Site icon Lann Pya

ဝေါဟာရ

ဥပဒေဝေါဟာရများ

အမျိုးသမီးနှင့် အမျိုးသား တို့အတွက် သတ်မှတ်ထားသော လူမှုအဆင့်အတန်း ကွဲပြား မှုပေါ် မူတည်ပြီး ထိခိုက်နစ်နာ စေသည့် အပြုအမူများ။

ဥပဒေအရာရှိ မှ တာဝန်ရှိ တရားသူကြီး၏ ခွင့်ပြုချက်ဖြင့်သာ အမှုရုပ်သိမ်းနိုင်သော ပြစ်မှု အမျိုးအစား။

တိုင်ကြားသူမှ တိုင်ကြားမှုကို ရုပ်သိမ်းနိုင်သည့် အမှုကိစ္စမျိုးဖြစ်သည်။

(၂၀၁၉) ကလေးသူငယ်ဥပဒေ အရ အသက် ၁၈နှစ်အောက်ရှိသူကို ကလေးသူငယ်ဟု သတ်မှတ်သည်။ ပြစ်မှုဆိုင်ရာတာဝန်ယူမှု၌ ပြစ်မှုတစ်ခုဖြင့် စွပ်စွဲခံရချိန်တွင် အသက် ၁၈နှစ်ဖြစ်ပါက ကလေးသူငယ်ဟုတ် မှတ်ယူပြီး ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများနှင့် လုံခြုံဘေးကင်းရေး အစောင့်အရှောက်များကို ခံစားခွင့်ရှိသည်။

ပြစ်မှုဖြင်စွပ်စွဲခံရခြင်း၊ ပစ်ပယ်ခံရခြင်း သို့မဟုတ် မိဘများ၏ ထိန်းကွပ်မှအောက်တွင် မရှိသည့် အသက် ၁၈ နှစ်အောက် များကို စစ်ဆေးစီရင် သည့် အထူးတရားရုံး သို့မဟုတ် ဌာန ဖြစ်သည်။

အစိုးရမှ ပုံမှန်အားဖြင့် နှစ် ၃၀၊ ၆၀၊ ၉၀ ဖြင့် ငှားရမ်းသည့် မြေဖြစ်သည်။ ထိုငှားရမ်းသည့် ကာလ များကို သက်တမ်းတိုးနိုင်သည်။ လွှဲပြောင်းပေးနိုင်ပြီး အခွန်ဆောင် ရမည်။ အများပြည်သူ အကျိုးစီးပွား အတွက် လိုအပ်သည့်အခါ အစိုးရအနေဖြင့် ထိုမြေအား ငှားရမ်းထားသည့် ကာလအတွင်း ဖြစ်စေကာမူ ပြန်လည်သိမ်းယူနိုင်သည်။

ပြစ်မှုကျူးလွန်သည်ဟု စွပ်စွပ်ခံရသူ။

တိုင်ကြားစာ သို့မဟုတ် စွဲချက်တင်ရာတွင် မည်သည့် အမှုဖြင့် စွပ်စွဲခံထားရကြောင်း (စွဲချက် တင်ထားခံရကြောင်း) တိကျစွာ ညွှန်းဆိုထားချက်။

တရားစီရင်သော မှုခင်း ကိစ္စများ တွင် သက်သေအထောက်အထားကို ကျမ်းသစ္စာ ကျိန်ဆိုသည့် မည်သည့်တရားစီရင်ခြင်း မဆို ပါဝင်သည်။

ခြွင်းချက်ပြုထားသော အချက်များမှ တစ်ပါး တရားရုံးကို သိက္ခာကျစေရန်၊ မျှတသောတရားစီရင်ရေးကို နှောင့်ယှက်ရန် နှင့် တရားစီရင်ရေးအပေါ် အများပြည်သူ၏ ယုံကြည်မှု လျော့နည်းစေရန် ရည်ရွယ်ချက်ရှိရှိ နှုတ်ဖြင့်ဖြစ်စေ၊ အမူအရာဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ ထုတ်ဖော် ပြောဆိုခြင်း ဖြစ်သည်။ တရားရုံးမှ ဆုံးဖြတ်ချက်မချမီ ကြိုတင် ဝေဖန် ပြောဆိုခြင်း လည်းပါဝင်သည်။

