サイトアイコン Lann Pya

ဥပဒေပြင်ဆင်ချက်များ

မာတိကာ

ဧည့်စာရင်း

 

  • နေထိုင်သူအားလုံးသည်ညအိပ်ဧည့်သည်များ ရောက်ရှိမှုနှင့်ထွက်ခွာမှုတို့ကို ၄င်းတို့၏သက်ဆိုင်ရာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံသို့ အကြောင်းကြားရမည်။1 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၃/၂၀၂၂ ပုဒ်မ – ၁၃ (ဆ) နှင့် ပုဒ်မ ၁၇)
    • အခြားရပ်ကွက်မှ ညာဉ့်အိပ်ညာဉ့်နေ လာရောက်တည်းခိုသောဧည့်သည်များ
    • အိမ်ထောင်စု စာရင်းဝင်မဟုတ်သူများ2 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေ ၃/၂၀၂၁ မတိုင်ခင် ၊ ၂၀၁၆ ခုနှစ်က ပြုလုပ်ခဲ့သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ (၂၀၁၂) (တတိယအကြိမ်ပြင်ဆင်ချက်) ဥပဒေ ပုဒ်မ ၁၀(ခ) နှင့် ၁၇ အရ တစ်လနှင့်အထက် လာရောက်နေထိုင်မှသာ ဧည့်စာရင်းတိုင်ရန် လိုအပ်ပါသည်။)
  • ပြစ်ဒဏ် – ၁သောင်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်ငွေမဆောင်ပါက ၇ရက်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ ကျခံ စေရမည်။ 3 3 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၃/၂၀၂၂ ပုဒ်မ -၂၇)
  • သို့သော် ထောင်ဒဏ်ချမှတ်ခြင်းကို တရားရုံးကသာ ပြုလုပ်နိုင်သည်။4 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၃/၂၀၂၂ ပုဒ်မ -၂၇)
  • ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူးသည် ဧည့်စာရင်းတိုင်ကြားခြင်းကိစ္စနှင့်စပ်လျဉ်း ၍ ငွေကြေးတစ်စုံတစ်ရာတောင်းခံခြင်းမပြုရ။5 (နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီဥပ‌ဒေအမှတ်၃/၂၀၂၂ ပုဒ်မ – ၃၃)
  • အကယ်၍ ဧည့်စာရင်းကိစ္စဖြင့် နေအိမ် သို့မဟုတ် ဥပစာ ဝင်ရောက်ရှာဖွေခြင်း ခံရပါက -ရှာဖွေခြင်းနှင့် ဖမ်းဆီးခြင်းကို ကဏ္ဍကို ကြည့်ပါ။

 

ရပ်ကွက် ( သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်ပေးအပ်ခြင်း

 

  • ရပ်ကွက် ( သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးသည် နှုတ်ထွက်သည့်အခါ (သို့မဟုတ်) ရာထူးမှ ရပ်စဲခံရသည့်အခါ မြို့နယ်အုပ်ချုပ်ရေးမှူးသည် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အုပ်ချုပ်ရေး ကောင်စီ (သို့မဟုတ်) နေပြည်တော်ကောင်စီ၏ခွင့်ပြုချက်ဖြင့်သာတစ်စုံတစ်ဦးအား ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူး၏ တာဝန်များကို ပေးအပ်နိုင်သည်။6 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၃/၂၀၂၂ ပုဒ်မ – ၁၆(ဃ))

ရှာဖွေမှုနှင့်ဖမ်းဆီးမှု – ရဲအရာရှိများသည် နေအိမ်ပရဝဏ်အတွင်း ရှာဖွေရန်၊ သိမ်းဆည်းရန်ရည်ရွယ်ချက်ဖြင့် ဝင်ရောက်ရှာဖွေပါက ၁၀ အိမ်မှူး၊ ရာအိမ်မှူး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး စသည့် အရေးပါသည့် သက်သေ၂ဦး မပါရှိပဲဆောင်ရွက်နိုင်သည်။7 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၃/၂၀၂၁ သည် ယခင်က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ သို့မဟုတ် ဆယ်အိမ်မှူ (သို့) ရာအိမ်မှူးတို့၏ အကြီးအကဲများမှ သက်သေနှစ်ဦးရှိရန်လိုအပ်သည့် ပုဒ်မ-၅ ကို ဆိုင်းငံ့ထားသည်။)

