ပြင်ဆင်ချက်) ပုဒ်မ၅(၁)-(၂)၊ ပုဒ်မ၈-၉။)

ပြည့်တန်ဆာဟုသိထားသူနှင့် အတူပေါင်းသင်းနေသောသူများကိုပါ အရေးယူနိုင်ပါသည်33 ((၁၉၄၉)ပြည့်တန်ဆာပပျောက်ရေးဥပဒေ (၁၉၉၈ ပြင်ဆင်ချက်) ပုဒ်မ၁၁။)  အုပ်ထိန်းမှုအောက်ရှိ ကလေးသူငယ်အား ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူနှင့် အတူနေစေပါက ငွေဒဏ်နှင့် ရာဇဝတ်ပြစ်ဒဏ်များ ချမှတ်နိုင် ပါသည်။34 (၂၀၁၉ ကလေးသူငယ်ဥပဒေ ပုဒ်မ၁၀၅(က)(၁)။)

မိမိကလေးအား ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသည်ကို သိလျက်နှင့်ခွင့်ပြုထားပါက ထိုမိဘ၊ အုပ်ထိန်းသူကို အရေးယူနိုင် ပါသည်။35 (၂၀၁၉ ကလေးသူငယ်ဥပဒေ ပုဒ်မ၁၀၅(က)(၂)။)

ရာဇသတ်ကြီးအရ ပြည့်တန်ဆာလုပ်ငန်းအတွက် အသက် ၁၈ နှစ်အောက်ကလေးငယ်ကို အသုံးချ၊ ခေါင်းပုံ ဖြတ်မှု ကျူးလွန်ပါက ပိုမိုပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်နိုင်ပါသည်။36 (ရာဇသတ်ကြီးပုဒ်မ ၃၇၂၊ ၃၇၃။)

အမျိုးသမီးတစ်ဦး၏အသက်ကိုကယ်တင်ရန်အတွက်မှတစ်ပါး ကိုယ်ဝန်ဖျက်ခြင်း၊ပျက်စေခြင်းများသည် ဥပဒေနှင့် ဆန့်ကျင် ပါသည်။37 (ရာဇသတ်ကြီးပုဒ်မ ၃၁၂။)

ကိုယ်ဝန်ရင့်မာသည့်အချိန်မှ ဖျက်ချခြင်း၊ ပျက်စေခြင်း၊ အမျိုးသမီး၏ သဘောတူညီချက်မရှိဘဲ ဖျက်ချခြင်း၊ ပျက်စေခြင်း သို့မဟုတ် ကိုယ်ဝန်ဖျက်ချခြင်း၊ ပျက်စေခြင်းများ ပြုလုပ်စဉ် အမျိုးသမီး သေဆုံးသွား ပါက ပိုမိုကြီးလေးသောပြစ်ဒဏ်ကို ချမှတ်နိုင်ပါသည်။38 (ရာဇသတ်ကြီးပုဒ်မ ၃၁၂၊ ၃၁၃၊ ၃၁၄။)

မွေးဖွားခြင်းကို ဖုံးကွယ်ရန် အတွက် သန္ဓေသား သို့မဟုတ် မွေးကာစ ကလေးငယ်၏ သေဆုံးပြီး ခန္ဓာကိုယ် ကို မြေမြှပ်ခြင်း သို့မဟုတ် လွှင့်ပစ်ခြင်း သည်လည်း ရာဇဝတ်မှုမြောက်သည့် ပြစ်မှု ဖြစ်ပါသည်။39 (ရာဇသတ်ကြီးပုဒ်မ ၃၁၈။)

လိုင်စင်မရှိဘဲ ဝမ်းဆွဲသည် လုပ်ခြင်းသည် ဥပဒေနှင့် ဆန့်ကျင်ပါသည်။40 (၁၉၉၀ မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီဥပဒေ ပုဒ်မ ၂၁။)

သက်ဆိုင်ရာ ဆေးပညာဆိုင်ရာဘုတ်အဖွဲ့များ၏ တရားဝင်အသိအမှတ်ပြု ထောက်ခံချက်မရှိဘဲ ပဋိသန္ဓေမတည် နိုင်အောင်ပြုလုပ်ပါက လူနာသာမက ပြုလုပ်ပေးသူပါ ထောင်ဒဏ်၊ ငွေဒဏ်များ ချမှတ်ခြင်းခံရနိုင်သည်။41 (ရာဇသတ်ကြီးပုဒ်မ ၃၁၂(က)၊ ၃၁၂(ဂ)။)