ပထမသတင်းပေး တိုင်ကြားချက် တွင် တင်သွင်းရသည့် တရားလို မျက်မြင်သက်သေများ၏ အမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ တို့ပါဝင်သော စာရင်းဖြစ်သည်။

စွပ်စွဲခံထားရသော ပြစ်မှုတစ်ခု၏ စီရင်ချက်၊ ပြစ်ဒဏ် သို့မဟုတ် အခြားသော ဥပဒေဆိုင်ရာ လုပ်ထုံးများမှ ကင်းလွတ်ခွင့်။

ရဲအရာရှိထံ သို့မဟုတ် တရားသူကြီးထံ တိုက်ရိုက် မိမိ၏နစ်နာဆုံးရှုံးမှုများအတွက် အမှုဖွင့် တိုင်ကြားသော တစ်သီးပုဂ္ဂလနိုင်ငံသားကို ဆိုလိုသည်။ တိုင်ကြားသူသည် တရားရုံးတွင် မိမိအတွက် လိုက်ပါ ဆောင်ရွက်ပေးနိုင်ရန် ပုဂ္ဂလိကရှေ့နေ၊ ဥပဒေအထောက်အကူပေးသူ၊ အခမဲ့ရှေ့နေ တို့ကို ဌားရမ်းနိုင်ပါသည်။

နိုင်ငံအရေးပေါ်အခြေအနေ သို့မဟုတ် အရေးပေါ် အခွင့်အာဏာ ဆိုသည်မှာ သာမန်အချိန်တွင် လုပ်ပိုင်ခွင့်မရှိသော်လည်း အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံသားများ၏ လုံခြုံရေးနှင့် အကာအကွယ်အတွက် မူဝါဒများ ချမှတ်ခွင့် ရရှိခြင်း ဖြစ်သည်။

စွပ်စွဲခံရသူကို တရားစွဲဆိုရန် ရဲအရာရှိမှ ဦးစွာ အမှုဖြစ်စဉ်နှင့် သက်သေ အထောက်အထားများကို တရားရုံးသို့ တင်သွင်းသည့် မှတ်တမ်းဖြစ်သည်။ ပထမသတင်းပေးတိုင်ကြားချက်တွင် တိုင်ကြားစာ၊ ရဲစွဲချက်ပုံစံ နှင့် တရားလို၏ သက်သေစာရင်း စသည်တို့ပါဝင်သည်။ ရှာဖွေပုံစံ၊ အမှုဖြစ်ပွားရာနေရာပြ မြေပုံ နှင့် သက်သေခံပစ္စည်း ဓာတ်ပုံများ ပါဝင်တတ်သော်လည်း ဤအဆင့်တွင် တရားရုံးသို့ တင်ပြရန် မလိုသေးပါ။

လက်ရှိအမှုစစ်ဆေးနေသော တရားသူကြီး၏ ဆောင်ရွက်ချက်/ဆုံးဖြတ်ချက်သည် ဥပဒေအရ မှားယွင်းသည်ဟုယူဆပါက ထိုအတွက်ကုစားမှုရနိုင်ရန် အမှုစစ်ဆေးနေစဉ် ကာလအတွင်း အဆင့်မြင့် တရားရုံးသို့ အဆိုတင်သွင်းခြင်း ဖြစ်သည်။ ထိုပြင်ဆင်မှုကို အဆင့်မြင့်တရားရုံးမှ ဆုံးဖြတ်ခြင်းမပြုမီ မူလတရားရုံး၌ အမှုစစ်ဆေးခြင်းကို ရပ်နားထားခြင်းကြောင့် ကြန့်ကြာမှု ဖြစ်စေနိုင်သည်။