ထိန်းသိမ်းခြင်း – လူတစ်ဦးအားတရားရုံး၏ ခွင့်ပြုချက်မရှိဘဲ ၂၄ နာရီထက်ပို၍ ရဲများက ထိန်းသိမ်းနိုင်သည်။8 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၃/၂၀၂၁ သည် ယခင်က လူတစ်ဦးအား 24 နာရီထက်ပို၍ ထိန်းသိမ်းရန် တရားရေးဆိုင်ရာခွင့်ပြုချက်လိုအပ်သည့် ပုဒ်မ-၇ ကို ဆိုင်းငံ့ထားသည်။)

အာဏာပိုင်များသည်တချို့သောလုပ်ဆောင်ချက်များအတွက်ခွင့်ပြုချက်မလိုပါ – အာဏာပိုင်များသည် နိုင်ငံသား များ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှု ထိခိုက်စေသော တချို့သော လုပ်ဆောင်ချက်များကို လုပ်ဆောင်ရန်ဝရမ်းကဲသို့သော ခွင့်ပြုချက်ရရန်မလိုတော့ပါ။ 9 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၃/၂၀၂၁ သည် အထက်ဖော်ပြပါ လုပ်ဆောင်ချက်များအတွက် ယခင်က အာဏာပိုင်များထံမှ ခွင့်ပြုချက်ဖြစ်သည့် ဝရမ်း ရယူဖို့လိုအပ်သည့် ပုဒ်မ-၈ ကို ဆိုင်းငံ့ထားသည်။)  ၄င်းတွင်အောက်ပါလုပ်ဆောင်ချက်များပါဝင်သည်။

 

  • ပုဂ္ဂလိကပိုင် နေအိမ်အဆောက်အဉီးသို့ ဝင်ရောက်ခြင်း။
  • နိုင်ငံသားများအကြား ဆက်သွယ်မှုများကို ကြားဖြတ်နားထောင်ခြင်း။
  • ဆက်သွယ်ရေးအော်ပရေတာများထံမှ ကိုယ်ရေးကိုယ်တာ ဆက်သွယ်ရေးဒေတာများ ရယူခြင်း၊
  • လူတစ်ဦး၏ ကိုယ်ရေးကိုယ်တာစာများ၊ ပါကင်ပစ္စည်းများကို ဖွင့်ခြင်း၊ ရှာဖွေခြင်း၊ သိမ်းယူခြင်း သို့မဟုတ် ဖျက်ဆီးခြင်း။

 

သို့သော် လူတစ်ယောက်၏ ပုဂ္ဂိုလ်ဆိုင်ရာနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အကာအကွယ်ပေးသည့် အခြား တည်ဆဲ ဥပဒေများရှိနေပါသည်။ အသေးစိတ်ကို ဖမ်းဆီးခြင်းနှင့် ရှာဖွေခြင်း ကဏ္ဍကို ကြည့်ပါ။