ထိုသို့ ဆောင်ရွက်စဉ် အမျိုးသမီး သေဆုံးသွားခြင်း သို့မဟုတ် အမျိုးသမီး ဆန္ဒမပါဘဲ ဆောင်ရွက်ခြင်းများ အတွက် ပြစ်ဒဏ်များ ထပ်တိုးချနိုင်သည်။42 (ရာဇသတ်ကြီးပုဒ်မ ၃၁၂(ဃ)။)

ဖမ်းဆီးစဉ် အမျိုးသမီးအား ရှာဖွေခြင်းကို အခြားအမျိုးသမီးကသာ ဆာင်ရွက်ရမည်။43 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ၅၂။)

အမျိုးသမီးကလေးသူငယ်များကို အမျိုးသမီးအကျဉ်းထောင် ဝန်ထမ်းမှသာ ကြီးကြပ်ရမည်။44 (၂၀၁၉ ကလေးသူငယ်ဥပဒေ ပုဒ်မ၈၀(စ)။)

အမျိုးသမီးများသည် မည်သည့်အမှုမျိုးဖြင့် တရားစွဲဆိုခံရသည် ဖြစ်စေ အာမခံလျှောက်ထားရယူပိုင်ခွင့်ရှိသည်။45 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ၄၉၇(၁)။)

အသက် ၁၆ အထက် အမျိုးသမီး အကျဉ်းသူများကို အမျိုးသမီး ထောင်ဝန်ထမ်းကသာလျှင် အကျဉ်းထောင်သို့ သယ်ယူပို့ဆောင်ပေးရမည်။46 (၁၈၉၄ အကျဉ်းထောင် အက်ဥပဒေ ပုဒ်မ၂၄(၃)။)

အမျိုးသမီးများ ကို အမျိုးသား အကျဉ်းသားများနှင့် ခွဲထားရမည်ဖြစ်ပြီး လက်ထိပ်ခတ်ခြင်း၊ ချုပ်နှောင်ခြင်း သို့မဟုတ် ကြိမ်ဒဏ်ပေးခြင်းများ မပြုရပါ။47 (၁၈၉၄ အကျဉ်းထောင် အက်ဥပဒေ ပုဒ်မ၂၇(၁)၊ပုဒ်မ၄၆(၁၂)။)

ကလေးသူငယ်ကို ပြင်ပတွင် ထိန်းသိမ်းစောင့်ရှောက်မည့်သူမရှိပါက အမျိုးသမီးအကျဉ်းသူသည် ၎င်း၏ကလေးငယ်ကို အသက် ၆ နှစ် အရွယ်အထိ ၎င်းနှင့်အတူထားရှိပေးရန် တောင်းဆိုနိုင်သည်။48 (၂၀၁၉ ကလေးသူငယ်ဥပဒေ ပုဒ်မ၉၄(ခ)။)  ထိုသို့သော အခြေအနေမျိုးတွင် ကလေးငယ်အတွက် အစားအသောက်၊ အဝတ်အထည်၊ နေရေးထိုင်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့ကို အကျဉ်းထောင်အရာရှိမှ ပံ့ပိုးပေးရန် တာဝန်ရှိသည်။49 (၂၀၁၉ ကလေးသူငယ်ဥပဒေ ပုဒ်မ၈၀(ဂ)။)

အသက်၁၆ နှစ်အောက် ရှိသူများ၏ အခွင့်အရေးများနှင့် စွပ်စွဲခံရသူ၏ အခွင့်အရေးများကို ပိုမိုသိရှိရန်စေရန် “စွပ်စွဲခံရသူများ၏ အခွင့်အရေး” ကဏ္ဍတွင် ကြည့်ပါ။

အမျိုးသား နှင့် အမျိုးသမီးအတွက် လက်ထပ်ထိမ်းမြားရန် လိုအပ်သည့် အနည်းဆုံး အသက်မှာ ၁၈ နှစ်ဖြစ်သည်။50 (၂၀၁၉ ကလေးသူငယ်ဥပဒေ ပုဒ်မ၉၄(ဂ)။)