ရာဇဝတ်မှုစီရင်ခြင်း၏ နောက်ဆုံးအဆင့်တွင် တရားခံ၏ ပြစ်မှုထင်ရှား၍ တရားသူကြီးမှ ပြစ်ဒဏ်ပေးခြင်း။

ပြစ်မှုဆိုင်ရာ ဥပဒေ နှင့် မြန်မာနိုင်ငံရှိ ပြဌာန်းထားသော တည်ဆဲ ဥပဒေများတွင် တားမြစ်ထားပြီး ပြစ်ဒဏ်ပေးနိုင်သော အပြုအမူမျိုးကို ဆိုလိုသည်။

လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် ရရှိရန် ဖြည့်သွင်းရသော ပုံစံ ဖောင်။

“ပိုင်ရှင်၊ ဂရမ်ပိုင်သူ၊ မြေငှား” ၏ နာမည် နှင့် မြေကွက်၏ အဓိက အင်္ဂါရပ်များ ဖြစ်သည့် မြေပုံ၊ မြေအမျိုးအစား နှင့် မြေအခြေအနေ တို့ ပါဝင်သော ပုံစံ ဖောင်။

အမှုကျူးလွန်သည်ဟု သံသယရှိသူမည်သူကိုမဆို ရဲအရာရှိမှ စွဲချက်တင်နိုင်သည်။

အမှုဖြစ်ပွားသည်ကို ကိုယ်တိုင် မြင်ခဲ့သူ သို့မဟုတ် ကြားခဲ့သူ ကိုဆိုလိုသည်။ အမှု သို့မဟုတ် ခုခံချေပသူနှင့် ပတ်သက်ပြီး အရေးကြီးသည့် အချက်အလက်ကို သိရှိထားသူလည်း ဖြစ်သည်။

တရားရုံး၏ တရားဝင် အမိန့်မရဘဲ စွပ်စွဲခံရသူကို ၂၄ နာရီထက် ပိုပြီး ချုပ်နှောင်ထား၍ မရပါ။ ဤအခွင့်အရေးကို တရားသူကြီး မှ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းကို ဖမ်းဆီးပြီး ၂၄ နာရီအတွင်း ရမန်ကြားနာမှုတွင် ဆုံးဖြတ်ချက်ချသည်။

တစ်ကြိမ်တစ်ခါမျှ စိုက်ပျိုးထွန်ယက်ဖူးထားခြင်း မရှိသော သို့မဟုတ် ပိုင်ရှင်မှ စွန့်ပစ်ထားသော မြေကွက်လပ်ကို ဆိုလိုသည်။

တရားရုံး၏ တရားဝင် အမိန့်မရဘဲ စွပ်စွဲခံရသူကို ၂၄ နာရီထက် ပိုပြီး ချုပ်နှောင်ထား၍ မရပါ။ ဤအခွင့်အရေးကို တရားသူကြီး မှ ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်းကို ဖမ်းဆီးပြီး ၂၄ နာရီအတွင်း ရမန်ကြားနာမှုတွင် ဆုံးဖြတ်ချက်ချသည်။

ရှာဖွေနေစဉ် နေရာတစ်ခု သို့မဟုတ် လူတစ်ဦးထံမှ တွေ့ရှိခဲ့သော၊ သိမ်းဆည်းရရှိခဲ့သော ပစ္စည်း အားလုံးကို ဖမ်းဆီးခဲ့သည့် ရဲအရာရှိမှ စာရင်းပြုစုထားသော စာရွက်စာတမ်း။

ရာဇဝတ်ကျင့်ထုံးဥပဒေအရ ရဲမှ အမှုဖြစ်ပွားရာနေရာ သို့မဟုတ် လူတစ်ယောက်အား တရားဝင်ရှာဖွေမှုများ ပြုလုပ်ရာတွင် လိုအပ်သည့် မျက်မြင်သက်သေ။