  • နိုငျငံတောျသစ်စာဖောကျမှု၏ မူလအဓိပ်ပါယျဖှင့ျဆိုခကြျတှငျ –










  • တိုင်းရင်းသား၊ လူမျိုး၊ မျိုးနွယ်စု (သို့မဟုတ်) ဘာသာရေးအုပ်စု တစ်စုလုံးကိုဖြစ်စေ၊ တစိတ်တဒေသ ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် အောက်ပါ နည်းလမ်းတစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုသောနည်းလမ်းများဖြင့် လူမျိုးသုဉ်းစေမှုကိုကျူးလွန်ခြင်းဖြစ်သည်။ 41 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂၂/၂၀၂၁ ၊ ပုဒ်မ -၂ ၊ ရာဇသတ်ကြီးပုဒ်မ ၃၁၁-က ။)
    • ယင်းအုပ်စုဝင်များကိုသတ်ဖြတ်ခြင်း။
    • ယင်းအုပ်စုဝင်များကိုအပြင်းအထန်နာကျင်စေခြင်း။
    • ယင်းအုပ်စုဝင်များ၏စိတ်ပိုင်းဆိုင်ရာ အပြင်းအထန်နာကျင်စေစေခြင်း။
    • ယင်းအုပ်စု၏ ရုပ်ပိုင်းဆိုင်ရာ တစ်ခုလုံးကိုဖြစ်စေ တစ်စိတ်တစ်ဒေသကို ဖြစ်စေ ပျက်စီးစေရန် ရည်ရွယ်၍ ယင်းတို့၏ လူမှုဘဝကို တမင်ဖျက်ဆီးခြင်း။
    • တည်ဆဲဥပဒေများနှင့် အညီ မဟုတ်ဘဲ အဆိုပါအုပ်စုအတွင်းမှ ကလေးမွေးဖွားမှုကို တားမြစ်ရန် ကြံရွယ်၍ အစီအမံများ ချမှတ်ခြင်း
    • ယင်းအုပ်စုတစ်ခုမှ ကလေးသူငယ်များကို အခြားအုပ်စုသို့ အတင်းအကြပ် လွှဲပြောင်းခြင်း။
  • ပြစ်မှုထင်ရှားစီရင်ခြင်းမတိုင်ခင်ရဲသည်ဝရမ်းမပါပဲ ဖမ်းဆီးနိုင်ပြီး အာမခံကိုငြင်းပယ်နိုင်သည်။ 42 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂၃/၂၀၂၁ ၊ ပုဒ်မ -၃။)
  • ပြစ်ဒဏ် အုပ်စုတစ်စု၏အုပ်စုဝင်များအား သတ်ဖြတ်ခြင်းကို ကျူးလွန်ပါက သေဒဏ်နှင့်ငွေဒဏ်ကျခံရမည်။ 43 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂၂/၂၀၂၁ ၊ ပုဒ်မ -၂ ရာဇသတ်ကြီးပုဒ်မ ၃၁၁-ခ (က)။)  လူမျိုးသုဉ်းစေမှုဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည့် အခြားပြစ်မှုတစ်ခုခုဖြင့် ပြစ်မှုထင်ရှားစီရင်ခံရပါက ကျူးလွန်သူကို ငွေဒဏ်အပြင် တစ်သက်တစ်ကျွန်းထောင်ဒဏ်ပါ ချမှတ်နိုင်သည်။ 44 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂၂/၂၀၂၁ ၊ ပုဒ်မ -၂ ရာဇသတ်ကြီး ပုဒ်မ ၃၁၁-ခ (ခ)။)
  • ကိုယ်ရေးကိုယ်တာသတင်းအချက်အလက်ဆိုသည်မှာ လူတစ်ဦးနှင့်ဆက်နွယ်သည့် မည်သူမည်ဝါအဖြစ် အတည်ပြုထားသော (သို့မဟုတ်) အတည်ပြုထားနိုင်သော မည်သည့်အချက်အလက်ကိုမဆို ဆိုလိုသည်။ 46 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၇/၂၀၂၁ ပုဒ်မ ၄(ဌ) နှင့်ပုဒ်မ ၄)