ဓလေ့ထုံးတမ်းဥပဒေများသည် အမွေဆက်ခံခြင်း၊ လက်ထပ်ထိမ်းမြားခြင်း၊ ဘာသာရေးဆိုင်ရာအဖွဲ့အစည်းနှင့် ကျင့်သုံးမှုများအပေါ် အကျိုးသက်ရောက်မှုရှိပါသည်။

မည်သူမဆို ကလေးသူငယ်အား အတင်းအကြပ်လက်ထပ်စေခြင်း သို့မဟုတ် လက်ထပ်ခွင့်ပေးခြင်း သည် ရာဇဝတ်မှုပြစ်ဒဏ် နှင့် ငွေဒဏ်များ ချမှတ်ခြင်းခံရနိုင်သည်။51 (၂၀၁၉ ကလေးသူငယ်ဥပဒေ ပုဒ်မ၁၀၅(က)(၅)။)

အမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူ အိမ်၊ မြေ၊နှင့် ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့် အခွင့်အရေးများရှိပြီး တည်ဆဲ ဥပဒေများအရ ကျား-မ၊ လိင်ခွဲခြားဆက်ဆံခြင်းကို တင်းကြပ်စွာ တားမြစ်ထားပါသည်။52 (၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၃၄၇၊၃၄၈၊၃၅၁။)

၂ဝ၁၆ခုနှစ် အမျိုးသားမြေအသုံးချမူဝါဒတွင် မြေယာမှတ်ပုံတင်ခြင်း၊ အမွေဆက်ခံခြင်း၊ မြေကိုစီမံခန့်ခွဲခြင်း အစ ရှိသည့် ကိစ္စရပ်များတွင် အမျိုးသား-အမျိုးသမီး တန်းတူအခွင့်အရေးကို မြှင့်တင်ပေးထားပါသည်။53 (၂၀၁၂ လယ်ယာမြေဥပဒေ ပုဒ်မ၇၅(က)။)

လယ်ယာမြေကို မှတ်ပုံတင်သွင်းရန်အတွက် အိမ်ထောင်ဦးစီး၊ အမျိုးသား ဖြစ်ရန်မလိုအပ်၊ အိမ်ထောင်စုဝင်ဖြစ်ခြင်းသည် လုံလောက်ပါသည်။54 (၂၀၁၂ လယ်ယာမြေဥပဒေ ပုဒ်မ၆(က)(၃)။)

“အိမ်ထောင်ဦးစီး” ဟု ဆိုရာတွင် အိမ်ထောင်စုရေးရာ ကိစ္စအဝဝတွင် ဦးစီးဦးဆောင် ဆောင်ရွက်သူ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ တစ်ဦးဦး ကို ဆိုလိုပါသည်။55 (၂၀၁၂ လယ်ယာမြေဥပဒေ ပုဒ်မ၃(ဆ)။)

အခြားအိမ်ထောင်စုဝင် တစ်ဦးဦး နှင့် အတူ ပူးတွဲ မြေယာမှတ်ပုံတင်သွင်းခြင်းကို ဥပဒေအရ တားမြစ်ထားခြင်း မရှိပါ။ အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူ မြေယာပူးတွဲပိုင်ဆိုင်ခွင့် အပါအဝင် လယ်ယာမြေရပိုင်ခွင့်ရှိသည်။56 (၂၀၁၆ အမျိုးသားမြေအသုံးချမူဝါဒ အပို ဒ် ၇၅(က)။)

မြေယာဆိုင်ရာ အခွင့်အရေးများ အထူးသဖြင့် အမွေဆက်ခံသည့် ကိစ္စရပ်များသည် ဓလေ့ထုံးတမ်း ဥပဒေ များနှင့် ဆန့်ကျင်ကွဲလွဲမှုများ ရှိနိုင်ပါသည်။57 (၁၈၉၈ မြန်မာနိုင်ငံဥပဒေများ အက်ဥပဒေ ပုဒ်မ၁၃။)

အိမ်၊ မြေနှင့် ပစ္စည်း ဥစ္စာပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးများကို ပိုမိုသိရှိရန် မြေယာဆိုင်ရာအခွင့်အရေး ကဏ္ဍကိုကြည့်ပါ။

မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအရ အလုပ်ရှင်တစ်ဦးသည် လူမျိုး၊ မွေးဖွားရာ၊ ကိုးကွယ်သည့် ဘာသာ၊ နှင့် ကျား-မ လိင် ဖြစ်တည်မှု အပေါ်အခြေခံပြီး ခွဲခြားဆက်ဆံခြင်း သို့မဟုတ် တန်းတူအခွင့်အရေးမပေးခြင်းများ ပြုလုပ်ခွင့်မရှိပါ။58 (၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၇၊ ၃၄၉၊ ၃၄၈၊ ၃၅၂။)

လုပ်ငန်းခွင်များတွင် အမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူ အခွင့်အရေးများကို ခံစားခွင့် ရှိသည်။59 (၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၉။)

အမျိုးသမီးများသည် အမျိုးသားများနည်းတူ တန်းတူအခွင့်အရေး နှင့် တန်းတူလစာ ရရှိခံစားခွင့်ရှိသည်။60 (၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၇၊ ၃၅၀၊ ၃၅၁။)

အမျိုးသား ဖြစ်စေ အမျိုးသမီးဖြစ်စေ အလုပ်သမားတိုင်းသည် အနည်းဆုံးအခကြေးငွေသတ်မှတ်ချက်အတိုင်း အနည်းဆုံး လုပ်ခ လစာငွေကို ခံစားခွင့် ရှိသည်။61 (၂၀၁၂ အနည်းဆုံးအခကြေးငွေဥပဒေ ပုဒ်မ၁၆(စ)။)

နိုင်ငံဝန်ထမ်းရွေးချယ် ခန့်အပ်ခြင်းနှင့် တာဝန်ပေးခြင်းများ ပြုလုပ်ရာတွင် ခွဲခြားဆက်ဆံမှုများပြုလုပ်ခြင်းကို ယေဘုယျအားဖြင့် တားမြစ်ထားပါသည်။ သို့သော် အမျိုးသားများနှင့်သာ သင့်လျော်သည့်အလုပ်များအတွက် အမျိုးသားများကိုခန့်ထားခြင်းသည် ခြွင်းချက်ဖြစ်ပါသည်။62 (၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၃၅၂။)

အမျိုးသမီးများသည် ကလေးမီးမဖွားမီ ရက်သတ္တ ၆ ပတ်၊ ကလေး မီးဖွားပြီး ရက်သတ္တ ၈ ပတ် ကြာအောင် မီးဖွားခွင့် ရယူခွင့် ရှိပါသည်။63 (၁၉၅၁ ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒ(၂၀၁၄ ပြင်ဆင်ချက်) ပုဒ်မ ၇။) အလုပ်ရှင်၏ လူမှုဖူလုံရေး အစီအစဉ်များတွင် ပါဝင်မှု၊ထည့်ဝင်ပေးမှုအပေါ်မူတည်၍ မီးဖွားခွင့်ကာလ ပိုမိုကြာရှည်စွာ ရရှိနိုင်ပါသည်။64 (၂၀၁၂ လူမှုဖူလုံရေးဥပဒေ။)

သမားရိုးကျမဟုတ်သော လုပ်ငန်းကဏ္ဍများတွင် လုပ်ကိုင်သည့် အမျိုးသမီးများသည် မီးဖွားခွင့်များ၊ အခြားသော အလုပ်သမား အခွင့်အရေးများ၊ အကာအကွယ်အစောင့်အရှောက်များနှင့် အကျိုးခံစားခွင့်များအတွက် အာမခံချက်ပေးထားသော ဥပဒေများနှင့်အညီ အကျုံးမဝင်မှုများ ရှိနိုင်ပါသည်။

အလုပ်သမား အခွင့်အရေးများ ကို ပိုမိုသိရှိရန် အလုပ်သမား အခွင့်အရေး ကဏ္ဍကို ကြည့်ပါ။