တရားမဝင် ဖမ်းဆီးထိန်းသိမ်းခံရသောသူ လွတ်မြောက်ရေးအတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ တိုက်ရိုက် တိုင်တန်းစာ လျှောက်ထားနိုင်သည့် လုပ်ထုံးလုပ်နည်း ဖြစ်သည်။ နိုင်ငံအရေးပေါ် အခြေအနေ တွင်မူ ရပ်ဆိုင်းထားသည်။

အမှု၏ တာဝန်ရှိသူ ရဲအရာရှိမှ ပထမသတင်းပေးတိုင်ကြားချက် တွင် တင်သွင်းသော မှတ်တမ်း ပုံစံဖြစ်သည်။ စွပ်စွဲခံရသူ၊ စွဲချက်အမျိုးအစား၊ ဖမ်းဆီးသည့်နေ့ရက်၊ မှုခင်း အကျဉ်းချုပ် နှင့် အခြား အချက်အလက်များပါဝင်သည်။

ရဲအရာရှိမှ လူတစ်ဦးတစ်ယောက်ကို ဖမ်းဆီးရန်အတွက် ဝရမ်းလိုအပ်သော ပြစ်မှု။ ရဲအရေးပိုင်သောအမှု ကိုကြည့်ပါ။ အဖြစ်များသော ရဲအရေးပိုင်သောအမှုနှင့် ရဲအရေးမပိုင်သောအမှု များကို လေ့လာပါ။

ရဲအရာရှိတစ်ဦးက တည်ဆဲဥပဒေ တစ်ရပ် အရ လူတစ်ဦးကို ဝရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိသော ပြစ်မှု။ ရဲအရေးမပိုင်သောအမှု ကိုကြည့်ပါ။ အဖြစ်များသော ရဲအရေးပိုင်သောအမှုနှင့် ရဲအရေးမပိုင်သောအမှု များကို လေ့လာပါ။

မလိုအပ်သည့်၊ ယုတ္တိတန်သော အကြောင်းပြချက်မပေးနိုင်သည့် နှောင့်နှေးမှုများမရှိဘဲ တရားစီရင်ရေး တစ်လျှောက်လုံးကို လျင်မြန်စွာ ဆောင်ရွက်ပေးခြင်း ဖြစ်သည်။

သဘောတူညီချက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်ခြင်းပြုရန် ခြိမ်းခြောက်ခြင်း၊ သွေးဆောင်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ အလွဲ သုံးစားပြုလုပ်ခြင်းများ ဖြင့် လူအများကို သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ခိုလှုံခွင့်ပေးခြင်း၊ လက်ခံခြင်း အစရှိသည်တို့ကို ဆိုလိုသည်။

မြန်မာနိုင်ငံ တည်ဆဲဥပဒေများအရ သတ်မှတ်ထားသော အသက် ၁၆ နှစ် သို့မဟုတ် ၁၇နှစ် အရွယ်များ။

ထောင်ဒဏ် ၆ လထက် ပို၍ ကျခံရနိုင်ချေရှိသည့် ပြစ်မှုနှင့် သက်ဆိုင်သည့် အမှုဖြစ်သည်။ သမ္မန်မှု ကို ကြည့်ပါ။

အမှုနှင့် သက်ဆိုင်သည့် စွပ်စွဲချက်များကို တရားရုံး၌ အမှုစစ်ဆေးစဉ် တရားသူကြီးနှင့် ဂျူရီ တို့ထံ တရားဝင်တင်သွင်းသော မည်သည့် အထောက်အထား ကိုမဆို ဆိုလိုသည်။ ပညာရပ်နှင့်ဆိုင်သော ကိစ္စရပ်များ အတွက် ပညာရှင်များ အပါအဝင် မျက်မြင်သက်သေများ၏ နှုတ်ဖြင့် ထွက်ဆိုချက်၊ ပြည်သူ့မှတ်တမ်းများ၊ ပစ္စည်းများ၊ ဓာတ်ပုံများ နှင့် ရုံးရှေ့ ထွက်ဆိုချက်များ ပါဝင်သည်။