    • ကိုယ်ရေးကိုယ်တာအချက်အလက် အကာအကွယ်ပေးခြင်းနှင့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကိုစီမံခန့်ခွဲခြင်းဆိုင်ရာအချက်အလက်များတွင် ခြွင်းချက်များစွာပါဝင်သည်။ 47 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၇/၂၀၂၁ ပုဒ်မ ၇)
    • ပြစ်ဒဏ် – ကိုယ်ရေးကိုယ်တာအချက်အလက်များကိုပြင်ဆင်ချက်ရလာဒ်များနှင့်အညီစီမံခန့်ခွဲ ရန်ပျက်ကွက်ပါက ၁နှစ်မှ ၃နှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ကျခံစေရမည်။ 48 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၇/၂၀၂၁ ပုဒ်မ ၉)
  • နိုင်ငံတော်၏အချုပ်အခြာအာဏာတည်တံခိုင်မြဲရေး၊ နိုင်ငံတော်အေးချမ်းတည်ငြိမ်ရေး၊ နိုင်ငံတော် လုံခြုံရေး အတွက် ဆိုက်ဘာလုံခြုံရေးနှင့်ဆိုက်ဘာရာဇဝတ်မှုများစီမံခန့်ခွဲရာတွင် အချက်အလက် ရှာဖွေခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊သတင်းအချက်အလက်များကို စစ်ဆေးခြင်းကို အာဏာပိုင်များမှ ဆောင်ရွက်နိုင်သည်။
  • အခြားသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့်ပတ်သက်၍ကာကွယ်ခြင်း ဆိုသည်မှာ အခြားသူ၏ကိုယ်ရေးကိုယ်တာအချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ အခြားသူထံ ပေးပို့ခြင်း (သို့မဟုတ်) ရယူခြင်း၊ ထုတ်ဖော်ခြင်း၊ အသုံးပြုခြင်း၊ ဖျက်စီးခြင်း၊ ပြင်ဆင်ခြင်း၊ ဖြန့်ဝေခြင်းသည် ရာဇဝတ်မှုဖြစ်သည်။ 49 (SAC Law No. 7/2021, S.9..)
  • အင်တာနက်မှတစ်ဆင့် သတင်းအချက်အလက်များ ဖြန့်ဝေခြင်း နှင့် တင်ခြင်း 50 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၇/၂၀၂၁ ပုဒ်မ ၉)
    • မည်သူမဆို အင်တာနက်မှတစ်ဆင့်အများပြည်သူအထိတ်တလန့်ဖြစ်စေရန်၊ ယုံကြည်မှပျက်ပြား စေရန်၊အသင်းအဖွဲ့တစ်ခု၏ စည်းလုံးမှုပျက်ပြားစေရန်သတင်းတု (သို့မဟုတ်) သတင်းမှားများ ကို ဖန်တီခြင်းပြုလုပ်ခြင်း သည် ရာဇဝတ်မှုကျူးလွန်ခြင်း ဖြစ်သည်။
      • ပြစ်ဒဏ်- အနည်းဆုံး၁နှစ်မှ အများဆုံး ၃နှစ်အထိဖြစ်စေ ၊ ကျပ်သိန်း ၅၀၀ထက် မပိုသော ငွေဒဏ်ဖြစ်စေ ၊ ဒဏ်၂ရပ်လုံးဖြစ်စေကျခံစေရမည်။
  • ဆိုင်ဘာတိုက်ခိုက်မှုများတွင် ချိုးဖောက်မှု၊ကြိုးပမ်းမှု၊လှုံဆော်မှု၊ပေါင်းစပ်မှုပါဝင်ပြီးနိုင်ငံတော်၏ အုပ်ချုပ် ရေး၊ ဘဏ္ဍာရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတော်လုံခြုံရေး၊ အများပြည်သူလုံခြုံရေး နှင့် လူမှုဖူလုံရေးဆိုင်ရာ ဆိုက်ဘာအရင်းအမြစ်ကို အသုံးပြု၍ တိုက်ခိုက်မှုများ ဖြစ်သည်။ 51 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၇/၂၀၂၁ ပုဒ်မ ၄ (ဒ))