  • Age of Marriage Act (2017)
  • ၂၀၀၅လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ
  • ၁၈၉၈ မြန်မာနိုင်ငံဥပဒေများ အက်ဥပဒေ အပိုဒ်ခွဲ ၁၃
  • ၂၀၁၉ ကလေးသူငယ်ဥပဒေ
  • (၁၈၉၈) ရာဇဝတ်ကျင့်ထုံးဥပဒေ
  • (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေ
  • ၁၈၇၂ သက်သေခံဥပဒေ (၂၀၁၅ ပြင်ဆင်ချက်)
  • (၂၀၁၂) လယ်ယာမြေဥပဒေ ၃(ဆ)
  • ၁၉၅၁  ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေ(၂၀၁၄ ပြင်ဆင်ချက်)
  • ရာဇသတ်ကြီး အားပြင်ဆင်သည့်ဥပဒေ(၆/၂၀၁၆)
  • ၁၉၄၉ ပြည့်တန်ဆာပပျောက်ရေးဥပဒေ (၁၉၉၈ ပြင်ဆင်ချက်)
  • (၁၉/၁၉၉၀) မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီဥပဒေ
  • ၂၀၁၂ အနည်းဆုံးအခကြေးငွေဥပဒေ
  • ၂၀၁၆ အမျိုးသားမြေအသုံးချမူဝါဒ ပုဒ်မ ၇၅(က)
  • ရာဇသတ်ကြီး
  • ၁၈၉၄ အကျဉ်းထောင် အက်ဥပဒေ
  • ၂၀၁၂ လူမှုဖူလုံရေးဥပဒေ။
  • ၁၉၄၉ ပြည့်တန်ဆာပပျောက်ရေးဥပဒေ (၁၉၉၈ ပြင်ဆင်ချက်)

နိဒါန်း

 

  • ရှားပါသည့် ဖြစ်စဉ်အချို့တွင် ပြစ်ဒဏ်ချမှတ်ပြီးနောက် တချိန်တည်းတွင် ပြစ်ဒဏ် ချမှတ် ခံထား ရသူအပေါ် တစ်ဉီးချင်း စီအလိုက် ဖြစ်စေ၊ လူအများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့် အခါတွင်ဖြစ်စေ၊ ထိုသူ ကျူးလွန်ခဲ့သော ပြစ်မှုများကို လွတ်ငြိမ်းသက်သာခွင့် ပေးနိုင်ပါသည်။
  • ပြစ်ဒဏ်ချမှတ်ခံထားရသူသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့်အခါ သို့မဟုတ် လွတ်ငြိမ်းချမ်းသာ ခွင့်တွင် ပါဝင်လာသည့်အခါ ထိုသူကျခံရန် ကျန်ရှိနေသောမည်သည့်ပြစ်ဒဏ်မဆိုမှ လွတ်ငြိမ်းခွင့်ရပြီး ချက်ချင်း လွှတ်ပေးရမည်ဖြစ်ပါသည်။
  • ပြစ်ဒဏ်လွတ်ငြိမ်းခွင့် သို့မဟုတ် လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်လာခြင်း၏ ဥပဒေဆိုင်ရာ အကျိုးဆက်များသည် သီးခြားဖြစ်ပေါ်နေသော အခြေအနေအပေါ်မူတည်ပြီး ကွဲပြားနိုင် သောကြောင့် ရှေ့နေနှင့် ဆွေးနွေးတိုင်ပင်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။
    • ရှေ့နေအနေဖြင့် ပြင်ဆင်မှု တင်သွင်းခြင်း သို့မဟုတ် အယူခံတင်ခြင်းကဲ့သို့သော အခြားရွေးချယ်စရာများကို ၎င်း၏ အမှုသည်ကို အသိပေးသင့်ပါသည်။ အမှုရောက်ရှိ နေသော အဆင့်ပေါ်မူတည်၍ တရားသူကြီးက စွဲချက်များကို ပလပ်ပေးရန်၊ သို့မဟုတ် ဉပဒေအရာရှိက စွဲချက်များကို ဖြုတ်ချပေးရန်၊ သို့မဟုတ် ရုပ်သိမ်းနိုင်သော အမှုများတွင် တရားလို၏ လျှောက်ထားမှုဖြင့် အမှုကို ရုပ်သိမ်းပေးရန် ရှေ့နေက ကြိုးစားပေးနိုင် ပါသည်။
  • ပြစ်ဒဏ်လွတ်ငြိမ်းခွင့်လုပ်ငန်းစဉ် အစိတ်အပိုင်းအနေဖြင့် လွတ်ငြိမ်း ချမ်းသာခွင့် ရရန် ပြစ်ဒဏ်ကျခံရသူ အနေဖြင့် အချို့သောစာရွက်စာတမ်းများကို လက်မှတ်ထိုးရ နိုင်ပါသည်။ မမှန်ကန်သောထွက်ဆိုချက်များကို တင်ပြမိနိုင်ချေ၊ သို့မဟုတ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးခံရမည့်သူ အပေါ် မတရားဝန်ပိစေနိုင်မည့် သဘောတူညီချက်ကို ပေးလိုက်မိနိုင်ချေ တို့ကို ရှောင်ရှားနိုင်ရန်အတွက် ဖြစ်နိုင်လျှင် ဖြစ်နိုင်သည့်နေရာတိုင်းတွင် ထိုအထောက်အထား စာရွက်စာတမ်း များကို ရှေ့နေက ပြန်လည်ဆန်းစစ်သင့်ပါသည်။