အလုပ်ရှင်နှင့် အလုပ်သမားကြား အငြင်းပွားမှုကြောင့် အလုပ်သမားများ ပူးပေါင်းပြီး ထုတ်လုပ်မှု သို့မဟုတ် ဝန်ဆောင်မှု ရန်တန့်၊ နှောင့်နှေးသွားစေရန် လုပ်ဆောင်ချက်။ အလုပ်ခွင် အန္တရာယ်ရှိမှုကြောင့် ဘေးကင်းစေရန် အလုပ်သမားများ မိမိတို့ အလုပ်ခွင်မှ ထွက်ခွာခြင်း မပါဝင်ပါ။

ထောင်ဒဏ် အများဆုံး ၆ လ အထိ ကျခံရနိုင်ချေရှိသည့် ပြစ်မှု သို့မဟုတ် ငွေဒဏ် ချမှတ်ခြင်းနှင့် သက်ဆိုင်သည့် အမှုဖြစ်သည်။ ဝရမ်းမှုကို ကြည့်ပါ။

နိုင်ငံတော် အစိုးရ သို့မဟုတ် တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်နေသော အဖွဲ့အစည်းများမှ တရားရုံးတွင် အမှုမစစ်ဆေးဘဲ ဖမ်းဆီးခံရသူကို အကျဉ်းချခြင်း ဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းသည် မြန်မာနိုင်ငံ နှင့် နိုင်ငံတကာ ရှိ ဥပဒေများကို သာမက လူ့အခွင့်အရေးကိုပါ ချိုးဖောက်ခြင်း ဖြစ်သည်။

သေးငယ်သောပြစ်မှုများ အား ပထမဦးဆုံးအကြိမ် ကျူးလွန်သူကို အခွင့်အရေးပေးသည့်အနေဖြင့် ရပ်ရွာအကျိုးပြုလုပ်ငန်းများတွင် ပါဝင်စေခြင်း၊ ထိခိုက်မှုအတွက် လျော်ကြေးပေးခြင်း သို့မဟုတ် ကုသမှုခံယူစေခြင်း တို့ လုပ်စေရန် ဖြစ်သည်။ ထိုသို့ လွှဲပြောင်းဆောင်ရွက်ခြင်း နည်းလမ်းများတွင် တရားခံအနေဖြင့် လိုက်ပါဆောင်ရွက်ပြီး တိုးတက်မှုရှိပါက စွပ်စွဲချက်များကို ရုပ်သိမ်းပေးမည် ဖြစ်သည်။

စာဖြင့် ဖြစ်စေ၊ နှုတ်ဖြင့် ဖြစ်စေ တရားရုံး သို့မဟုတ် တရားသူကြီးထံ လျှောက်ထားသူအား သနားညှာတာသော ပြဌာန်းချက် သို့မဟုတ် အမိန့်ပေးရန် လျှောက်ထားလွှာ။

တစ်စုံတစ်ယောက်အား အလိုမတူဘဲ အတင်းအကျပ် စေခိုင်းခြင်း ဖြစ်သည်။ အသက် ၁၈ နှစ်နှင့် ၁၈ နှစ် အထက် အရွယ်ရောက်ပြီးသူများကို ပြစ်မှုကြောင်းအရ အလုပ်ကြမ်း ပြစ်ဒဏ်ပေးခြင်း၊ နိုင်ငံတော်၏ အရေးပေါ် အခြေအနေများမှ တစ်ပါး အဓမ္မ ခိုင်းစေခြင်းကို တင်းကြပ်စွာတားမြစ်ထားပါသည်။