    • ပြစ်ဒဏ်- တစ်နှစ်မှ ၅နှစ်အထိထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေချမှတ်နိုင်သည်။ 52 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၇/၂၀၂၁ ပုဒ်မ ၉)
      • နိုင်ငံတော်နှင့်အခြားနိုင်ငံတို့၏ ရင်းနှီးသောဆက်ဆံရေးကိုပျက်ပြားစေရန်ရည်ရွယ်ချက် ဖြင့်ဖြစ်စေ၊ နိုင်ငံ၏လုံခြုံရေးအရ လျို့ဝှက်ထားရမည့်အချက်အလက်များကိုတိုက်ခိုက်မှု သည်ပြင်းထန်သောပြစ်ဒဏ်များဖြစ်သည်။ထောင်ဒဏ်၃နှစ်မှ၇နှစ်အထိဖြစ်စေ၊ငွေဒဏ် ဖြစ်စေချမှတ်နိုင်သည်။
  • ပြစ်ဒဏ်များတိုးမြှင့်ခြင်း – ၂၀၁၄ခုနှစ် ဥပဒေ၏ ပုဒ်မ ၃ (ခ)(၁၅)တွင် လူတစ်ဦးအား အကြမ်းဖက်အုပ်စုတစ်ခုခု သို့မဟုတ် အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါဝင်စေရန် တိုက်တွန်းခြင်း၊ စည်းရုံးသိမ်းသွင်းခြင်း၊ ဝါဒဖြန့်ခြင်း၊ စုဆောင်းခြင်းတို့သည် ရာဇဝတ်မှုဖြစ်သည်။ 45 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၂၁/၂၀၂၁ ၊ပုဒ်မ -၂ ၊ ၂၀၁၄ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေပုဒ်မ ၃ (ခ)(၁၅)။)
    • ပြစ်ဒဏ်အသစ် – ၂၀၁၄ ခုနှစ် ဥပဒေ ပုဒ်မ ၃(ခ)(၁၅) အရ အကြမ်းဖက်မှုကို ကျူးလွန်ရန် ကြံရွယ်သည့် ပြုလုပ်မှုပြုလုပ်မှု (သို့မဟုတ် ပျက်ကွက်မှုများ) အတွက် ဒဏ်ငွေ ၃ နှစ်မှ ၇ နှစ်အထိ ချမှတ်နိုင်သည်။
    • ထုတ်လွှင့်ခြင်း- အသစ်ပြင်ဆင်ထားသောဥပဒေအရ မည်သည့်နည်းပညာဖြင့်မဆို ရုပ်သံထုတ်လွှင့် ခြင်းကို ပြုလုပ်နိုင်ပါသည်။ 53 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၆၃/၂၀၂၁ ပုဒ်မ ၂၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၂(က)။)
    • လိုင်စင်မရှိဘဲ (သို့မဟုတ်) လိုင်စင်ရုပ်သိမ်းခြင်း/ဆိုင်းငံ့ခြင်း ခံထားရစဉ် လုပ်ငန်းဆက်လက်လည်ပတ်ခြင်း သည် ထောင်ဒဏ်နှင့်/သို့မဟုတ် ငွေဒဏ်ချမှတ်နိုင်သော ရာဇ၀တ်မှုဖြစ်သည်။
      • လိုင်စင်မရှိဘဲ လုပ်ကိုင်ခြင်းအတွက် ပြစ်ဒဏ်- ထောင်ဒဏ် ၃နှစ်မှ ၅ နှစ်နှင့် မြန်မာကျပ်ငွေသိန်း ၃၀၀ မှ ၅၀၀ အထိ ငွေဒဏ်ချမှတ်နိုင်သည်။ 54 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၆၃/၂၀၂၁ ပုဒ်မ ၃၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၆။)
      • လိုင်စင်ရပ်စဲပြီးနောက် ဆက်လက်ထုတ်လွှင့်ခြင်းအတွက် ပြစ်ဒဏ် – ထောင်ဒဏ် ၆လ မှ၁ နှစ် အထိ( သို့မဟုတ်) မြန်မာကျပ်ငွေ သိန်း ၅၀ မှ သိန်း ၁၀၀ အထိငွေဒဏ်ဖြစ်စေချမှတ်နိုင်သည်။ 55 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၆၃/၂၀၂၁ ပုဒ်မ ၄၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၇။)