 

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်

 

  • စွပ်စွဲခံရသူသည် အပြစ်ရှိကြောင်း ဝန်ခံလျှင် သို့မဟုတ် အခြားသူများ၏ ပြုလုပ်မှုများသည် ပြစ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း သတင်းအချက်အလက်ကို ပေးလျှင် ပြစ်ဒဏ်လွတ်ငြိမ်း ချမ်းသာခွင့် အတွက် အကြုံးဝင်နိုင်ပါသည်။ 1 (တချို့ပြစ်မှုများအတွက် ထိုသို့ပြုလုပ်ခြင်းဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် မရနိုင်ပါ။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၃၃၇နှင့်ပုဒ်မ ၃၃၈တို့ကိုကြည့်ပါ။)
    • မိမိ၏ ပြုလုပ်မှုနှင့်စပ်လျဉ်း၍ ဝန်ခံရန် သို့မဟုတ် အခြားသူများကို ဆန့်ကျင် သက်သေ ထွက်ဆိုရန် ဆန္ဒရှိနေပါက မိမိ၏ ရှေ့နေနှင့် ဉီးစွာဆွေးနွေးတိုင်ပင်သင့်ပါသည်။
  • စွပ်စွဲခံရသူသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိရန်အတွက် အပြစ်ရှိကြောင်းဝန်ခံရန်ဆုံးဖြတ်လျှင် စွပ်စွဲခံရသူကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်လုပ်ငန်းစဉ်အစိတ်အပိုင်းအနေဖြင့် တရားရုံးတွင် မျက်မြင် သက်သေ အဖြစ် စစ်မေးမည် ဖြစ်ပါသည်။ 2 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၃၇(၂))
  • ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိရန်အတွက် ဥပဒေအရာရှိနှင့် ဆွေးနွေးညှိနှိုင်းနိုင်သော်လည်း နောက်ဆုံး ဆုံးဖြတ်ချက်ချခြင်းသည် တရားသူကြီး၏ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ဘောင်အတွင်းတွင်ရှိပါသည်။
  • စွပ်စွဲခံရသူသည် ပြစ်မှုနှင့်ပတ်သက်၍ အပြစ်ရှိကြောင်းယုံကြည်ထိုက်သည့် လုံလောက်သော ယုံကြည်ထိုက်သည့် အကြောင်းပြချက်များရှိသည်ဟု တရားသူကြီးက ထင်မြင်လျှင် စွပ်စွဲခံရသူကို စစ်ဆေးစီရင်ရန်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် သို့မဟုတ် ခရိုင်တရားရုံးသို့ တင်ပို့မည် ဖြစ်သည်။ 3 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၃၇(၂-က))
  • စွပ်စွဲခံရသူကို စစ်ဆေးစီရင်ရန်တင်ပို့သည့်အချိန်နှင့် နောက်ဆုံးဆုံးဖြတ်ချက်(စီရင်ချက်ချခြင်း) မတိုင်ခင် အချိန်ကြားတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် မူလတရားရုံး (မြို့နယ်သို့ မဟုတ်ခရိုင်တရားရုံး) ကို စွပ်စွဲခံရသူအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရန်အမိန့်ပေးနိုင်ပါသည်။ 4 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၃၈)
  • ဥပဒေအရာရှိသည် စွပ်စွဲခံရသူသည် သက်သေခံချက်များကို ထိန်ချန်ထားခြင်းသို့မဟုတ် မမှန်သော သတင်းအချက်အလက်များပေးခြင်း စသည့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပါ စည်းကမ်းချက် များကို လိုက်နာခြင်းရှိမရှိဟု တင်ပြနိုင်ပြီး ထိုအခါ မူလ စွဲချက်များ အပြင် သတင်း အချက် အလက် ဝှက်သိမ်းခြင်း၊ မမှန်သက်သေခံခြင်းတို့ ပြင်ပါ 5 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၃၃၉)

