သွက်ဂွံလုပ်ဗဵုဂၠံၚ်စၞောန်ညးဗက်ဂဗုတ်ဂှ် လုပ်ဍဵုဒၞဲါဏံ ညိ။
ပွမဂၠိုက်ဂၠာဲညးဗက်ဂဗုတ်ဂမၠိုၚ်
မာတိကာ
– သင့်အနေဖြင့် တတ်နိုင်သမျှ အစောလျှင်ဆုံး ရှေ့နေငှားရမ်းသင့်ပါသည်။
– ရာဇဝတ်မှုများတွင် သင့်အနေဖြင့် ဖမ်းဆီးခံသည့် အချိန်မှစ၍ ရှေ့နေငှားရမ်း ခုခံချေပပိုင်ခွင့်ရှိပါသည်။
– ဥပဒေအကျိုးဆောင်ပေးခြင်းကို စောလျင်သမျှ စောလျှင်စွာ ရရှိခြင်းအားဖြင့် အကျိုးကျေးဇူးများစွာရှိပါသည်။ အထူးသဖြင့် ရာဇဝတ်မှုများတွင် စောလျှင်စွာ ဥပဒေအကူအညီရရှိခြင်းအားဖြင့် သင့်အပေါ်တွင်စွဲဆိုထားသော စွဲဆိုချက်များကို ရုပ်သိမ်းပေးခြင်း၊ အာမခံဖြင့် လွတ်မြောက်ခွင့်ရခြင်း၊ အစရှိသည်တို့အပြင် ရဲများ၏ မလျော်ကန်သော အပြုအမူများမှလည်း အကာအကွယ်ရရှိနိုင်ပါသည်။
– အကယ်၍ အမှုတစ်ခုတွင် စွပ်စွဲခံရသူတစ်ဦးထက် ပိုမိုပါဝင်ပါက စွပ်စွဲခံရသူတစ်ဦးလျှင် သီးခြားရှေ့နေတစ်ဦးစီဖြင့် ခုခံချေပသင့်ပါသည်။
– အစကနဦးတွင် အကျိုးစီးပွားပဋိပက္ခဖြစ်ခြင်းမရှိဟု ထင်ရသော်လည်း နောက်ပိုင်းတွင် ပေါ်ပေါက်လာနိုင်ပါသည်။ ဥပမာ- စွပ်စွဲခံရသူတစ်ဦးအတွက် ဝန်ခံလိုက်ခြင်းသည် အကောင်းဆုံးဖြစ်သည့် အခြေအနေတွင် အခြားပူးတွဲ စွပ်စွဲခံရသူအတွက် အမှုကိုဆက်လက်ရင်ဆိုင်ခြင်းသည် အကောင်းဆုံးဖြစ်နေနိုင်ပါသည်။