လိုင်စင်လျှောက်ထားရာတွင် မှားယွင်းသောအချက်အလက်များကိုပေးဆောင်ခြင်း။

     အကယ်၍ သင်သည် အောက်ပါတို့ရှိပါက တရားစွဲဆိုနိုင်ပါသည်။
    • ရုပ်သံလွှင့်ဇုန်တစ်ခုအတွင်း နှစ်ခု (သို့မဟုတ်) နှစ်ခုထက်ပိုသော ရုပ်သံလွှင့်ကုမ္ပဏီများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ပိုင်ဆိုင်ခြင်း
    • ရုပ်သံသတင်းမီဒီယာလုပ်ငန်းအမျိုးမျိုးကို လွှမ်းမိုးပိုင်ဆိုင်ခြင်း
    • လိုင်စင်လျှောက်ထားရာတွင် မှားယွင်းသောအချက်အလက်များကို တမင်ပေးခြင်း
      • ပြစ်ဒဏ် – တစ်နှစ်မှ၃နှစ်အထိထောင်ဒဏ်ဖြစ်စေ မြန်မာကျပ်ငွေ၁၀သိန်းမှသိန်း၃၀ ထိ ငွေဒဏ်ဖြစ်စေချမှတ်နိုင်သည်။ 56 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၆၃/၂၀၂၁ ပုဒ်မ ၅၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၈။)
  • ဤဥပဒေအောက်ရှိပြစ်မှုများမှာ ရဲအရေးပိုင်သောပြစ်မှုဖြစ်သည်။ 57 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၆၃/၂၀၂၁ ပုဒ်မ ၈၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၀၅-က။)
    • အုပ်ချုပ်ရေးအာဏာပိုင်များ၏ လုပ်ပိုင်ခွင့်များ
      • နိုင်ငံတော် သမ္မတသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (CIC) နှင့် တိုင်ပင်ပြီး ရဲချုပ်ကို ခန့်အပ်ပိုင်ခွင့်ရှိသည်။ 58 (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၉(က))
      • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (CIC) နှင့် တိုင်ပင်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ (MPF) ကို ပြန်လည်ဖွဲ့စည်းရန် အခွင့်အာဏာရှိသည်။ 59 (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၆(က))
      • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သည် ရဲချုပ်ကို တာဝန်ပေးအပ်နိုင်သည်။ 60 (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၁၇ (ဌ))
      • မြန်မာနိုင်ငံရဲတပ်ဖွဲ့ဖွဲ့စည်းရာတွင်မူဝါဒများနှင့်လုပ်ထုံးလုပ်နည်းများရေးဆွဲရာတွင် အစိုးရအဖွဲ့ တွင် တာဝန်ရှိသည်။ 61 (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၇)

ဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာန (MOHA) ၏ လုပ်ပိုင်ခွင့်များ-