 

သမ္မတ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခြင်း/လွတ်ငြိမ်းချမ်းသာခွင့်

 

  • နိုင်ငံတော်သမ္မတသည် ပြစ်မှုတစ်ခုအတွက် ပြစ်ဒဏ်ချမှတ်ခံထားရသူ မည်သူကိုမဆို ပြစ်ဒဏ် သက်သာခွင့် ပေးခြင်း သို့မဟုတ် လူအုပ်စုတစ်စုကို လွတ်ငြိမ်းချမ်းသာခွင့် တို့ကို ပေးနိုင်ပါသည်။ 6 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁))
    • ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် ရာဇဝတ်ပြစ်ဒဏ်၏ အစိတ်အပိုင်း တရပ်ရပ်ကို ဆိုင်ငံခြင်းမှ သည် ပြစ်ဒဏ်တစ်ရပ်လုံးကို ဆိုင်းငံ့ထားခြင်းလည်းပါဝင်နိုင်ပါသည်။
    • ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကို လက်ခံရရှိသောလူပုဂ္ဂိုလ်(သို့မဟုတ် လူပုဂ္ဂိုလ်များ)အပေါ် စည်းကမ်းချက်များနှင့်ဖြစ်စေ၊စည်းကမ်းချက်များမထားဘဲဖြစ်စေ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကို ပေးနိုင်ပါသည်။
    • ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခြင်း ခံရသူသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် ပါရှိသော စည်းကမ်းချက်များနှင့် မကိုက်ညီမှု တစုံတရာရှိခဲ့လျှင် နိုင်ငံတော်သမ္မတသည် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ကို ဖျက်သိမ်းနိုင်ပြီး စွပ်စွဲခံရသူကို ကျန်ရှိသေးသော ပြစ်ဒဏ်အပိုင်းကို ဆက်လက်ကျခံစေရန် အမိန့်ပေးနိုင်ပါသည်။ 7 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၃))
      • သီးခြားဖော်ပြထားသော အပြုအမှုများကို လုပ်ဆောင်ခြင်းမှ ရှောင်ကျဉ်ရန် သို့မဟုတ် ဆောင်ရွက်ခြင်းမပြုရန် စသည့်အချက်များအပေါ် အခြေခံပြီး ပြစ်ဒဏ် လွတ်ငြိမ်းခွင့် သို့မဟုတ် လွတ်ငြိမ်းချမ်းသာခွင့်များကို စည်းကမ်းချက် ထား၍ ပေးခြင်းဖြစ်နိုင်ပါသည်။
  • သမ္မတသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရန်အလို့ငှာ အမှုကိုစစ်ဆေးစီရင်ခဲ့သည့် ရုံးထိုင် တရားသူကြီး၏ သဘောထားမှတ်ချက်ကို ရယူနိုင်သည်။ 8 (ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၂))
  • ယေဘုယျအားဖြင့် လွတ်ငြိမ်းချမ်းသာခွင့်များကို အုပ်စုတစ်စုအပေါ် ပြုလုပ်လေ့ရှိသော်လည်း ဖြစ်နိုင်လျှင် ပြစ်ဒဏ်ကျခံနေရသူ အနေဖြင့် အုပ်ချုပ်ရေးကဏ္ဍမှ သက်ဆိုင်ရာအာဏာပိုင်များထံ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ၊ သက်သာခွင့်ပေးပါရန် တစ်ဦးချင်းအယူခံများ တင်သွင်းရန် စဉ်းစား သင့်ပါသည်။
Exit mobile version