စီရင်ချက်ချပြီးနောက် သို့မဟုတ် အမှုပိတ်ပြီးနောက် အာဏာအဆင့်ပိုမြင့်သော တရားရုံးနောက်တစ်ခုထံ အဆိုပြုတင်သွင်းခြင်း။ စွပ်စွဲခံရသူ သို့မဟုတ် တရားလို မှ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်ဖြင့် ဖြစ်စေ တင်သွင်းနိုင်သည်။

အလုပ်ရှင်နှင့် အလုပ်သမား ကြား အငြင်းပွားမှု ဖြစ်ပွား သောကြောင့် အလုပ်ရှင်မှ လုပ်ငန်းခွင့်ကို ယာယီပိတ်သိမ်း ခြင်း။

ဖမ်းဆီးထိန်းသိမ်းခြင်းခံရသောသူ သည် တရားရုံးသို့ လာရောက်ရန် ပျက်ကွက်ပါက တန်ဖိုးရှိသော ပစ္စည်းတစ်ခုခုကို ပြစ်ဒဏ်အဖြစ် သိမ်းဆည်းမည့် စည်းကမ်းချက်ဖြင့် ထိုသူအား လွှတ်ပေးထားခြင်း ကိုဆိုလိုသည်။ အာမခံပေးနိုင်သောအမှု နှင့် အာမခံမပေးနိုင်သောအမှု ကို လေ့လာပါ။

အာမခံလျှောက်ထားရာတွင် တရားရုံးသို့ တင်သွင်းရသော ပစ္စည်း သို့မဟုတ် ပိုင်ဆိုင်မှုပြ စာရွက်စာတမ်း။

ထောင်ဒဏ် ၃နှစ် သို့မဟုတ် ၃နှစ်ထက် နည်းသောပြစ်ဒဏ်ကို ချမှတ်နိုင်သည့် ပြစ်မှုများတွင် ခုခံချေပသူ အနေဖြင့် အာမခံရပိုင်ခွင့်ရှိသည်။

စွပ်စွဲခံရသူ အတွက် အာမခံ လျှောက်ထားရန် လိုအပ်သော ခံဝန်ချက်လက်မှတ် သို့မဟုတ် အာမခံ ပစ္စည်း တင်သွင်းပေးသောသူ။

ထောင်ဒဏ် ၃ နှစ် ထက် ပြစ်ဒဏ်ချမှတ်နိုင်သော အမှုများတွင် အာမခံပေး၍မရပါ။ အာမခံမပေးနိုင်သောအမှုဖြင့် စွဲချက်တင်ခံရပါက ပြစ်မှုကျူးလွန်သည် ဟု ယူဆရသော အချက်များ လုံလောက်စွာရှိလျှင် စွပ်စွဲခံရသူသည် အာမခံဖြင့် မလွတ်မြောက်နိုင်ပါ။ သေဒဏ်ချမှတ်ခံရနိုင်သည့် အမှုဖြင့်စွဲချက်တင်ခံရစေကာမူ အမျိုးသမီး၊ အသက် ၁၆ နှစ်အောက်၊ မကျန်းမာသူနှင့် အိုမင်းမစွမ်း ဖြစ်ပါက ခြွင်းချက်အနေဖြင့် အာမခံ ရခွင့်ရှိသည်။

အန္တရာယ်ဖြစ်အောင် ထိခိုက်စေသည့် အပြုအမူများကို ဆိုလိုသည်။ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖမ်မှုများသာမက အခြားအန္တရာယ်ဖြစ်စေသည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်စေခြင်း နှင့် ငွေကြေးအရ မတရား အလွဲသုံးစားခြင်းတို့လည်း ပါဝင်သည်။

ရာဇဝတ်မှုများကို တရားရုံးသို့ တရားစွဲဆိုတင်ပို့ရန် တာဝန်ရှိသူ။ ရဲအရေး မပိုင်သော အမှုများ တွင် တိုင်ကြားသူမှ ငှားရမ်းသော ပုဂ္ဂလိက ရှေ့နေကိုလည်း ကြီးကြပ်သည်။

Exit mobile version