    • ရဲချုပ်ကို တာဝန်များပေးအပ်ခြင်း 62 (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၁၇ (ဌ))
    • အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ရဲတပ်ဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များခြင်း 63 (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၆ (ခ))
    • အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နည်းဥပဒေများ ထုတ်ပြန်ခြင်း 64 (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၆၈(က))
    • အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်ခြင်းနှင့် ရဲလုပ်ငန်းနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်တွဲ ဆောင်ရွက်ခြင်း 65 (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၆၈ (က) – ပုဒ်မ ၆၈ (ဂ))
    • ပြည်ထဲရေးဝန်ကြီးဌာနသည် ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံ နှင့်ပတ်သက်၍ တာဝန်ရှိပြီး လိုအပ်ပါက အစိုးရအဖွဲ့ကို အကြံပေးခြင်း 66 (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၈)
  • ရဲများသည် ဝရမ်းမပါဘဲ အောက်ပါတို့ကို လုပ်ဆောင်နိုင်သည် – 67 (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေ၊ ရဲတပ်ဖွဲ့က ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်သည့် ဥပဒေအောက်တွင်ရှိသော လှုပ်ရှားမှုများစာရင်းအပြည့်အစုံအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၆၀ (င) တွင် ကြည့်ပါ။)
    • အများပြည်သူအနှောက်အယှက် ဖြစ်စေအောင် စိတ်ငြိုငြင်စေအောင် ပြုခြင်း
    • အများပြည်သူပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင် ပစ္စည်းအပေါ်တွင် ခွင့်ပြုချက်မရှိပဲ ရုပ်ပုံစာသား ရေးဆွဲခြင်း
    • ရဲတပ်ဖွဲ့ဝင်၏ ဥပဒေနှင့်အညီ တာဝန်ဝတ္တရားများဆောင်ရွက်ခြင်းကို ဟန့်တားခြင်း
  • ပြစ်ဒဏ် ၁ လမှ ၂ နှစ်အထိ ချမှတ်နိုင်သော ပြစ်မှုများအတွက် ဒဏ်ငွေ ကျပ် ၁၀,၀၀၀ မှ ၅၀,၀၀၀ အ တွင်း ရဲတပ် ဖွဲ့ က ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်သည်။ 68 (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၆၁ (က) – (ဆ))
  • သံပုံတီးခြင်းသည် ဤဥပဒေအရ ပြစ်မှုတစ်ခု ဖြစ်လာပါသည်။ 69 (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၆၀ (င) (၂)၊ ၆၀ (စ)။)
    • ပြစ်ဒဏ် – အနည်းဆုံး ၁ မှ ၃လအထိထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ၁သောင်း မှ အများဆုံး ၅သောင်းအထိ ငွေဒဏ် ဖြစ်စေ နှစ်ရပ်လုံးဖြစ်စေ ချမှခံရနိုင်ပါသည်။ ရဲက ဝရမ်းမပါပဲ ဖမ်းဆီးနိုင်ပါသည်။ 70 (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၆၁ ၉(ဃ))
  • ရဲတပ်ဖွဲ့သည် နေဝင်ချိန်နှင့် နေထွက်ချိန်ကြားရှိ အောက်ဖော်ပြပါနေရာများ (သို့မဟုတ်) အခြေအနေ တစ်ခုခုတွင် လူတစ်ဦးကို တွေ့ရှိပြီး ခိုင်လုံသောအကြောင်းပြချက်ကို မပေးပါက ထိုသူကိုဝရမ်းမပါဘဲ ဖမ်းဆီးနိုင်သည်- 71 (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဥပဒေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၆၀(ဃ) (၁) – (၃)ယခင်ဥပဒေများအောက်တွင် ပြဋ္ဌာန်းချက်အတွက် ရဲအက်ဥပဒေ (၁၉၄၅) ကိုကြည့်ပါ၊)
      • ဈေး၊ လမ်း၊ အိမ်နောက်ဖေး သို့မဟုတ် ခြံရှေ့
      • အဆောက်အဦး၊ ရေယာဉ် သို့မဟုတ် မော်တော်ယာဉ်
      • မျက်နှာဖုံးစွပ်ထားခြင်း
    • ပြစ်ဒဏ်- ထောင်ဒဏ် အနည်းဆုံး ၁ လမှ ၆ လအထိဖြစ်စေ၊ ဒဏ်ငွေ ၁၀,၀၀၀ မှ ၃၀,၀၀၀ အထိ ဖြစ်စေ, နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ပါသည်။ 72 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၆၁ (ဂ))
  • ရဲတပ်ဖွဲ့ဝင်များ၏စည်ကမ်းထိန်းသိမ်းရေး- မြန်မာနိုင်ငံရဲတပ်ဖွဲ့မဟုတ်ပဲ အခြားတရားစွဲအဖွဲ့အစည်းတခုခုက စုံစမ်းစစ်ဆေးအရေးယူခြင်း သို့မဟုတ် တည်ဆဲ ဥပဒေတရပ်ရပ် အရ တာဝန်ထမ်းဆောင်ခြင်းနှင့်ပတ်သက်၍ အရေးယူခြင်းများကို ရဲချုပ်၏ ခွင့်ပြုချက်ဖြင့်သာ ဆောင်ရွက်ရမည်။ 73 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၄၂ (က) –(ခ))
    • အရာရှိများ စည်းကမ်းထိန်းသိမ်းရေးနှင့်ပတ်သက်၍ ၁၉၉၅ ခုနှစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်း ထိန်းသိမ်းရေး ဥပဒေသည် တည်ဆဲဥပဒေဖြစ်သည်။ 74 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၄/၂၀၂၂ ပုဒ်မ ၄၁)
  • အကယ်၍ တရားရုံးကိစ္စများသည် “စေ့စပ်ဖြေရှင်းရေး”သို့ ရောက်သွားနိုင်သည်။ 75 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၅၈/၂၀၂၁ ပုဒ်မ ၂)
    • ဥပဒေအရ စေ့စပ်ဖြေရှင်းရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်သည်ဟု ဖော်ပြထားသည့် တရားမမှု သို့မဟုတ် တရားမမှု သဘောရှိသည့် အမှုများ
    • ပြည်ထောင်စုတရားလွှတ်တော်ချုပ် (USC) သည် အမှုတစ်ခုကို စေစပ်ဖြေရှင်းရန် အမိန့်ကြေငြာစာ ထုတ်ပြန် ညွှန်ကြားသည့် အမှုများ
    • နှစ်ဖက်အမှုသည်များက မိမိတို့၏ ဆန္ဒအလျောက် စေ့စပ်ဖြေရှင်းရန် တင်ပြလာသည့် အမှုများ
  • စေ့စပ်ဖြေရှင်းခြင်း ဆိုသည်မှာ နှစ်ဦးနှစ်ဖက်သဘောတူညီသောအဖြေတစ်ခုရရှိရန် တရားရုံးမှ တာဝန်ပေးခန့်အပ်ခန့်အပ်ထားသော စေ့စပ်ဖြေရှင်းသူ ခန့်အပ်သူ ပါဝင်သည့် လှို့ဝှက်လုံခြုံစိတ်ချရသော အငြင်းပွားမှု ဖြေရှင်းရေး လုပ်ငန်းစဉ် တစ်ခုဖြစ်သည်။ 76 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၅၈/၂၀၂၁ ပုဒ်မ ၂)
  • အမှုသည်များသည် သီးသန့်သဘောတူညီချက်တစ်ခုရရှိပါက၊ ယင်းသဘောတူညီချက်ကိုအတည်ပြုရန် တရားရုံးသို့ ဆက်လက်လျှောက်ထားရမည်ဖြစ်သည်။ 77 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၅၈/၂၀၂၁ ပုဒ်မ ၂)
  • ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် စေစပ်ဖြေရှင်းရေးနှင့် စပ်လျဉ်းသည့် အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့် လက်စွဲများကို ထုတ်ပြန်ပိုင်ခွင့်ရှိသည်။ 78 (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် ၅၈/၂၀၂၁ ပုဒ်မ ၂)

၁၉၂၉ ခုနှစ် တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေ 79 (၁၉၈၉၊ ၂၀၁၉ နှင့် ၂၀၂၁ (နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ ဥပဒေအမှတ် ၆၁/၂၀၂၁) တွင်ပြင်ဆင် ခဲ့ပါသည်။)

  • တရားလွှတ်တော် ရှေ့နေများကောင်စီသည် ရှေ့နေလိုင်စင် ထုတ်ပေးခြင်း၊ ရုပ်သိမ်းခြင်းများပြုလုပ်သည် အာဏာရှိသည့် အဖွဲ့အစည်းဖြစ်ပြီး တရားလွှတ်တော်ရှေ့နေများကို စည်းကမ်းထိန်းသိမ်းမှုများ ပြုလုပ်နိုင်သည့် ကျယ်ပြန့်သော အာဏာရှိပါသည်။
    • ၂၀၂၂ ခုနှစ် ပြင်ဆင်ချက်များအရ တရားလွှတ်တော်ရှေ့နေများကောင်စီ ဖွဲ့စည်းရာ၌ အဖွဲ့ဝင်အရေအတွက်ကို ၁၅ ဉီးမှ ၁၁ ဦးအထိ လျှော့ချခဲ့ပါသည်။ 80 (၂၀၂၁ ခုနှစ်၊ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ပုဒ်မ ၂။)
      • ယခင်က၊ အပြင်ပုဂ္ဂလိကရှေ့နေ ၁၁ ဉီးကို တစ်နိုင်ငံလုံးက ရှေ့နေများက ရွေးကောက် တင်မြှောက်က်ခဲ့ပါသည်။ ယခုအခါ၊ တရားလွှတ်တော်ရှေ့နေများကောင်စီတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် ဥပဒေရေးရာဝန်ကြီးဌာန/ရှေ့နေချုပ်ရုံးမှ အမည်စာရင်း တင်သွင်းသော အပြင်ပုဂ္ဂလိကရှေ့နေ ၆ ဉီးသာ ပါရှိပါတော့သည်။
      • ပြင်ဆင်လိုက်သော ဥပဒေအရ တရားလွှတ‌်တော်ရှေ့နေများကောင်စီတွင် ရွေးကောက်တင်မြှောက် ခံရသူ တစ်ဉီးမျှပါဝင်ခြင်း မရှိတော့ချေ။
      • ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ညွှန်ကြားရေးမှုးချုပ်သည် တရားလွှတ‌်တော်ရှေ့နေများကောင်စီ၏ အဖွဲ့ဝင်ဖြစ်လာပါသည်။
      • အဖွဲ့ဝင် ပြည်ထောင်စုတရားတရားလွှတ်တော်ချုပ်တရားသူကြီးများ အရေအတွက်ကိုလည်း ၂ ဉီးမှ ၁ ဉီးတည်းသို့ လျှော့ချခဲ့ပါသည်။
モバイルバージョンを終了